ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀)အတွင်း ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Ministry of Information/ Naypyitaw / April 28, 2026
နေပြည်တော် ဧပြီ ၂၇
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၂၆) ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ်ခွဲများမှ ခရိုင်ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကို အလေးထား၍ ဦးစားပေးဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးသည် အဓိကကျသည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro-based Industry) ကို တည်ဆောက်ရန်၊ ကုန်ထုတ်လုပ်မှုတိုးတက်ရန်တို့မှာ နိုင်ငံ့စီးပွားအတွက်လည်း အဓိကကျသည့် ကဏ္ဍဖြစ်၍ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် ထည့်သွင်းမှာကြားလမ်းညွှန်ခဲ့ကြောင်း။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း လျင်မြန်သော အကျိုးသက်ရောက်မှု (Quick Win) ရရှိစေမည့် အစီအစဉ်များတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ထုတ်ချေးခြင်းနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ စတင်ထုတ်ချေးသွားမည့် အစီအစဉ်များပါဝင်ကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် မိုး၊ ဆောင်း၊ မိုးကြို ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို စပါးသီးနှံအပါအဝင် သီးနှံ ၂၄ မျိုးကို ထုတ်ချေးပေးလျက်ရှိရာ တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်ကို ထိုက်သင့်သလို တိုးမြှင့်ပံ့ပိုးပေးနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် လက်ရှိချေးငွေနှုန်းထား၏ ပျမ်းမျှနှစ်ဆထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း ခေတ်ကာလနှင့် လျော်ညီသည့် ချေးငွေနှုန်းထားသို့ တိုးမြှင့်ထုတ်ချေးခွင့်ရရှိခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းအတွက် အဓိကလိုအပ်သည့် မျိုးစေ့၊ မြေဩဇာ၊ ပိုးသတ်ဆေး စသည့်သွင်းအားစုများ၊ မြေယာပြုပြင်ခြင်းနှင့် ရိတ်သိမ်းခြင်းအထိ အခြားကုန်ကျစရိတ်များအတွက် ပိုမိုသုံးစွဲလာနိုင်မည်ဖြစ်ခြင်းကြောင့် သီးနှံအထွက်နှုန်းပိုမိုတိုးတက်စေပြီး ဝင်ငွေများ တိုးလာစေမည်ဖြစ်ကြောင်း။
စိုက်ပျိုးစရိတ်ချေးငွေအပြင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာ၌ အထောက်အကူပြုစေရေး၊ လယ်ယာကို အခြေခံသော စီးပွားရေးကဏ္ဍများတွင် ကုန်ထုတ်စွမ်းအားတိုးမြှင့်ထုတ်လုပ်နိုင်စေရေးတို့အတွက် တောင်သူလယ်သမားများနှင့် လယ်ယာကုန်ထုတ်လုပ်ငန်းရှင်များသို့ လယ်ယာသုံးစက်ကိရိယာချေးငွေများကိုလည်း ငွေကျပ်သိန်း ၃၀၀၀ အထိ တစ်ကဏ္ဍနှင့် ငွေကျပ်သိန်း ၃၀၀၀ အထက်ဖြစ်ပါက တစ်ကဏ္ဍထုတ်ချေးမည်ဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာချေးငွေ ထုတ်ချေးရေးအစီအစဉ်သစ်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း မေလဆန်းမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုထုတ်ချေးမည့် ချေးငွေအစီအစဉ်သစ်သည် အတိုးနှုန်းသက်သာသော ချေးငွေများဖြစ်ပြီး တောင်သူများအနေဖြင့် လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီသည့် ချေးငွေပမာဏရရှိခြင်းကြောင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံပိုင်ဘဏ်များအပေါ် ယုံကြည်အားကိုးမှု ပိုမိုမြင့်မားလာစေမည်ဖြစ်ကြောင်း၊ ယင်းသို့ ယုံကြည်မှုမြင့်မားလာရေးအတွက် သက်ဆိုင်ရာဌာနများကလည်း အဂတိတရားကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများအနေဖြင့် ထုတ်ချေးမည့် ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေဆိုင်ရာစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ထုတ်ချေးဆောင်ရွက်ရေး၊ ငွေကြေးအလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေး၊ ဘဏ်ခွဲအလိုက် ကြွေးကျန်များ မဖြစ်ပေါ်စေရေးအတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ဘဏ်ခွဲများအနေဖြင့်လည်း ခရိုင်/မြို့နယ်ဘဏ်ခွဲများအား ဂရုပြုကြီးကြပ်စစ်ဆေးခြင်း၊ မြန်မာ့စီးပွားရေး ဘဏ်အပါအဝင် ဆက်စပ်ဌာနများ နှင့်ပေါင်းစပ်ညှိနှိုင်းခြင်းဖြင့် ဘဏ်လုပ်ငန်းများ အဆင်ပြေစွာနှင့် စနစ်တကျရှိစေရေးဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ နိုင်ငံတော်က စီစဉ်ပေးသည့် အထူးချေးငွေဖြစ်၍ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် မိသားစုစိတ်ဓာတ်ဖြင့် ထိရောက်စွာ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3544 items
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ၊ ဇွန် ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
