ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၊ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ အိန္ဒိယနိုင်ငံ၊ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာ
Ministry of Information/ Naypyitaw / May 31, 2026
နေပြည်တော် မေ ၃၁
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် Greater Noida မြို့ရှိ NETRA (NTPC Energy Technology Research Alliance) သို့ သွားရောက်လေ့လာကြသည်။
ဦးစွာ နိုင်ငံတော်သမ္မတဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် NETRA (NTPC Energy Technology Research Alliance) သို့ ရောက်ရှိကြရာ ကုမ္ပဏီအကြီးအကဲ Mr. Gurdeep Singh နှင့် တာဝန်ရှိသူများက ခင်မင်ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ကုမ္ပဏီကွန်ဖရန့်ခန်းမ၌ နိုင်ငံတော်သမ္မတနှင့် ကုမ္ပဏီအကြီးအကဲတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။ ထို့နောက် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက NETRA (NTPC Energy Technology Research Alliance) ၏ လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် NETRA (NTPC Energy Technology Research Alliance) ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။ ယင်းနောက် ကုမ္ပဏီမှတာဝန်ရှိသူတစ်ဦးက ကာဗွန်ထုတ်လုပ်မှု သုညအဆင့်အထိ လျှော့ချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စွမ်းအင်ကူးပြောင်းမှုဆိုင်ရာ စီမံချက်နှင့်ကိုက်ညီသော NETRA ၏ လုပ်ဆောင်မှုများ၊ NTPC သည် ၎င်း၏ CCUS နည်းပညာကို ပိုမိုကြီးမားသောအတိုင်းအတာဖြင့် တိုးမြှင့်အကောင်အထည်ဖော်ရန် NTPC Pudimadaka တွင်စတင်ဆောင်ရွက်နေမှု၊ ဂရင်းဟိုက်ဒရိုဂျင်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကြာရှည်ခံစွမ်းအင် သိုလှောင်မှုစနစ်၊ ရေ/ ရေအရင်းအမြစ်နည်းပညာများ၊ နေရောင်ခြည်စွမ်းအင်သုံးစနစ်၊ အဆင့်မြင့်သိပ္ပံနည်းကျ စွမ်းအင်ထုတ်လုပ်မှု၊ NETRA (NTPC Energy Technology Research Alliance) ၏ ITEC စွမ်းရည်တိုးတက်ရေးအစီအစဉ်များမှ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် အဆင့်မြင့်သိပ္ပံနည်းကျ စွမ်းအင်အမျိုးမျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် CO2 Based Closed Brayton Cycle Energy Storage System Plasma Gasification based Green Hydrogen Generation from MSW-RDF/ Agri-waste 10 TPD Flue Gas-Co₂ To Methanol Plant (FG-CTM) ပုံစံငယ်များအား ကြည့်ရှုလေ့လာရာ ကုမ္ပဏီအကြီးအကဲနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ကုမ္ပဏီသို့ ရောက်ရှိလေ့လာမှု အထိမ်းအမှတ်အဖြစ် အထိမ်းအမှတ်သစ်ပင်အား စိုက်ပျိုးပေးသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် NETRA (NTPC Energy Technology Research Alliance) ကုမ္ပဏီအကြီးအကဲနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် NTPC ရှိ NET zero စွမ်းအင်ထုတ်လုပ်မှု အဆင့်ဆင့်လုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက နေရောင်ခြည်စွမ်းအင်၊ ဘက်ထရီသိုလှောင်မှုစနစ်၊ ဟိုက်ဒရိုဂျင် အခြေခံစွမ်းအင်ထုတ်လုပ်မှုစနစ်၊ မြူနီစပယ်အမှိုက်စွန့်အမှိုက်များမှ ဓာတ်အားထုတ်ယူမှုများကို အဆင့်အလိုက် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို စိတ်ပါဝင်စားစွာဖြင့် ပြန်လည်မေးမြန်းဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ NETRA (NTPC Energy Technology Research Alliance) သည် အိန္ဒိယနိုင်ငံတွင် အကြီးဆုံး စွမ်းအင်ကုမ္ပဏီလုပ်ငန်းစုကြီးဖြစ်သော NPC Limited ၏ လုပ်ငန်းခွဲတစ်ခုဖြစ်ပြီး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို အဓိကလုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ NETRA ကုမ္ပဏီသည် စွမ်းအင်ကဏ္ဍအတွက် နောက်ဆုံးပေါ် ရှေရှည်တည်တံ့ပြီး စီးပွားရေးအရ တွက်ခြေကိုက်သော နည်းပညာများ တီထွင်ဖန်တီးရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းတို့၏ အဓိကဦးစားပေး လုပ်ငန်းနယ်ပယ်များမှာ ထိရောက်မှုမြှင့်တင်ရေးနှင့် ကုန်ကျစရိတ်လျှော့ချရေး၊ စွမ်းအင်သစ်များနှင့် ပြန်လည်ပြည့်ဖြိုးမြဲဖြစ်သော စွမ်းအင်၊ ရာသီဥတုပြောင်းလဲမှုနှင့် ရေထိန်းသိမ်းရေး၊ ပြာအသုံးချမှု ကာဗွန်ဖမ်းယူမှုနှင့် အသုံးပြုမှုနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုတို့အပါအဝင် ပတ်ဝန်းကျင်ကာကွယ်ရေးတို့ပါဝင်ကြောင်း၊ NETRA သည် သုတေသနအပြင် ဓာတ်အားပေးစက်ရုံများနှင့် အခြားပြည်သူ့ဝန်ဆောင်မှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3543 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
