ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Ministry of Information/ Naypyitaw / May 20, 2026
image_latest


နေပြည်တော် မေ ၁၉

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ပြည်သူ့လွှတ်တော်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲအားပေးထောက်ခံခဲ့ပါကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးနောက် ပထမဆုံး လာရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်များကိုလည်း ကျေးဇူးတင်အသိအမှတ်ပြုလျက်ရှိပါကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ထောင်ရေးလုပ်ငန်းများကို ထောက်ခံပါကြောင်း၊ တရုတ်- မြန်မာနှစ်နိုင်ငံ လွှတ်တော်အချင်းချင်း ပိုမိုရင်းနှီးနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မိမိတို့လွှတ်တော်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမှတစ်ဆင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်(၃)ရပ်ပေါ်ထွက်လာခဲ့ပြီး မိမိအနေဖြင့် ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်တွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရပါကြောင်း၊ လွှတ်တော်သည် သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးမှ ပြည်သူတို့၏ဆန္ဒနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသော နေရာတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် အဓိကတာဝန်ကြီး (၄)ရပ်ရှိပြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒုတိယသမ္မတများကို ရွေးချယ်ပေးရခြင်း၊ ဥပဒေပြုရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရခြင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေးတို့အတွက် မဏ္ဍိုင်ကြီး (၃)ရပ်အကြားအချင်းချင်း အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတော်အစိုးရ၏မူဝါဒများကို ပြည်သူများ နားလည်ပူးပေါင်းဆောင်ရွက်နိုင်စေရန် ပြည်သူကိုကိုယ်စားပြု၍ ကြားခံဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်ရပါကြောင်း။

အဆိုပါ လွှတ်တော်ကို အားဖြည့်ဆောင်ရွက်ပေးသည့် အမြဲတမ်းကော်မတီ(၄)ရပ်ရှိပါကြောင်းနှင့် လာမည့်လွှတ်တော်ကာလတွင်လည်း ယာယီကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လိုအပ်ပါကလည်း ကော်မရှင်နှင့်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထုအတွက် ရက်(၁၀၀) စီမံကိန်းချမှတ်၍ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မိမိတို့လွှတ်တော်အနေဖြင့်လည်း လိုအပ်သည့်နေရာမှ ပေါင်းစပ်ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ထိထိရောက်ရောက်တားဆီးနှိမ်နင်းနိုင်ရေးအတွက် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းရေးဆွဲ၍ ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်အနေဖြင့်လည်း ယခုကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေးတွင် အဆိုပါ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေမူကြမ်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုနှစ်တွင် စတင်မည့် (၁၅) ကြိမ်မြောက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်း ၅ နှစ် စီမံကိန်း(၂၀၂၆-၂၀၃၀)နှင့်အညီ ပူးပေါင်းဆောင်ရွက် မှုများတိုးမြှင့်ပြီး တရုတ် - မြန်မာနှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် အစဉ်အမြဲအားပေးထောက်ခံခဲ့ပါကြောင်း၊ ယခုရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ပေါက်လာသည့် လွှတ်တော်များကို တရုတ်ပြည်သူ့အမျိုးသားကွန်ဂရက်မှ ဦးစွာဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့၍ ထောက်ခံခဲ့ပါကြောင်း၊ ဆက်လက်ပြီး နှစ်နိုင်ငံလွှတ်တော်များအကြား ဆက်ဆံရေးပိုမို နက်ရှိုင်းစွာတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

Newspaper - 3531 items

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download