မင်းဘူး (စကု) မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိ
မင်းဘူး (စကု) မြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိ
Ministry of Information/ Naypyitaw / August 06, 2025

မင်းဘူး ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်၌ ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကြီးပင်ကန် (အနောက်) ကျေးရွာအနီး အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းအပါအဝင် လျှပ်စစ်ရေတင်လုပ်ငန်းပေါင်းသုံးခုမှ ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မှ ခရိုင်နှင့် မြို့နယ်တာဝန်ခံအရာရှိများက အနီးကပ်ကြီးကြပ်၍ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာအတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးချိန် ရာသီအလိုက် စိုက်ပျိုးရေရရှိရေးအတွက် စနစ်တကျဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုနှစ်စိုက်ပျိုးရာသီတွင် အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်းဧရိယာအတွင်း အကျိုးပြုဧရိယာဧကပေါင်း ၁၅၀ ရှိသည့်အနက် မိုးစပါး ၇၈ ဧကနှင့် အခြားသီးနှံ ၇၂ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ ဧကပေါင်း ၈၈ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း၊ ထို့အပြင် လျှပ်စစ်ရေတင်လုပ်ငန်းစီမံကိန်းဧရိယာသုံးခုအတွင်း လျာထားဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်စေရေးသက်ဆိုင်ရာဌာနများ၊ ဒေသခံတောင်သူများနှင့်အတူ ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ မြို့နယ်တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။
မင်းဘူး (စကု) မြို့နယ်၌ အောင်ပင်လယ်လျှပ်စစ်ရေတင်လုပ်ငန်း၊ ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှင့် ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းဟူ၍ စီမံကိန်းလုပ်ငန်းပေါင်းသုံးခုရှိပြီး အဆိုပါစီမံကိန်းလုပ်ငန်းများတွင် အကျိုးပြုဧရိယာပေါင်း ၁၆၆၂ ဧကရှိသည့်အနက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် မိုးစပါး ၁၀၀၆ ဧကနှင့် အခြားသီးနှံ ၆၅၆ ဧကကို လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးဧကပေါင်း ၃၇၂ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်း၊ အဆိုပါသီးနှံစိုက်တောင်သူများအတွက် သီးနှံစိုက်ပျိုးချိန်ကာလအတွင်း စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင် (မင်းဘူး)

Newspaper - 3246 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၃ ရက် ၊ သြဂုတ် ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် ၊ သြဂုတ် ၅ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၁ ရက် ၊ သြဂုတ် ၄ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၀ ရက် ၊ သြဂုတ် ၃ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၉ ရက် ၊ သြဂုတ် ၂ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 01, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။
