ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာအတွက်နေရာ
ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာအတွက်နေရာ
Ministry of Information/ Naypyitaw / March 21, 2025
မျက်မှောက်ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ ဒုတိယကမ္ဘာစစ်ကြီး၏ အမွေအနှစ်များမှ ဆင်းသက်လာခြင်းဖြစ်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀ ခန့် ရှိခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ကာလများအတွင်း အမေရိကန်၊ ဗြိတိန်နှင့် ဆိုဗီယက်တို့၏ တီဟီရန်၊ ယော်လ်တာနှင့် ပေါ့စ်ဒမ်ထိပ်သီးဆွေးနွေးပွဲများက စစ်ပြီးကာလကမ္ဘာ၏ နိုင်ငံတကာမြင်ကွင်းကို ပုံဖော်ခဲ့ကြသည်။
နယ်ချဲ့လက်အောက်မှ နိုင်ငံအများအပြား လွတ်မြောက်လာကြသည့် ဒုတိယကမ္ဘာစစ်ပြီးခေတ် နိုင်ငံတကာဆက်ဆံရေး၏ ဆုံမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကို တည်ထောင်ခဲ့ကြရာတွင် စစ်နိုင်မဟာမိတ်ငါးနိုင်ငံဖြစ်သည့် အမေရိကန်၊ ဆိုဗီယက်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်တို့မှာ လုံခြုံရေးကောင်စီ၏ ဗီတိုအာဏာသုံးခွင့်ရ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံဖြစ်လာသည်။ ၁၉၄၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဘရက်တန်ဝုဒ်ကွန်ဖရင့်မှ ထွက်ပေါ်လာသည့် ကမ္ဘာ့ငွေရေးကြေးရေးနှင့် ဘဏ္ဍာရေးအစီအစဉ်များမှာ ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့တို့ဖြစ်ပြီး ဖော်ပြပါ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စီးပွားရေးအစီအစဉ်တို့၏ အချက်အချာနေရာများတွင် အမေရိကန်နှင့် အပေါင်းအပါနိုင်ငံတို့က စိုးမိုးထားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဖက်ဆစ်အာဏာရှင် ဝင်ရိုးတန်းနိုင်ငံများကို တိုက်ခိုက်ရာတွင် မဟာမိတ်များအဖြစ် အတူတွဲတိုက်ခဲ့ သည့် အမေရိကန်နှင့် ဆိုဗီယက်တို့မှာ စစ်ကြီးပြီးသည့်အခါ ဝါဒရေးရာနှင့် ပါဝါပြိုင်နိုင်ငံများအဖြစ် စစ်အေးတိုက်ပွဲကို ဆယ်စုနှစ်များနှင့်ချီ၍ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြရာ ထိုကာလကို “ဒွိဝင်ရိုးကမ္ဘာ” ( Bipolar World) ဟု ခေါ်ခဲ့ကြသည်။ ၁၉၈၉ ခုနှစ်တွင် ဆိုဗီယက်ယူနီယံဦးဆောင်သော အရှေ့အုပ်စုတို့ ပြိုကွဲကာ ကမ္ဘာတွင် အမေရိကန်ဦးဆောင်သည့် အုပ်စုသာ ထီးထီးကြီး ကျန်ရစ်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးကို ၎င်းတို့ အလိုအတိုင်း ပုံဖော်ခဲ့သည့် “ ဧကဝင်ရိုးကမ္ဘာ” (Unipolar World) ကို ကမ္ဘာ့မိသားစုဝင် နိုင်ငံများအားလုံး ဖြတ်သန်းခဲ့ကြရသည်။
မိမိတို့နိုင်ငံ၏ သမိုင်းကို ပြန်ကြည့်လျှင် မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ခဲ့ကြသည့် တိုးတက်သော မြန်မာလူငယ်များသည် ထိုခေတ်ကာလ ကမ္ဘာ့ရေးရာများအရ လက်ဝဲဝါဒများဆီသို့ တိမ်းညွတ်ခဲ့ကြသည်။ လွတ်လပ်ရေးမရမီမှာပင် ညီညွတ်ရေးပြိုကွဲခဲ့ပြီး နယ်ချဲ့စနက်မကင်းဟု ယူဆကြသော လုပ်ကြံသတ်ဖြတ်မှုကြီး ဖြစ်ပွားခဲ့ကာ နိုင်ငံကို ပုံဖော်ဖန်တီးမှုမှာလည်း လမ်းကြောင်းပြောင်းခဲ့ရသည်။ စစ်အေးတိုက်ပွဲကာလအတွင်း မြန်မာနိုင်ငံသည် မည်သည့်ဝင်ရိုးဘက်သို့မျှ မလိုက်သည့် ဘက်မလိုက်နိုင်ငံအဖြစ် ရပ်တည်ကာ ကိုယ်ပိုင်ဝါဒလမ်းစဉ်ဖြစ်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဖြင့် နိုင်ငံကို ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သည်။ ကမ္ဘာတွင် စီမံကိန်းချဗဟိုကချုပ်ကိုင်သော စီးပွားရေးစနစ်ကျင့်သုံးသော နိုင်ငံများအားလုံး လက်ဝဲဝါဒကို စွန့်လွှတ်ခဲ့ချိန်တွင် မိမိတို့နိုင်ငံ၌လည်း ၁၉၈၈ ခုနှစ်အလွန် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ရသည်။
မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ လားရာမှာလည်း အချိုးအကွေ့အပြောင်းအလဲများ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများအဖြစ်သို့ တက်လှမ်းလာနေသည့် အားကောင်းမောင်းသန်နိုင်ငံများ ထပ်မံပေါ်ထွက်လာပြီး နိုင်ငံတကာ အခင်းအကျင်းမှာ ဗဟုဝင်ရိုးကမ္ဘာအဖြစ်သို့ အရှိန်အဟုန်ဖြင့် ဦးတည်ရွေ့လျားနေသည်။ ဗဟုဝင်ရိုးများ၏ အချက်အချာသည် အာရှဖြစ်ပြီး မိမိတို့နိုင်ငံ၏ တည်နေရာသည် ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအရ အာရှ၏ အရေးပါသော နေရာတစ်နေရာတွင် ရှိနေသည်။ ဗဟုဝင်ရိုးကမ္ဘာသို့ အပြောင်းအလဲတွင် စိန်ခေါ်မှုများ၊ အခွင့်အလမ်းများပါရှိနေရာ ၂၀၂၅ ခုနှစ်အလွန်တွင် ဖြစ်ပေါ်လာ နိုင်ဖွယ်ရှိသည့် မြန်မာနိုင်ငံ၏ မြင်ကွင်းများမှာ စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။
နိုင်ငံတကာပညာရှင်များ ပါဝင်သည့် “၂၀၂၅ အလွန်ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ” ကို နေပြည်တော်တွင် ယနေ့ကျင်းပလျက်ရှိရာ မိမိတို့နိုင်ငံအပေါ် ပြည်ပပညာရှင်များ၏ ရှုမြင်မှုများကို သိရှိခွင့်ရကြမည်ဖြစ်သည်။ နိုင်ငံတကာအဆင့် ပညာရှင်များ၏ သုံးသပ်ဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် အဖိုးတန်အသိပညာများ၊ အချက်အလက်များကို ထိုက်တန်စွာ အသုံးပြုကာ ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံအတွက် ထိုက်တန်သောနေရာတစ်နေရာကို ရယူကြရပါမည့်အကြောင်း။ ။
Newspaper - 3540 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၈ ရက် ၊ မေ ၂၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
