ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း ပါဝင်မည်
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း ပါဝင်မည်
Ministry of Information/ Naypyitaw / February 02, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) တွင် MSME လုပ်ငန်းရှင်များအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်း (Business Matching Hall) ပါဝင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
“အဓိကကတော့ နိုင်ငံတော်က MSME လုပ်ငန်းရှင်တွေကို ပြည်တွင်းပြည်ပဈေးကွက်အခွင့်အလမ်းတွေရရှိစေဖို့ ရည်ရွယ်တာပါ။ ဒီပြပွဲနဲ့အတူ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှု၊ ပြည်ပဈေးကွက်ချိတ်ဆက်မှု၊ ရင်းနှီးမတည်ငွေရရှိရေးအတွက် ချိတ်ဆက်မှုအပြင် သက်ဆိုင်ရာအစိုးရဌာနတွေကနေ သတင်းအချက်အလက်တွေကို မျှဝေပေးမယ့်အစီအစဉ်တွေ ပါဝင်ပါတယ်။ ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအနေနဲ့ MSME လုပ်ငန်းတွေက ထုတ်လုပ်ထားတဲ့ ထုတ်ကုန် ပစ္စည်းတွေကို ပြည်တွင်းမှာရှိတဲ့ Modern စတိုးတွေ၊ လက်လီ/လက်ကားဆိုင်တွေဖြစ်တဲ့ City Mart၊ AERON၊ Makro၊ G and G စတဲ့ဆိုင်တွေမှာ ရောင်းချနိုင်ရေးအတွက် လုပ်ငန်းစီးပွားချိတ်ဆက်မှုပြခန်းကနေတစ်ဆင့် မျက်နှာချင်းဆိုင်တွေ့ဆုံပေးသွားမှာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။
MSME လုပ်ငန်းရှင်များအနေဖြင့် ပြပွဲမှတစ်ဆင့် ပို့ကုန်/ သွင်းကုန်လုပ်ငန်းရှင်တစ်ဦး ဖြစ်စေမည့် လုပ်ငန်းစဉ်များ၊ သီလဝါ SEZ ၏ Promotion Zone အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်များ၊ လက်လီ/လက်ကားရောင်းချသူများနှင့် အချင်းချင်း ချိတ်ဆက်နိုင်မည့် လုပ်ငန်းစဉ်များ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အချိတ်အဆက်များ ရရှိစေရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့အတူ ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့တွင် ဝန်ကြီးဌာနကိုးခုက MSME လုပ်ငန်းရှင်များအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာလုပ်ငန်းရှင်များ ပြည်ပ ဈေးကွက်ဝင်ရောက်နိုင်ရေးလိုအပ်သည့် Certificate ရရှိရေးနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတကာကုန်စည် ပြပွဲများတွင် MSME ထုတ်ကုန်များစွာ ပါဝင်ပြသနိုင်ရေးနှင့် Online E-Commerce Platform မှတစ်ဆင့် MSME ထုတ်ကုန်များကို နိုင်ငံတကာဝယ်လက်များသို့ တိုက်ရိုက်ချိတ်ဆက် ဝယ်ယူနိုင်ရေးကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ပြပွဲအတွင်း ပြည်ပဈေးကွက်ချိတ်ဆက်မှုအနေဖြင့် MSME လုပ်ငန်းရှင်များက ပြည်ပသို့ တင်ပို့မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမတည်ငွေရရှိရေး၊ စီးပွားရေး သံမှူးများနှင့်ချိတ်ဆက်၍ အသိပညာမျှဝေပေးနိုင်ရန်အတွက်လည်းကောင်း၊ ရင်းနှီးမတည်ငွေရရှိရေး ချိတ်ဆက်မှုအနေဖြင့် ပုဂ္ဂလိကဘဏ်များမှ ဘဏ်ချေးငွေရရှိရေး၊ ဘဏ်များ၏ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များ ရရှိနိုင်ရန်အတွက်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပို့ကုန်/သွင်းကုန် လုပ်ငန်းရှင်ဖြစ်လိုသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ဆောင်ရွက်နိုင်ရေးအတွက် ပြပွဲကာလအတွင်း လုပ်ငန်း/စီးပွား ချိတ်ဆက်မှုပြခန်းတွင် သက်ဆိုင်ရာကဏ္ဍအလိုက် လာရောက်လေ့လာခြင်း၊ ဆွေးနွေးခြင်းဆောင်ရွက်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာ ထားသည်။
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကို နေပြည်တော်ရင်ပြင်၌ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3539 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
