ပြိုင်ပွဲတွေမှာ လူငယ်ကစားသမားတွေရဲ့ တိုးတက်မှုကို မြင်ရတဲ့အတွက် မြန်မာ့အားကစားလောက ပြန်လည်တိုးတက်လာဖို့ မျှော်မှန်းပါတယ် (ဦးတင့်ဝေ(လက်ထောက်ညွှန်ကြားရေးမှူး))
ပြိုင်ပွဲတွေမှာ လူငယ်ကစားသမားတွေရဲ့ တိုးတက်မှုကို မြင်ရတဲ့အတွက် မြန်မာ့အားကစားလောက ပြန်လည်တိုးတက်လာဖို့ မျှော်မှန်းပါတယ် (ဦးတင့်ဝေ(လက်ထောက်ညွှန်ကြားရေးမှူး))
Ministry of Information/ Naypyitaw / December 19, 2024

နေပြည်တော် ဒီဇင်ဘာ ၁၈
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ဆက်လက်ကျင်းပလျက်ရှိရာ ပြိုင်ပွဲအသီးသီးမှ အားကစားသမားများ၊ ကြီးကြပ်သူများ၊ နည်းပြများနှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်မှ အချို့အားကောက်နုတ်ဖော်ပြလိုက်ရပါသည်။
မစာဥ(မန္တလေးတိုင်းဒေသကြီး) ရွှေတံဆိပ်ဆုရ အသင်းခေါင်းဆောင် (ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ)
ကျွန်မတို့မန္တလေးတိုင်းဒေသကြီးက တတိယမြောက်ရွှေဆုကို သိမ်းပိုက်လိုက်နိုင်ပါပြီ။ ဒါကကျွန်မတစ်ယောက်တည်း ကောင်းလို့ရတဲ့ဆုမဟုတ်ပါဘူး။ ကျွန်မတို့တစ်ဖွဲ့လုံးရဲ့ ကြိုးစားမှုရလဒ်ဖြစ်ပါတယ်။ ကျွန်မကခြင်းလုံးကို အသက် ၁၀ နှစ်မှာ စသင်ပါတယ်။ ၁၄ နှစ်မှာ ပြည်နယ်နဲ့တိုင်းဒေသကြီးပွဲတွေ ဝင်ကစားနိုင်ခဲ့ပြီ။ အခုအချိန်မှာတော့ ခြင်းလုံးက ကျွန်မဘဝလို့ ပြောရင်တောင်မမှားတော့ဘူး။ ခြင်းလုံးနဲ့ကတစ်သားတည်းပါပဲ။ ခြင်းလုံးလောကရောက်ပြီး ပြည်နယ်၊ တိုင်းပွဲ ၂၀၀၇ ခုနှစ်မှာ အကောင်းဆုံးကစားသမားဆုရရှိခဲ့ပါတယ်။ ၂၀၁၃ ဆီးဂိမ်းမှာ မြန်မာ့လက်ရွေးစင်ဖြစ်ပြီး ရွှေဆုနှစ်ခုဆွတ်ခူးထားခဲ့တယ်။ ၂၀၂၂ ခုနှစ်မှာ ရိုးရာခြင်းအမျိုးသမီးခတ်သူ နည်းပါးလာတဲ့အတွက် ကျွန်မတို့ကို ပြည်နယ်နဲ့တိုင်းဒေသကြီးပွဲ ပြန်ကစားခွင့်ရခဲ့ပြီး အဲဒီနှစ်ကစလို့ မန္တလေးအတွက် ရွှေဆုယူလာပေးခဲ့တာ သုံးကြိမ်မြောက်ခဲ့ပြီပေါ့။ နိုင်ငံတိုင်းမှာ ရိုးရာအားကစားရှိသလို ကျွန်မတို့နိုင်ငံမှာလည်း မြန်မာ့သိုင်းနဲ့ ခြင်းလုံးရှိပြီးသားကို ထိန်းသိမ်းပါ၊ စောင့်ရှောက်ပေးပါ။ အလှခတ်တဲ့သူတွေဆိုရင်လည်း ဖိုင်ဘာခြင်းလုံးကို ဆေးဖြူသုတ်ပြီးရိုးရာခြင်းဆိုပြီး ခတ်နေကြတာ ကျွန်မကတော့ သိပ်မကြိုက်ဘူး။ ကျွန်မက တစ်ပင်တိုင် အလှပြခတ်လည်းကြိမ်ခြင်း၊ ပြိုင်ပွဲခတ်လည်း ကြိမ်ခြင်း၊ ဆီးဂိမ်းမှာလည်း ကြိမ်ခြင်းကိုပဲသုံးပါတယ်။ ဒါက ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ကိုယ်ပိုင်အားကစားကို ထိန်းသိမ်းခြင်းပါပဲ။
ထက်ဝေယံထွန်း(ခ)အားဖူ (ရွှေတံဆိပ်ဆုရ ရှမ်းပြည်နယ်ပြိုင်ပွဲဝင်) စနူကာ 15 balls နှစ်ယောက်တွဲပြိုင်ပွဲ
