ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ပြည်ပနိုင်ငံ အကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့


Ministry of Information/ Naypyitaw / January 07, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၆

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယအတွက် ပြည်ပနိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ သမ္မတ အက်ဘ်ဒယ်လ်မက်ဂျစ် တက်ဘ်ဘွန်း ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခမ်းအနားကို ဆင်နွှဲကျင်းပနေချိန်တွင် မိမိအနေဖြင့် အဆွေတော်အား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျန်းမာပျော်ရွှင် ချမ်းမြေ့ပါစေကြောင်းနှင့် ရင်းနှီးခင်မင်ဖွယ်ကောင်းသည့် မြန်မာပြည်သူများ ဆက်လက်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြောကြားလိုပါသည်။ နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားအတွက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုကျယ်ပြန့်စွာ မြှင့်တင်သွားရန် မိမိတို့၏ အသင့်ရှိနေမှုကို ထပ်လောင်းပြောကြားလိုပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံသို့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက် ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေ ဖြင့် အဆွေတော်ထံသို့လည်းကောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ခင်မင်ရင်းနှီးဖွယ်ကောင်းသည့် ပြည်သူများထံသို့လည်းကောင်း လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း မိမိအနေဖြင့်ပြောကြားလိုပါသည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်ကာလရှည်ကြာ ထူထောင်ထားသည့် ချစ်ကြည်ရင်းနှီးမှုကို အလွန်တန်ဖိုးထားလျက်ရှိပါသည်။ နှစ်ပေါင်းများစွာကတည်းကပင် မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ကောင်းမွန်သည့့််ဆက်ဆံရေးကို ထူထောင်ထားရှိခဲ့ပြီး နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများတိုးတက်စေရန်အတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါသည်။ အဆိုပါအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးအတွက် အဆွေတော်နှင့် နီးကပ်စွာလက်တွဲ၍ နှစ်နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် ပိုမိုခိုင်မာစွာ ပူးပေါင်းဆောင်ရွက်သွားရန် ကတိကဝတ်ပြုပါသည်။

အဆွေတော် ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူများ ထာဝရငြိမ်းချမ်းပြီး သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် အဆွေတော်အား အစဉ်ချစ်ကြည်အလေးထားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ စီဖီ ဂါအိဗ်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် အယ်ဂျီးရီးယားအစိုးရ ကိုယ်စားလည်းကောင်း၊ မိမိအနေဖြင့်လည်းကောင်း အဆွေတော်အား လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ အဆွေတော်ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်းနှင့် ရင်းနှီးခင်မင်ဖွယ် ကောင်းသည့် မြန်မာပြည်သူများ ပိုမိုတိုးတက်သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ် ပါသည်။

အခွင့်အခါကြုံခိုက် နှစ်နိုင်ငံပြည်သူများ၏ အပြန်အလှန်အကျိုးစီးပွားအတွက် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေရန်နှင့် နယ်ပယ်ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် အဆွေတော်နှင့် အတူလက်တွဲ ဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်း ပြောကြားလိုပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ အယ်လ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး၊ ပြည်ပရောက်နိုင်ငံသားများနှင့် အာဖရိကရေးရာဝန်ကြီးဌာနဝန်ကြီး မစ္စတာ အာမက် အက်တက်ဖ်ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနေ့အခါသမယတွင် မိမိအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အဆွေတော် ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်းနှင့် မြန်မာနိုင်ငံ ပိုမိုဖွံ့ဖြိုးတိုးတက်သာယာဝပြောပါစေကြောင်း ပြောကြားလိုပါသည်။

အခွင့်အခါကြုံခိုက် နှစ်နိုင်ငံအပြန်အလှန်အကျိုးစီးပွားအတွက် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်အတွက် အဆွေတော်နှင့်အတူ လက်တွဲဆောင်ရွက်သွားရန် မိမိအနေဖြင့် အသင့်ရှိကြောင်း ဝမ်းမြောက်စွာပြောကြားလိုပါသည်။

အဆွေတော်အား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း ထံမှပေးပို့သည့် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် အဆွေတော်နှင့် ခင်မင်ရင်းနှီးဖွယ်ကောင်းသည့် မြန်မာပြည်သူများအား လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက် ပါကြောင်း ပြောကြားလိုပါသည်။

ကမ္ဘောဒီးယားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား တူညီသောယဉ်ကျေးမှုနှင့် ဘာသာရေးအမွေအနှစ်များအပေါ် အခြေခံသော ကာလရှည်ကြာစွာတည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးမှုသည် အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှုတို့ကြောင့် ပိုမိုခိုင်မာခဲ့ပါသည်။ ဒေသတွင်းနှင့် နိုင်ငံတကာတွင် နှစ်ဖက်အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို မြှင့်တင်ရာတွင် မိမိတို့၏ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းခိုင်မာလာစေရေးအတွက် မိမိအနေဖြင့် အဆွေတော်နှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိပါသည်။

Newspaper - 3404 items

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၃ ရက် ၊ ဇန်နဝါရီ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 05, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၄ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 01, 2026

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download