ဗို့အားမြင့် ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်


Ministry of Information/ Naypyitaw / May 08, 2026
image_latest


နေပြည်တော် မေ ၇

ဗို့အားမြင့် ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းစက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်စစ်ဆေးရေးဓာတ်ခွဲခန်းနှင့် လျှပ်စစ်ကျွမ်းကျင်မှု သင်တန်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ အငြိမ်းစားယူခဲ့သည့် ပညာရှင်ဆရာကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။ 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအနေဖြင့် မိမိတို့၏ လက်တွေ့လုပ်ငန်းခွင်တွင် တွေ့ကြုံခဲ့ရသည့် နည်းပညာဆိုင်ရာ အခက်အခဲများကို အခြေခံ၍ သင်ယူလေ့လာရမည့် ပညာရပ်များဖြင့် ပေါင်းစပ်ကာ ပိုမိုအန္တရာယ်ကင်းသော လုပ်ငန်းခွင်ကို ဖော်ဆောင်နိုင်ခြင်းဖြင့် လျှပ်စစ်အင်ဂျင်နီယာများ၊ လျှပ်စစ်လုပ်ငန်းဆောင်ရွက်သူများဖြစ်လာအောင် ကြိုးစားကြရန် တိုက်တွန်းပြောကြားသည်။

သင်တန်းကို သင်တန်းသား သင်တန်းသူ စုစုပေါင်း ၅၀ ဖြင့် မေ ၇ ရက်မှ ၁၅ ရက်အထိ ဗို့အားမြင့် ဓာတ်အားခွဲရုံ ပြုပြင်ထိန်းသိမ်းခြင်းနှင့်စပ်လျဉ်းသည့် အသိပညာ၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် လျှပ်စစ်ဥပဒေ၊ လျှပ်စစ်နည်းဥပဒေ၊ လျှပ်စစ်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများစသည့် ဘာသာရပ်ခုနစ်ခုကို လျှပ်စစ်စစ်ဆေးရေးဌာနမှ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိပြီး လက်တွေ့ လျှပ်စစ်လုပ်ငန်းခွင်နှင့် စစ်ဆေးရေးလုပ်ငန်း အတွေ့အကြုံရှိသည့် နည်းပြများက သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3519 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download