ကျွန်တော်တို့ 15 red double မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆုရယူနိုင်ခဲ့ပါတယ်။ ဒီနေ့ပြိုင်ပွဲမှာ ကျွန်တော် တစ်ယောက်တည်း ကောင်းလို့မဟုတ်ဘဲ ကျွန်တော့်အသင်းဖော်နဲ့ တိုင်တိုင်ပင်ပင် စည်းစည်းလုံးလုံးနဲ့ ယှဉ်ပြိုင်နိုင်ခဲ့တဲ့အတွက် အနိုင်ရရှိခဲ့တာပါ။ ပြိုင်ပွဲကတော့ ပထမဆုံးပြိုင်ဖူးတဲ့ပြိုင်ပွဲပါ။ စနူကာကစားသမားကောင်းဖြစ်ဖို့ ထိပ်ဆုံးကလေ့ကျင့်မှုပြည့်ဝနေရမယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရမယ်၊ ပြိုင်ဘက် ကစားသမားတွေကတော့ ကျွန်တော်တို့ထက် အများကြီးစီနီယာကျတဲ့ ကစားသမားကောင်းတွေပါ။ ကျွန်တော်တို့လည်း အားမလျှော့တဲ့ စိတ်ဓာတ်နဲ့ကြိုးစားခဲ့လို့ အောင်မြင်မှုရခဲ့တာပါ။
မောင်ဟိန်းထက်မင်း (စစ်ကိုင်းတိုင်းဒေသကြီး) ဝူရှူးထောက်လု (ကျန့်စု)ပြိုင်ပွဲ
ကျွန်တော်က မန္တလေးအားကစားနဲ့ ကာယပညာသိပ္ပံကပါ။ ကျွန်တော်တို့လို ပြိုင်ပွဲမဝင်ဖူးသေးတဲ့ သူတွေအတွက် အခုလိုပြိုင်ပွဲတွေ ကျင်းပပေးလို့ကျေးဇူးတင်ပါတယ်။ ဒီအားကစားနဲ့ပတ်သက်ပြီး မြို့နယ်အဆင့်တွေမှာတော့ ငွေရခဲ့ဖူးတယ်။ ထောက်လု(ကျန့်စု)က ဓားနဲ့ကစားရတာဆိုတော့ လေ့ကျင့်တဲ့အချိန်မှာလည်း နည်းနည်းပိုသတိထားရပါတယ်။ ဘဝမှာရွေးချယ်ခွင့်ရှိရင် ကျွန်တော်က ပညာတတ်အားကစားသမားကောင်းတစ်ဦး ဖြစ်ချင်ပါတယ်။
ဦးတင်နု (နည်းပြချုပ်၊ မကွေးတိုင်းဒေသကြီး၊ အလေးမအဖွဲ့)
ဆရာက ၁၉၆၄ ခုနှစ်မှာ အလေးမကစားခဲ့ပြီးတော့ ၁၉၇၄ ခုနှစ်မှာ အနားယူပြီးတော့ နည်းပြလုပ်ခဲ့တာပါ။ တိုင်းအဆင့်မှာ တံခွန်စိုက်ဆုယူပြီးတော့ ပေါင်မှာအကြောထိခိုက်တာနဲ့ အနားယူလိုက်ရတာပါ။ အခုအသက် ၇၉ နှစ်၊ နည်းပြသက်တမ်းက နှစ် ၅၀ လောက်ရှိပြီ။ အခုကတော့ အလေးမအားကစားအဖွဲ့ရဲ့ နည်းပြချုပ်တာဝန်ယူထားပါတယ်။ ဒီနေ့တပည့်သန်းမျိုးထွန်းက ရွှေတံဆိပ်ဆုရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာတာကတော့ ပြောမပြတတ်အောင်ပါပဲ။ ၁၉၉၂ အမျိုးသားအားကစားပွဲတော်ကတည်းက ခုထိတောက်လျှောက်နည်းပြလုပ်ခဲ့တာ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီးအဆင့် အလေးမတံခွန်စိုက်ဆုဖလား သုံးနှစ်ဆက်တိုက်ယူပေးထားပါတယ်။ အခုလိုမျိုး ပြည်နယ်နဲ့ တိုင်းဒေသကြီးပွဲတွေ၊ အမျိုးသားအားကစားပွဲတွေ၊ အခြားအားကစားပွဲတော်တွေ အများကြီးလုပ်ပေးတာ ကျေးဇူးတင်တယ်။ အခုခေတ်က နည်းစနစ်ပိုင်းကအစ တိုးတက်မှုတွေများတယ်။ ဒါပေမယ့် တကယ့်အားကစားသမားတွေကြားမှာ အားကစားစိတ်ဓာတ်ထားပုံကျကွာတယ်။ ဒါကြောင့် ခုမျိုးဆက်သစ်ကလေးတွေကိုမှာချင်တာက ကစားဖော်တွေအားလုံးကြားမှာ ပြိုင်ဘက်လို သဘောမထားဘဲ ညီအစ်ကိုတွေလိုပဲ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေစေချင်တယ်။ အဓိကကတော့အလေးမမှာ ကိုယ်မနေကျစံချိန်ကိုရရင်မရှုံးဘူး။ ကိုယ်ပြိုင်ပွဲမှာ ဆုမရရင်တောင် ကိုယ်ရထားတဲ့စံချိန်ကို ပြန်ရရင် ကိုယ့်အတွက်ကမရှုံးဘူး။ ဒါကြောင့် ကိုယ်ရထားပြီးသား စံချိန်ကိုထိန်းထားနိုင်ရင် ဘယ်တော့မှမရှုံးဘူး။ အလေးမကစားသမားကောင်းဖြစ်ဖို့ဆို နည်းပြဆရာလိုတယ်၊ အအိပ်၊ အစား၊ အနေအထိုင်စနစ်တကျနဲ့ စံချိန်ကိုထိန်းပြီး အချိန်မှန်မှန်လေ့ကျင့်ရင် ကစားသမားကောင်းဖြစ်မှာပါ။
ဦးသန်းဝင်း (နည်းပြ၊ မန္တလေးရိုးရာခြင်း အမျိုးသမီးအသင်း) ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲ
ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးအသင်းက အမျိုးသမီးရိုးရာခြင်းပြိုင်ပွဲမှာ ပထမရတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီး ပြိုင်ပွဲတွေမှာ အခုနှစ်ဗိုလ်စွဲတာနဲ့ဆိုရင် သုံးနှစ်တိတိရွှေရခဲ့ပါပြီ။ ရရှိတဲ့ပထမဆုနဲ့ ထိုက်တန်အောင် အများကြီးလေ့ကျင့်ခဲ့ရပါတယ်။ ကလေးတွေကို ဗထူးမိုးလုံလေလုံကွင်းမှာ နှစ်လတိတိ ကန့်ဝင်ပြီး အပြင်းအထန်လေ့ကျင့်ပေးတယ်။ အခြားအသင်းတွေနဲ့ အမှတ် ၉၀-၁၀၀ အထိပြတ်ခဲ့တယ်။ မနေ့ကပွဲမှာဆိုရင် အမှတ် ၁၂၀ လောက်အထိ အပြတ်အသတ်ကစားနိုင်ခဲ့တယ်။ အခုလို ဆုရတာက ကျွန်တော်တို့ တိုင်းရဲ့တာဝန်ရှိသူတွေရဲ့ ဂရုစိုက်စောင့်ရှောက်မှု၊ ပံ့ပိုးမှုတွေကြောင့်ဆိုရင်လည်း မမှားပါဘူး။ အခုလို ရွှေသုံးနှစ်ဆက်တိုက်ဆွတ်ခူးခဲ့တာကို အားရကျေနပ်မှုရှိပါတယ်။
ဦးတင့်ဝေ (လက်ထောက်ညွှန်ကြားရေးမှူး) အုပ်ချုပ်သူ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဘော်လီဘောအသင်း
ဆီမီးဖိုင်နယ်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့နှစ်သင်းစလုံးက ကစားသမားကောင်းတွေပါဝင်တဲ့အတွက် ယှဉ်ပြိုင်မှု အားကောင်းတယ်။ ကျွန်တော်တို့ အား/ကာလူငယ်ရေး အသင်းအနေနဲ့လည်း ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တဲ့အတွက် ကျေနပ်ပါတယ်။ ပြည်ထဲရေးအသင်းကလည်း တော်တော်ကောင်းတဲ့ အသင်းတစ်သင်းဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစား ယှဉ်ပြိုင်သွားဖို့ကစားသမားတွေကို မှာထားပါတယ်။ ဗိုလ်လုပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတစ်ပွဲဖြစ်မှာပါ။ ကစားသမားစုဖွဲ့မှုတော့ ကျွန်တော်တို့အသင်းမှာ လက်ရွေးစင်ကစားသမားဟောင်းတွေနဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ဆုတံဆိပ်တွေရရှိထားတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတာဖြစ်တယ်။ ဒီနှစ်ကျင်းပတဲ့ အားကစားပွဲတော်ကြီးက တော်တော်အားရစရာပါ။ တခြားကစားနည်းတွေမှာ ဆီးဂိမ်းစံချိန်တွေကိုတောင် ချိုးတယ်လို့ သိရတဲ့အတွက် ဝမ်းသာတယ်။ ဘော်လီဘောပြိုင်ပွဲတွေမှာဆို ခုလိုပွဲကောင်းတွေမမြင်ရတာ၊ မကြည့်ရတာကြာပြီ။ ခုပြိုင်ပွဲတွေမှာတော့ လူငယ်ကစားသမားတွေရဲ့ တိုးတက်မှုကိုမြင်ရတဲ့အတွက် မြန်မာ့အားကစား လောကပြန်လည်တိုးတက်လာဖို့ မျှော်မှန်းပါတယ်။
