ဗဟုဝင်ရိုးကမ္ဘာ၏ စိန်ခေါ်မှုများကိုပြည်တွင်းအင်အား အခိုင်အမာတည်ဆောက်ရင်ဆိုင်


Ministry of Information/ Naypyitaw / May 06, 2025
image_latest


ကမ္ဘာကြီးကို အင်အားကြီးနိုင်ငံတစ်နိုင်ငံနှင့် ၎င်း၏နောက်လိုက်အုပ်စုတစ်စုတို့က လွှမ်းမိုးခြယ်လှယ်ကြိုးကိုင်ခဲ့ကြသည့် ဧကဝင်ရိုးကမ္ဘာအစီအစဉ် နိဂုံးချုပ်သွားခဲ့ပြီး ၎င်း၏နေရာတွင် ဗဟုဝင်ရိုးကမ္ဘာအစီအစဉ် အစားထိုးဝင်ရောက်လာခဲ့ပြီဟု ဆိုကြသည်။ သို့ရာတွင် ဤအဆိုကို ပါဝါဟောင်းတို့က လက်မခံချင်။ ကမ္ဘာကြီးတစ်ခုလုံးကို ၎င်းတို့၏ အိုင်ဒီယာဖြင့် ဇွတ်ပုံစံသွင်းလိုကြသည့် နိုင်ငံတို့က လက်ရုံးတပြင်ပြင်ဖြစ်လာသည်။

ဗဟုဝင်ရိုးကမ္ဘာ အစီအစဉ်သစ်တွင် ကမ္ဘာ့အချက်အချာသည် အာရှပစိဖိတ်ရပ်ဝန်းဆီသို့ ရွေ့လျားလာခဲ့ရာ အာရှ၏အဓိကကျသည့် နေရာများတွင် မတည်မငြိမ်ဖြစ်စေရန်၊ အာရှအင်အားကြီးတို့ကို ဝိုင်းပတ်နိုင်ရန်၊ ထိန်းချုပ်နိုင်ရန် လက်ရှိအချိန်အထိ ကမ္ဘာ့အင်အားကြီးနိုင်ငံဦးဆောင်သည့် ပါဝါဟောင်းတို့က ကြိုးပမ်းလာသည့် အရိပ်လက္ခဏာများကို တွေ့မြင်လာရသည်။ ကမ္ဘာကိုခြယ်လှယ်နိုင်ခဲ့သည့် အရိုက်အရာမှ ရွေ့လျောရတော့မည့် အင်အားစုတို့၏ ရုန်းကန်တုံ့ပြန်မှုများက နိုင်ငံငယ်များအဖို့ ကိုယ်ခံအားကောင်းကောင်းဖြင့်သာ ရင်ဆိုင်ကြရမည့် အနေအထားဖြစ်သည်။ အထူးသဖြင့် ပထဝီနိုင်ငံရေးအရ အရေးပါသော အချက်အချာကျသော နေရာတွင်ရှိနေသည့် မိမိတို့နိုင်ငံအနေဖြင့် အချိန်နှင့်အမျှ သတိကြီးကြီးထားကြဖို့ပင်ဖြစ်သည်။

