မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများက ဆရာတော်ကြီးများအား အဋ္ဌကထာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများက ဆရာတော်ကြီးများအား အဋ္ဌကထာကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Ministry of Religious Affairs & Culture/ Naypyitaw / January 09, 2025
မကွေးတိုင်းဒေသကြီးအတွင်းရှိ သံဃာ့အဖွဲ့အစည်းများက ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ၈-၁-၂၀၂၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မကွေးမြို့ သံဃာရာမကျောင်းတိုက်၌ ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မကွေးမြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယ မကွေးမြို့ သံဃာရာမစာသင်တိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တစိန္တာသာရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဘဒ္ဒန္တဥတ္တရ၊ မကွေးမြို့ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်များ၊ မကွေးမြို့ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းတိုက် ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မနှင့် မကွေးမြို့ မဟာဝိသုတာရာမ စာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလတို့ တက်ရောက်ချီးမြှင့်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မကွေးမြို့ သံဃာရာမစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစိန္တာသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွား သရဇ္ဈာယ်မူသော မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝမ်းမြောက်စကား လျှောက်ထားသည်။
ယင်းနောက် မကွေးမြို့ သံဃာရာမစာသင်တိုက် ဆရာတော် ဘဒ္ဒန္တစိန္တာသာရ၊ မကွေးမြို့ မဟာဓမ္မိကာရာမတိုက် ဆရာတော် ဘဒ္ဒန္တဥတ္တရ၊ တောင်တွင်းကြီးမြို့ ငှက်ပစ်တောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမာနိတတို့က ဩဝါဒစကားမိန့်ကြားကြသည်။
ထို့နောက် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပြီး ရေစက်ချ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Newspaper - 3039 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download