မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ် Unity In Action အခမ်းအနား ကျင်းပ


Ministry of Information/ Naypyitaw / March 31, 2026
image_latest


ရန်ကုန် မတ် ၃၀

မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ် Unity In Action အခမ်းအနားကို မတ် ၂၈ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Hotel ၌ ကျင်းပသည်။

ဦးစွာ မန္တလေးငလျင်ကြီးကြောင့် အသက်ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်၍ ဦးညွှတ်ဂါရဝပြုကြသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က အမှာစကားပြောကြားပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်း များ ဖက်ဒရေးရှင်းမှ Head Of Delegation Ms. Nadia KHOURY နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ Head of Programs & Prevention Mr. Xavier Collard de Macquerh တို့က နှုတ်ခွန်းဆက် စကားပြောကြားသည်။

ယင်းနောက် အလုပ်အမှုဆောင်ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်က ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး တစ်နှစ်တာအတွင်း ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်ထားရှိမှု၊ မိတ်ဖက်ကြက်ခြေနီအသင်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စေတနာအလှူရှင်များ၏ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှုမှတ်တမ်းဗီဒီယိုများကို ပြသသည်။

ဆက်လက်၍ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာ တင်မောင်လှိုင်နှင့် ပါမောက္ခဒေါက်တာ ဒေါ်ရီရီတင်တို့က ငလျင်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ကြက်ခြေနီစေတနာလုပ်အားရှင်များ ကိုယ်စား ကြက်ခြေနီစေတနာလုပ်အားရှင် ၁၅ ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားသို့ အလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ပြည်တွင်း/ ပြည်ပမှ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3486 items

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့


Publisher: မြန်မာ့အလင်း/ March 23, 2026

Publication Date: 2026

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download