ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာရှိ သိမ်ကျောင်းဘုန်းတော်ကြီးကျောင်း ရှေးဟောင်းသိမ်အား ပြုပြင်မွမ်းမံပြီးစီး ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာရှိ သိမ်ကျောင်းဘုန်းတော်ကြီးကျောင်း ရှေးဟောင်းသိမ်အား ပြုပြင်မွမ်းမံပြီးစီး ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / March 15, 2025
ဘားအံ - မတ် (၁၅)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ စုပေါင်းပြုပြင်မွမ်းမံလှူဒါန်းသော ဘားအံမြို့နယ်၊ ကော့ဂွန်းကျေးရွာရှိ သိမ်ကျောင်းဘုန်းတော်ကြီး ကျောင်း ရှေးဟောင်းသိမ်အား ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို မတ်လ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သိမ်တော်ကြီးအားလှည့် လည်ကြည့်ရှုပြီး သိမ်တော်ကြီးအတွင်းရှိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတွင် ပန်း၊ ရေချမ်း၊ ဆွမ်း၊ ဆီမီးတို့ကို ကပ်လှူပူဇော်ကြသည်။
ထို့နောက် အလှူတော်မင်္ဂလာအခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကော့ဂွန်းဂူဝကျောင်းဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာ တော်အရှင်သူမြတ်များ ရွတ်ဖတ်သရစ္ဇျယ်တော်မူသောမေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကော့ဂွန်းဂူဝကျောင်းဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားပြီးမြောက်ပြီး မင်္ဂလာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး ခဲ့ကြသည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မတ်လ(၁၇) ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကိုစတင်ဖြေဆိုကြတော့မည်ဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်း သာစွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာဌာနဆိုင်ရာအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ပြည်နယ်အတွင်း စာစစ်ဌာန ၁၂ ခု၊ ကျောင်းသား၊ကျောင်းသူ ၃၅၀၀ ကျော်ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး၊ တည်းခိုနေထိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ရေ၊ မီးနှင့်ကျန်းမာရေးဆိုင်ရာအဆင်ပြေ လွယ်ကူမှုရှိစေရေး အချိတ်အဆက်မိမိဖြင့် ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကာ လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးရမည့်ကိစ္စရပ်များနှင့် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များကို တင်ပြဆွေးနွေးပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြ ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များက သက်ဆိုင်ရာဌာနများအလိုက် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးနှင့် အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားမှုနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်ဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


Newspaper - 3378 items
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 13, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 12, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 11, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 09, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 08, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 07, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့
Publisher: မြန်မာ့အလင်း/ December 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
