ဘားအံ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ ဂုဏ်ပြုဆုပေါင်း(၃၀)ချီးမြှင့်
ဘားအံ၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ ဂုဏ်ပြုဆုပေါင်း(၃၀)ချီးမြှင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / September 17, 2024
ဘားအံ - စက်တင်ဘာ (၁၆)
“မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး တိုးမြှင့် ဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ်၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်း အနားကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုပေါင်း(၃၀)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက်များ၏ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့လေထုလွှာ အတွင်းအိုဇုန်းလွှာပျက်စီးစေသည့် ဓါတ်ငွေ့များကင်းဝေးစေရန်နှင့် ရာသီဥတုလျော့ချရေး၊ တိုက်ဖျက်ရေးလုပ်ငန်းစဉ် များတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ NGO၊ INGO များ၊ စေတနာ့ဝန်ထမ်းများနှင့်လူငယ်မောင်မယ်များအားလုံးပူးပေါင်းပါဝင်ကြိုးပမ်းပြီး တိုးမြှင့်ဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာ၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)အမှုဆောင်ညွှန်ကြားရေးမှူး၏ Memorial ၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုများကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၂၀၂၄ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာမူလတန်းအဆင့် ပန်းချီပြိုင်ပွဲ၊ အခြေခံ ပညာအဆင့်ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများအားဂုဏ်ပြုဆုများ နှင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးသူများ အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆုရရှိကြသူများ၊ ဝိုင်းဝန်းကူညီပေးသူများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး ဆုရရှိကြသူများ၊အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ခင်းကျင်းပြသထားသော ဆုရစာစီစာကုံးနှင့်ပန်းချီ လက်ရာများအား ကြည့်ရှုအားပေးခဲ့ပါသည်။
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download