မကြာသေးမီကာလအတွင်း မိမိတို့နိုင်ငံ၏ အနောက်ဘက်နယ်နိမိတ်များနှင့် ဆက်စပ်နေသည့် ပိုင်နက်နယ်မြေများကို အနောက်ဘက်အိမ်နီးချင်း နိုင်ငံနှစ်ခုမှ နိုင်ငံရေးသမားအချို့က နှုတ်အားဖြင့် ကျူးကျော်စော်ကားမှုများ ပြုလုပ်ခဲ့ကြသည်။ မြန်မာ့ပိုင်နက်နယ်မြေများကို ဖဲ့ထုတ်ရန်ဟူသော အနက်အဓိပ္ပာယ်ဖြင့် ၎င်းတို့၏ပြောကြားချက်များနောက်ကွယ်တွင် ဇာတ်ညွှန်းရေးသူရှိနေသည်ဟူ၍ ယူဆစရာရှိသည်။ ဇာတ်ညွှန်းဆရာ၏ မဟာဗျူဟာရည်မှန်းချက်မှာ ဗဟုဝင်ရိုးကမ္ဘာ၏ အင်အားသစ်တို့ကို အနှောင့်အယှက်၊ အဟန့်အတား ပြုရန်ပင်ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး တောင်အာရှနှင့် အရှေ့တောင်အာရှတို့ကြားတွင် ပေါင်းကူးသဖွယ် တည်ရှိနေခြင်း၊ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လယ်အော်တို့နှင့် ဆက်စပ်နေပြီး ကမ္ဘာ့ကုန်သွယ်ရေးတွင် အရေးပါသော ရေလမ်းကြောင်းကို ထိန်းချုပ်နိုင်သည့်နေရာ၌ တည်ရှိနေခြင်း စသည့်မြန်မာနိုင်ငံ၏ ပထဝီအနေအထားက မြန်မာနိုင်ငံအဖို့ စိန်ခေါ်မှုဖြစ်သလို အခွင့်အရေးလည်းဖြစ်နေသည်။

ဗဟုဝင်ရိုးကမ္ဘာသို့ အပြောင်းအလဲသည် မြန်မာနိုင်ငံကဲ့သို့ အဘက်ဘက်မှအားနည်းသည့် နိုင်ငံငယ်များအတွက် အခွင့်အလမ်းများပေါ်ပေါက်လာမည်ဟု မျှော်လင့်ရသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့အင်အားကြီး နိုင်ငံများအကြား အားပြိုင်မှုနှင့် ပွတ်တိုက်မှုများက မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့ကို ထိပါးလာဖွယ်ရှိသည်။ ကမ္ဘာ့အခြေအနေအမျိုးမျိုးတို့ကို ရင်ဆိုင်နိုင်ရေးနှင့် နိုင်ငံတည်တံ့ခိုင်မြဲရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အရေးကြီးသည့်အချက်မှာ ပြည်တွင်းစည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးပင်ဖြစ်သည်။ အစိုးရအဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်ခဲ့သော်လည်း ပြည်တွင်းရေးအခြေအနေများထက် ပြည်ပက အားပေးလှုံ့ဆော်ပါဝင်စွက်ဖက်မှုများကြောင့် လက်နက်ကိုင်ပဋိပက္ခများသည် မငြိမ်းနိုင်သည့် မီးတောက်များကဲ့သို့ ယခုတိုင် တောက်လောင်နေဆဲဖြစ်ရာ ကမ္ဘာ့အစီအစဉ်ကြီးတစ်ရပ်လုံး အပြောင်းအလဲကာလတွင် လက်နက်ကိုင်ပဋိပက္ခမီးများ ငြိမ်းသေအေးချမ်းသွားစေရန် တစ်မျိုးသားလုံး၏ စည်းလုံးညီညွတ်မှုဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

မိမိတို့နိုင်ငံသည် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်သွားနိုင်သည့် အရင်းအမြစ်များ ပိုင်ဆိုင်ထားသကဲ့သို့ အခွင့်အလမ်းများလည်းရှိနေသည်။ မိမိတို့အားလုံးသည် မြန်မာများဖြစ်ကြသည်ဟူသော စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် ခိုင်မာသည့်အင်အားကိုတည်ဆောက်ကာ ဗဟုဝင်ရိုးကမ္ဘာတွင် ရပ်တည်သွားကြရပါမည့်အကြောင်း။ ။

Newspaper - 3263 items

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁ ရက် ၊ သြဂုတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ ၊ သြဂုတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက် ၊ သြဂုတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၂ ရက် ၊ သြဂုတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၊ သြဂုတ် ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၀ ရက် ၊ သြဂုတ် ၁၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၉ ရက် ၊ သြဂုတ် ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download