ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် စာတမ်းဖတ်ပွဲများ တက်ရောက်အားပေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မြန်မာနိုင်ငံ “စီးပွားရေးပညာနှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် စာတမ်းဖတ်ပွဲများ တက်ရောက်အားပေး
Ministry of Information/ Naypyitaw / November 29, 2024
နေပြည်တော် နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်းအစီအစဉ်များအဖြစ် Parallel Session (၃)ခုဖြင့် စာတမ်းဖတ်ပွဲများကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အားပေးသည်။
Parallel Session I တွင် “မြန်မာနိုင်ငံ၏ စီးပွားရေးပညာ နှစ် (၁၀၀) ခရီး - ယခင်၊ ယခုနှင့် အနာဂတ်စီးပွားရေးအလားအလာ” ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ရှစ်ဦးတို့က မြန်မာ နိုင်ငံတွင် စီးပွားရေးပညာ နှစ် ၁၀၀ အတွင်း ဖွံ့ဖြိုးမှု၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မူဝါဒချမှတ်သူများအတွက် စိန်ခေါ်မှုများနှင့်အခွင့်အလမ်းများ၊ ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ်လေ့လာ သုံးသပ်ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု၊ ကိုလိုနီခေတ်မှ ပါလီမန်ခေတ်အထိ ဆောင်ရွက် ခဲ့သော မြန်မာ့သမဝါယမစီမံကိန်း (၃) ခုကို လေ့လာခြင်း၊ နိုင်ငံ တကာစံများနှင့်အညီ စာရင်းစစ်ဆေးခြင်း၏ အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ၏ အစိမ်းရောင်စီးပွားရေး ဖော်ဆောင်နိုင်မည့်အလားအလာ၊ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး လူမှုရင်းနှီးမြှုပ်နှံပေးခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က သဘာပတိအဖြစ်လည်းကောင်း။
Parallel Session II တွင် “မျက်မှောက်ခေတ် ကမ္ဘာ့စီးပွား ရေးအလားအလာနှင့် စိန်ခေါ်မှု များ” ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၁၁ ဦးတို့က “ပထဝီ နိုင်ငံရေးအားပြိုင်မှု၊ မိတ်ဖက်နိုင်ငံရေးနှင့် စီးပွားရေးစိန်ခေါ်မှုများကို နိုင်ငံရေးဘောဂဗေဒ ချဉ်းကပ်မှုဖြင့် ရင်ဆိုင်ကျော်လွှားခြင်း၊ ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန် ချဉ်းကပ်မှုနည်းလမ်းသစ်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီများနှင့် မြန်မာနိုင်ငံပေါ် အကျိုးသက်ရောက်မှုများကို လေ့လာ ဆန်းစစ်ခြင်း၊ မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအလားအလာနှင့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားနှင့် သက်ဆိုင်သည့်အပိုင်း၊ ပတ်လည်စီးပွားရေးနှင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု၊ ရေရှည်တည်တံ့သည့် စွမ်းအင်အရင်းအမြစ်များ လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအပေါ် သက်ရောက်သည့် မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှု လိုအပ်ချက်၊ မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေးအလားအလာနှင့် စိန်ခေါ်မှုများ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း (AEC) အလားအလာနှင့် စိန်ခေါ်မှုများ၊ စာရင်းလုပ်ငန်း ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများနှင့် နောင်အနာဂတ်တွင် ပိုမိုတိုးတက်စေရေးအစီအမံများ၊ The Global Economic Landscape and Economic Opportunities and Challenges in Myanmar ၊ အသေးစား၊ အလတ်စား စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံဖွံ့ဖြိုးမှု ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က သဘာပတိအဖြစ်လည်းကောင်း။
Parallel Session III တွင် “နိုင်ငံ၏ဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံ၏ အခန်းကဏ္ဍ” ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ခုနစ်ဦးတို့က မြန်မာနိုင်ငံတွင် ဘက်စုံပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးအခြေခံအဆောက်အအုံနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အငှားအိမ်ရာစီမံကိန်းများက ဝင်ငွေနည်း ပြည်သူများ၏ လူမှုစီးပွားရေးကို မြှင့်တင်ပေးနိုင်မှုနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မှုဆန်းစစ်ချက်စာတမ်း၊ နိုင်ငံ၏ ဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံ၏ အခန်းကဏ္ဍ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွင် မြို့ပြအကျိုးပြု ဘူမိဗေဒ မြေပုံရေးဆွဲခြင်း၏အကျိုးကျေးဇူး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုအခြေအနေကို စိစစ်လေ့လာခြင်း (၂၀၁၃-၂၀၂၃)၊ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် Logistics အခန်းကဏ္ဍမှ အထောက်အကူပြုစွမ်းဆောင်နိုင်မှုအခြေအနေအား ဆန်းစစ်လေ့လာခြင်းခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဒုတိယနေ့စာတမ်းဖတ်ပွဲများအား နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းနှင့် မူဝါဒဆိုင်ရာ စုံညီစာတမ်းဖတ်ပွဲကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 2996 items
၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 29, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ နိုဝင်ဘာ ၂၁ ရက်၊ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ နိုဝင်ဘာ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ နိုဝင်ဘာ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download