မြတ်ကျော်ထွန်း (ဘော်လီဘောနည်းပြ၊ ပြည်ထဲရေးအသင်း) ယာဉ်ထိန်းရဲ တပ်ကြပ်ကြီး
ကျွန်တော်တို့အသင်းအနေနဲ့ ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရရှိခဲ့တဲ့အတွက် ဒီအဆင့်ထိ ကြိုးစားယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။ ဗိုလ်လုပွဲမှာလည်း ပြည်ထဲရေးဝန်ကြီးဌာန ဂုဏ်ဆောင်နိုင်အောင် အကောင်းဆုံးယှဉ်ပြိုင်ကစားဖို့ရှိပါတယ်။ ဒီနှစ်မှာပြန်လည်ကျင်းပတဲ့ အမျိုးသားအားကစားပွဲတော်ကြီးက ပံ့ပိုးမှုရော၊ စည်းလုံးမှုရောအလွန်ကောင်းတယ်။ ဒီပြိုင်ပွဲတွေကနေ ရွေးချယ်ခံရတဲ့ ကစားသမားတွေအနေနဲ့ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရတယ်။ ကစားသမားတွေအတွက်လည်း ကြိုးစားရကျိုးနပ်တဲ့ အားကစားပွဲတော်ကြီး ဖြစ်ပါတယ်။
ကိုပြည့်ဖြိုးမောင် (နည်းပြ၊ ပို့/ဆက် ဖူဆယ်ဘောလုံးအသင်း) ဝန်ကြီးဌာန အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ
ကစားသမားတွေကို နှစ်လခွဲလောက် လေ့ကျင့်ခဲ့ရတယ်။ ပြိုင်ပွဲမဝင်ခင်ကတည်းက ကြံ့ခိုင်မှု၊ စည်းလုံးမှု၊ ကစားကွက်တွေကို ပေါင်းစပ်ပြီးလေ့ကျင့်ခဲ့ရတယ်။ မပြိုင်ခင်ကတည်းက ကစားသမား ၁၈ ဦး လေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲမှာတော့ ကစားသမား ၁၄ ဦး ပါဝင်ပါတယ်။ အနိုင်ရယူနိုင်ခဲ့တဲ့အတွက် ကစားသမားတွေအားလုံးကိုလည်း ကျေးဇူးတင်တယ်။ ကွာတားဖိုင်နယ်အဆင့်ကနေ ဆီမီးဖိုင်နယ်ရောက်တဲ့အထိ အသင်းတွေအားလုံးကလည်း ပြင်ဆင်လာခဲ့တဲ့ အသင်းကောင်းတွေချည်းဖြစ်လို့ ပြိုင်ဆိုင်မှုကတော့ အကြိတ်အနယ်ပါပဲ။ ဒီနေ့ယှဉ်ပြိုင်တဲ့ တစ်ဖက်အသင်းကစားသမားတွေကလည်း လူငယ်ကစားသမားတွေ ချည်းစုဖွဲ့ထားတော့ ဒုတိယပိုင်းမှာ ကစားအားတော်တော်တက်လာတယ်။ အချိန်ပိုဒုတိယပိုင်းပွဲပြီးတဲ့အချိန်အထိ သရေကျတဲ့အတွက် ပယ်နယ်တီအဆုံးအဖြတ်နဲ့ ကျွန်တော်တို့အသင်း ဗိုလ်လုပွဲတက်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်းအနိုင်ရရှိအောင် အကောင်းဆုံးယှဉ်ပြိုင်သွားမှာပါ။
တွေ့ဆုံမေးမြန်း ခင်ရတနာ၊ ဇင်ဦး၊ ဟိန်းထက်ဇော်၊ မျိုးထက်ဦး
ဓာတ်ပုံ- ဟိန်းဇင်ထက်
Newspaper - 3280 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၃ ရက်၊ စက်တင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၂ ရက်၊ စက်တင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download