ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များ ရောက်ရှိ


Ministry of Information/ Naypyitaw / May 06, 2025
image_latest


နေပြည်တော် မေ ၆

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ငလျင်ဒဏ်သင့်ဒေသများအတွက် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှ လှူဒါန်းသော ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်များ တင်ဆောင်လာသည့် Korean Air လေကြောင်းမှ Airbus A330-300 အမျိုးအစားလေယာဉ်သည် မေ ၅ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။

ထိုသို့ ရောက်ရှိလာသည့် ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံမှလှူဒါန်းသော ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ အာဟာရပြည့်အစားအစာခြောက်များ၊ ရေသန့်စက်များ စုစုပေါင်း (၁၃) ပုံး၊ ၅၈၂၀ Kg ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်ဖယ်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes နှင့် ဒုတိယကောင်စစ်ဝန် Mr. Lincoln Sant Anna Siebra တို့ထံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းလက်ခံကြသည်။ အဆိုပါရောက်ရှိလာသည့် ပစ္စည်းများကို ငလျင်ဒဏ်သင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆက်လက်ပို့ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper - 3155 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download