မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ရေနံစိမ်းသံပီပါများအား တရားမဝင် သယ်ဆောင်လာသူနှင့် ရေနံစိမ်းများ တရားမဝင် ချက်လုပ်သူများအား ဖမ်းဆီးအရေးယူ


Ministry of Home Affairs/ နေပြည်တော် / August 14, 2025
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ရေနံစိမ်းသံပီပါများနှင့် ရေနံစိမ်းများ တရားမဝင် ချက်လုပ်သူအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၌ ရေနံစိမ်း သံပီပါများအား တရားမဝင် သယ်ဆောင်လာသူနှင့် ရေနံစိမ်းများ တရားမဝင် ချက်လုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဩဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စစ္စနို့-ကန်တုတ်သွားကားလမ်း မိုင်တိုင်အမှတ် ၁၇ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နွားလဲကျေးရွာဘက်မှ ရေနံမကျေးရွာဘက်သို့ မင်းလှမြို့နယ်၊ နွားလဲကျေးရွာနေ ကျော်မင်းခိုင်(ခ) ကုလား(၄၁)နှစ် မောင်းနှင်လာသည့် 3H-XXXX CANTER အမျိုးအစား ခြောက်ဘီးမော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်၌  ရေနှင့်ရေနံစိမ်းရောရာ ၁ ပီပါလျှင် ၄၀ ဂါလန်ခန့်စီပါ သံပီပါ ၁၃ လုံးအား တွေ့ရှိရသဖြင့် စစ်ဆေးခဲ့ရာ သယ်ဆောင်ခွင့်/ခွင့်ပြုချက် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် ကျော်မင်းခိုင်(ခ)ကုလား အား ရေနံမနယ်မြေရဲစခန်း (ပ)၄၅/၂၀၂၅၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း။

     အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ကညင်းကြီး ကျေးရွာအနီး ဒေသအခေါ် ကမ္ဘာနီတဲတိုက်တွင် ရေနံစိမ်းများ တရားမဝင် ချက်လုပ်နေကြောင်း သတင်းအရ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ မင်းလှမြို့နယ်၊ ကညင်းကြီးကျေးရွာနေ ခင်မောင်ထွန်း(၄၂)နှစ်အား ရေနှင့်ရေနံစိမ်း ရောရာ ၄၀ ဂါလန်ခန့်ပါ ပီပါ ၅ လုံး၊  ဒီဇယ်(ချက်ဆီ) ၄၀ ဂါလန်ခန့်ပါ ပီပါ ၂၅ လုံးနှင့် ရေနံ ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခင်မောင်ထွန်း အား မင်းလှမြို့မရဲစခန်း (ပ)၄၂/၂၀၂၅၊ ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေပုဒ်မ ၃၇ ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3256 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 15, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 14, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ August 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ August 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ August 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download