မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / March 16, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၄ ရက်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၄ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မိတ္ထီလာ-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် ၃၅ မိုင်နှင့် ၁ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ယင်းမာပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သာစည်မြို့နယ်၊ ပေသုံးဆယ်ရပ်ကွက်နေ ကိုကျော်ရှိန်း(၂၇)နှစ်မောင်းနှင်ပြီး ဇနီးဖြစ်သူ မရတနာစိုး (၂၃)နှစ်နှင့် သားဖြစ်သူ မောင်ရှိုင်းထက်ကို(၅)နှစ်တို့ လိုက်ပါလာသည့် SHAYAN-125 ဆိုင်ကယ်သည် ညောင်ပင်သာ(တောင်)ရပ်ကွက်မှ ပေသုံးဆယ်ရပ်ကွက်ဘက်သို့ ပြန်လာစဉ် အခင်းဖြစ်နေရာအရောက်၌ ၎င်း၏အနောက်မှ တစ်ရပ်ကွက်တည်းနေ ကိုထွေး(ခ)မင်းအောင်(ခ)ရှိုင်းလင်းအောင်(၂၄)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ FAW မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် မရတနာစိုးတွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ကိုကျော်ရှိန်းနှင့် မောင်ရှိုင်းထက်ကိုတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် ကိုထွေး(ခ)မင်းအောင်(ခ)ရှိုင်းလင်းအောင် အား ယင်းမာပင်နယ်မြေရဲစခန်း ယာဉ်(ပ)၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3471 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂနွေနေ့။
