ဘားအံမြို့၌ AML/CFT အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်
ဘားအံမြို့၌ AML/CFT အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / July 23, 2025

ဘားအံ - ဇူလိုင် (၂၃)
ကရင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းနှင့် မြန်မာ နိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပသည့် AML/CFT အသိပညာမြှင့်တင်ရေး သင်တန်း ဖွင့်ပွဲကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်အိမ်ခြံမြေအကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သူများ ဆိုင်ရာကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်အုပ်ချုပ်ရေးမှူးဦးမြင့်လွင်က သတင်းပို့အဖွဲ့အစည်းဖြစ်သော အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန်သတ္တု(ရွှေ)လုပ်ငန်းရှင်များအနေဖြင့် အိမ်ခြံမြေညွှန်ကြားချက်(၁/၂၀၂၂)၊ အဖိုးတန် သတ္တုညွှန်ကြားချက်(၂/၂၀၂၂)နှင့် ကြီးကြပ်ရေးအာဏာပိုင်က အခါအားလျှော်စွာထုတ်ပြန်သည့် ညွှန်ကြားချက်များ ကို အထူးအလေးထားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဗဟိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က AML/CFT အသိပညာမြှင့် တင်ရေးသင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှု အသင်း ကရင်ပြည်နယ်ဥက္ကဋ္ဌ ဒေါ်ဆုခက်ခက်လင်း ၊ မြန်မာနိုင်ငံအိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ကရင်ပြည်နယ်ဥက္ကဋ္ဌ ဦးစောလင်းအောင်တို့က နှုတ်ခွန်ဆက်စကားများပြောကြားကာ တက်ရောက်လာကြသော အသင်းသား၊အသင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် အိမ်ခြံမြေအသိပညာပေးသင်တန်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး Institute Of MRESA AML/CFT အသိပညာမြှင့်တင်ရေးသင်တန်းနှင့် Professional Sales Training For Real Estate (အရောင်းမြှင့်တင်ရေး)သင်တန်းတို့ကို ဇူလိုင်လ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ တော်ဝင်ရတနာဟိုတယ်တွင် တစ်ပေါင်းတည်းဖွင့်လှစ်ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး နေပြည်တော်အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသူရိန်အောင်၊ နေပြည်တော်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်ဇော်နှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)မှ တာဝန်ရှိသူများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးပို့ချသွားမည်ဖြစ်ပါသည်။
Newspaper - 3234 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၁ ရက်၊ ဇူလိုင် ၂၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၀ ရက်၊ ဇူလိုင် ၁၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၉ ရက်၊ ဇူလိုင် ၁၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၈ ရက်၊ ဇူလိုင် ၁၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 17, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download