ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြား


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် မိမိအနေဖြင့် ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တခဲနက်လာရောက်ဆန္ဒမဲများ ပေးနေကြသည်ကို တွေ့မြင်ရပြီး လူငယ်လူရွယ်များ၊ လူလတ်ပိုင်းများလည်း အများအပြားပါဝင်ကြကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှုရှိသည်မှာ ကောင်းမွန်သည့် လက္ခဏာပင်ဖြစ်ကြောင်း၊ ထိုသို့ လိုက်လံကြည့်ရှုအားပေးစဉ် မန္တလေးမြို့အတွင်းရှိ လမ်းမကြီးများ၊ လမ်းသွယ်များနှင့် မြို့တွင်းသန့်ရှင်းသာယာလှပမှု ကောင်းမွန်လျက်ရှိသည်ကို တွေ့ရှိရပြီး စည်ပင်သာယာရေးဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းတာဝန်ကျေပွန်မှု၊ မြို့သူမြို့သားများ၏ စည်းကမ်းစနစ်တကျရှိမှုကြောင့်ဖြစ်သည်ကို ဝမ်းမြောက်အသိအမှတ်ပြုပါကြောင်း၊ ယခုရွေးကောက်ပွဲအပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၃) တို့ကို အောင်မြင်စွာ ကျင်းပပြီး စီးခဲ့ပြီဖြစ်သဖြင့် လာမည့်မတ်လကုန်တွင် အစိုးရသစ်တစ်ရပ်တက်လာမည်ဖြစ်ကြောင်း၊ အစိုးရသစ်တစ်ရပ်မဖွဲ့စည်းမီကြားကာလအတွင်း မန္တလေးမြို့အနေဖြင့် မြို့သာယာလှပရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ငလျင်ဘေးအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ကြားကာလ ၂ လတာအတွင်း ဆောင်ရွက်ပြီးစီးနိုင်မည့် မြို့သာယာလှပရေးလုပ်ငန်းများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်သွားရန်မှာကြားလိုကြောင်း၊ အဓိကလမ်းမကြီးများ၌ လမ်းလယ်မျဉ်းများဆွဲခြင်း၊ လမ်းညွှန်အမှတ်အသားများ အသစ်ပြန်လည်ပြုလုပ်ခြင်းတို့အပါအဝင် အချိန်တိုအတွင်းပြီးစီးနိုင်မည့် လုပ်ငန်းများကို ဖော်ဆောင်သွားရန်လိုကြောင်း၊ လမ်းလယ်ကျွန်းများ၊ ပလက်ဖောင်းများ၌ သဲ၊ မြေကြီးနှင့် အမှိုက်များဖုံးနေခြင်းများကိုလည်း ရှင်းလင်းသွားရန်လိုကြောင်း၊ လမ်းများသန့်ရှင်းရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေဖြင့်စနစ်တကျဆေးကြောခြင်း ဦးစွာဆောင်ရွက်ပြီးမှသာလျင် ဆေးသုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန်လိုကြောင်း၊ ပလက်ဖောင်းများ ပြုပြင်မွမ်းမံထိန်းသိမ်းခြင်း၊ ရေဝင်၊ ထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေး ထိန်းသိမ်းဆောင်ရွက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊

မန္တလေးမြို့အတွင်း လေထုညစ်ညမ်းမှုကိုလည်း စစ်ဆေးဆောင်ရွက်သွားရန်လိုပြီး ပြန်လည်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ကျောင်းများ၌ သန့်ရှင်းရေးဆောင်ရွက်ထားသည်မှာလည်း ကောင်းမွန်သည်ကို တွေ့မြင်ရသဖြင့် အသိ အမှတ်ပြုပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ စည်းကမ်းစနစ်တကျရှိမှုကို ပြသနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ ဆရာ၊ ဆရာမများ၏ သင်ကြားရေးစွမ်းရည်ကိုလည်း သင်တန်းများပေး၍ မြှင့်တင်ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနဖြေင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိအသုံးချနိုင်ရေးအတွက်လည်း ယဉ်ကျေးလိမ္မာသင်တန်း၊ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများအပြင် အခြားအကျိုးရှိစေမည့် နွေရာသီသင်တန်းများ ဖွင့်လှစ်ပေးနိုင်ရေးကြိုတင်စီမံထားရန်လိုကြောင်း၊

တပ်မတော်မှလည်း ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် (အခြေခံ) နှင့် (တန်းမြင့်) သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။

ပညာရေးတွင်လည်း ဆရာ၊ ဆရာမ များမွေးထုတ်ပေးလျက်ရှိသည့် ပညာရေးဒီဂရီကောလိပ်များကို ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း၊ ဘွဲ့အဆင့်သတ်မှတ်ချက်များ၊ ပညာရပ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်များ အလိုက်ခံစားခွင့်များ တိုးမြှင့်ရရှိနိုင်ရေးဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ပညာရေးကို မြှင့်တင်နိုင်ရေးအတွက် သင်ကြားရေးတာဝန်ထမ်းဆောင်နေကြသည့် ပညာရေးဝန်ထမ်းများကို ဦးစွာမြှင့်တင်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အများစုအားဖြင့် အစိုးရကျောင်းများကိုသာ အဓိကအားထားနေရခြင်းဖြစ်သဖြင့် ပညာရေးဝန်ထမ်းများ၏ စွမ်းရည်ကို မြှင့်တင်ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ အနာဂတ်တွင် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကို အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ပညာတတ်လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေလိုအပ်သည်ဖြစ်သောကြောင့် ပညာရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

မန္တလေးတိုင်းအနေဖြင့် ဆီထွက်သီးနှံအဓိကထွက်ရှိပြီး အထွက်နှုန်းများ တိုးမြှင့်ရရှိရေးအလေးထားဆောင်ရွက်သွားရန်လိုကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး တိုင်းပြည်စီးပွားရေးကောင်းမှသာ ဝယ်လိုအားနှင့် ရောင်းလိုအားများကောင်းလာမည်ဖြစ်ပြီး လည်ပတ်ရင်းနှီးငွေများပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကဖြစ်ထွန်းအောင်မြင်သည့် ဆီထွက်သီးနှံနှင့် ပဲသီးနှံတို့ကို ယခုထက်မည်ကဲ့သို့ ကောင်းမွန်အောင်ဆောင်ရွက်သွားမည်ကို ကော်မတီဖွဲ့စည်း၍ စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ စက်မှုဇုန်များ၌ MSME လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့လို့သာလျင် နိုင်ငံတော်၏စီးပွားရေးသည် အပေါင်းလက္ခဏာဘက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသက်ပင်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် အရည်အသွေးပြည့်မီသည့် ဈေးကွက်ဝင် MSME ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း။

မန္တလေးတိုင်းဒေသကြီးအနေဖြင့် အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှု၊ ဒေသခံများ၏ စည်းကမ်းစနစ်တကျရှိမှုနှင့် အလုပ်လုပ်ကိုင်လိုစိတ်ရှိမှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ များစွာကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်အသိအမှတ်ပြုပါကြောင်း၊ ယခုကဲ့သို့ ကောင်းမွန်သည့် အချက်အလက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်၍ နောင်တက်လာမည့်အစိုးရကို ကောင်းမွန်စွာ လက်ဆင့်ကမ်းနိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စက်မှုဇုန်အတွင်း ရာဘာထုတ်ကုန်များ ထုတ်လုပ်လျက်ရှိမှုနှင့် ပတ်သက်၍ တင်ပြဆွေးနွေးမှုအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များ ပြန်လည်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 3421 items

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၁၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download