ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Information/ Naypyitaw / April 11, 2025

နေပြည်တော် ဧပြီ ၁၁
အကြမ်းဖက်သမားများအနေဖြင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်သေဆုံးဒဏ်ရာရရှိစေရန် ရည်ရွယ်ကာ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ လုပ်ဆောင်ခြင်း၊ အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် လူနေအိမ်များအနီးတွင် ဖောက်ခွဲရေးပစ္စည်းကိရိယာများ တပ်ဆင်မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှမိုင်းထောင်ဖောက်ခွဲခြင်းများအား နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်မှုများကြောင့် ဧပြီ ၁၀ ရက် ညနေ ၅ နာရီခန့်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ မဇင်မြတ်နိုး (၁၂)နှစ်၊ မကြယ်စင်လင်းသန့် (၁၇)နှစ်နှင့် မစင်သီတာသိမ့်(၁၂)နှစ်တို့ ၃ ဦးသည် အဆိုပါရပ်ကွက်အနီး သံလွင်မြစ်ကမ်းဘေး၌ ရေကူးရန်သွားရောက်စဉ် အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်နင်းမိုင်း ၁ လုံးအား မဇင်မြတ်နိုင်မှ နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတို့ ၃ ဦးတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ကလေးငယ်များအား ဘားအံပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများ၏ စဉ်းစားဆင်ခြင်ဉာဏ်ကင်းမဲ့စွာဖြင့် အကြမ်းဖက်လုပ်ဆောင်နေမှုများကို ရပ်ကွက်/ကျေးရွာလူထုမှ လွန်စွာရွံမုန်းလျက်ရှိကြောင်းသိရှိရပြီး အကြမ်းဖက်မိုင်းထောင်သူများအား ဥပဒေနှင့်အညီ အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3137 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက်၊ ဧပြီ ၁၉ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၁၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download