မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အသံမိုင်းထောင် ဖောက်ခွဲမှုများ လုပ်ဆောင်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တို့၌ PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ အသံမိုင်းထောင် ဖောက်ခွဲမှုများ လုပ်ဆောင်
Ministry of Home Affairs/ နေပြည်တော် / January 26, 2026
အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ် ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက် ကွယ်မှ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီ ၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း PDF အမည်ခံ အကြမ်းဖက် သမားများက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ရာ မလှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဂေါက်ကွင်းအနီး ၌ အသံမိုင်း တစ်လုံးနှင့် နံနက် ၇ နာရီ ၁၀ မိနစ်တွင် သဲကန်ကျေးရွာရှိ ပလ္လင်ကန်ဘုရားအနီး၌ အသံမိုင်း သုံးလုံး ပေါက်ကွဲခဲ့မှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
အလားတူ နံနက် ၆ နာရီ ၃၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်အတွင်း PDF အမည်ခံ အကြမ်းဖက်သမားများက အများပြည်သူ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ မိုင်းထောင်ဖောက်ခွဲမှုများ လုပ်ဆောင်ခဲ့ရာ ဖြူးမြို့နယ်၊ ဈေးရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး Max Mobile ဖုန်းဆိုင်ရှေ့၌ အသံမိုင်း တစ် လုံး၊ နံနက် ၆ နာရီ ၄၅ မိနစ်တွင် ရုံးရပ်ကွက်၊ (၇)လမ်းထောင့်ရှိ ဗာဒံပင်ခြေရင်း၌ အသံမိုင်း တစ်လုံး၊ နံနက် ၇ နာရီ ၁၅ မိနစ်တွင် ဘူတာတောင်ရပ်ကွက်၊ ကင်မွန်းချုံကွက်သစ်(၂၃)လမ်းဘေးရှိ မြေကြီးရေမြောင်းဘေး၌ အသံမိုင်း တစ်လုံးနှင့် နံနက် ၁၀ နာရီတွင် ညောင်ပင်သာကျေးရွာရှိ မဝါ မုန့်ဟင်းခါးဆိုင်ရှေ့၌ အသံမိုင်း တစ်လုံးတို့ အသီးသီးပေါက်ကွဲခဲ့မှုကြောင့် လူနှင့်အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper - 3422 items
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂနွေနေ့။
