ဘားအံ၌ ရေဘေးသဏ္ဍန်တူရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်သရုပ်ပြလေ့ကျင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / June 14, 2025
ဘားအံ၌ ရေဘေးသဏ္ဍန်တူရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်သရုပ်ပြလေ့ကျင့်


ဘားအံ - ဇွန် (၁၄)

ကရင်ပြည်နယ်သည်မြစ်ချောင်းအင်းအိုင်ပေါများပြီး မိုးရာသီရောက်တိုင်း နှစ်စဉ်ရေကြီးရေလျှံလေ့ရှိသည့် အတွက် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှကြီးမှူး၍ ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ကန်သာယာရေပြင်နှင့်ဇွဲကပင်ခန်းတို့တွင် ရေးဘေးသဏ္ဍန်တူရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို လူအင်အား ၄၅၀ ကျော်၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ် ၈ စီး၊ ယာဉ်ယန္တရား ၄၀ စီးတို့ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ရေပြင်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးရေယာဉ်(၄)စီး၊တပ်ဖွဲ့ဝင်(၂၀)ဦးဖြင့် ပြည်နယ်ဝန်ကြီးချုပ်အားအလေးပြုကြပြီး အနှေးမောင်း၊ အမြန်မောင်းစွမ်းရည်များ သရုပ်ပြသကာ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ မြစ်ရေကြီးမှုအခြေအနေကို ပြည်သူအများသတိပြုမိစေရန် လှည့်လည်နှိုးဆော် သရုပ်ပြကြသည်။

ထို့နောက် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် ဘားအံမြို့၊ အနိမ့်ပိုင်းရပ်ကွက်များရှိ ရေဘေးသင့်ပြည်သူများ အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြှင့်ပေးထားသည့်လှေငယ်များဖြင့် သယ်ယူရွှေ့ပြောင်းနေမှု၊ ဘေးလွတ်ရာသို့ ရေယာဉ်များဖြင့် ရှာဖွေကယ်ဆယ်မှု၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များ၏ ရှေးဦးသူနာပြုစုပေးမှု၊ ရေယာဉ်များဖြင့် ကယ်ဆယ်လာသောပြည်သူများအား ကားများ၊ ကူညီကယ်ဆယ်ရေးအသင်းယာဉ်များဖြင့် ယာယီကယ်ဆယ်ရေး စခန်း (ဇွဲကပင်ခန်းမ)သို့ ပို့ဆောင်ပေးမှုတို့အား သရုပ်ပြသခဲ့ကြပြီး စက်လှေတိမ်းမှောက်မှုကြောင့် ရှာဖွေကယ်ဆယ် ရေးရေယာဉ်ဖြင့် ရေနစ်သူအားကယ်ဆယ်မှု၊ ရေငုပ်ဝတ်စုံ(Dive Suit)ဝတ်ဆင်သူ(၄)ဦးမှ ရေငုပ်သရုပ်ပြမှုနှင့် ရေနစ်သူအား ရှာဖွေကယ်ဆယ်မှု၊ ရှာဖွေကယ်ဆယ်ရေး ရေယာဉ်(၄)စီးဖြင့် ရောင်စုံကာလာနှင့်ရေပက်သရုပ်ပြမှုတို့ကို သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိသည့် ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းများ၊ ယာဉ်/ယန္တရားများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ပေးမည့် ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ရေဘေးသဏ္ဍန်တူရှာဖွေကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်မှုတွင် ပါဝင်သရုပ်ပြခဲ့သူ များနှင့်တွေ့ဆုံ၍ ယနေ့သဏ္ဍန်တူသရုပ်ပြသမှုသည် အမှန်တကယ်ဖြစ်ပေါ်လာမည့်သဘာဝဘေးကို ရင်ဆိုင်တုံ့ပြန် နိုင်ရန် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ပြီး မိမိတို့၏သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် ကျွမ်းကျင်မှုရှိစေရန် အစဉ်တစ်စိုက်ကြိုးပမ်းလေ့ကျင့်ထားရမည်ဖြစ်ကြောင်း၊ သဘာဝဘေးကျရောက်နေစဉ်အတွင်း ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကျန်းမာရေးကိုအထူးအလေးထားကြစေလိုကြောင်း ပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သဘာဝဘေးကျရောက်လာပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များ၏ ကွပ်ကဲရေးရုံး၊ ဆက်သွယ်ရေးရုံး၊ သတင်းနှင့်ပြန်ကြားရေးရုံး၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့၏စုဖွဲ့ပြင်ဆင်ထားရှိမှု၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့ ပေးမည့်ပစ္စည်းများ၊ ဇွဲကပင်ခန်းမအတွင်း ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားမှုတို့အား ကြည့်ရှုစစ်ဆေးပြီး ရေဘေးသဏ္ဍန်တူသရုပ်ပြလေ့ကျင့်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူလူထု(၁၀၀)ဦးအား ကယ်ဆယ်ရေး ပစ္စည်းများနှင့် စားသောက်ကုန်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download