မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကူနီကျေးရွာမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကူနီကျေးရွာမှ ကျောင်းအုပ်ဆရာမကြီးတစ်ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက ဖမ်းဆီးသတ်ဖြတ်
Ministry of Information/ Naypyitaw / June 08, 2025

နေပြည်တော် ဇွန် ၇
PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကိုမိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အနာဂတ်မျိုးဆက်သစ်လူငယ်၊ လူရွယ်များအား စာပေသင်ကြား ပြသပေးလျက်ရှိသည့် ဆရာ ဆရာမများကို အကြမ်းဖက်ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း(မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး အသက် ၄၆ နှစ်သည် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များ ထမ်းဆောင်လျက်ရှိပြီး ထိုသို့ တာဝန်ထမ်းဆောင်နေသည်ကို မလိုလားသော PDF အမည်ခံအကြမ်းဖက်သမားများ က ဇွန် ၆ ရက် ကျောင်းဆင်းချိန်တွင် ကျောင်းဝင်းအတွင်းသို့ မော်တော်ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်းမရှိဟုဆိုကာ ကျောင်းအုပ် ဆရာမကြီးအား သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ ဓားဖြင့်ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် ပညာရေးဝန်ထမ်းများ အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်အထိ အကြမ်းဖက်ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၈၀၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရသည်။
ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများ နှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများကို ပြည်သူလူထုက စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင်ကြားသိနေရသဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်


Newspaper - 3187 items

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက်၊ ဇွန် ၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက်၊ ဇွန် ၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 06, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 30, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download