မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင် အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားပြီး စားနပ်ရိက္ခာများ၊ ထောက်ပံ့ငွေများပေးအပ်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ကျောက်ဆည်ခရိုင် အတွင်းရှိ ယာယီရေဘေးရှောင်စခန်းများမှ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားများ ပြောကြားပြီး စားနပ်ရိက္ခာများ၊ ထောက်ပံ့ငွေများပေးအပ်
Ministry of Information/ Naypyitaw / September 16, 2024
ကျောက်ဆည် စက်တင်ဘာ ၁၆
တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်ခဲ့သော တောင်ဖွန်းမုန်တိုင်းရာဂီ၏ အရှိန်နှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်တို့ကြောင့် မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းမှုများဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြေနိမ့်ပိုင်း ဧရိယာများနှင့် အနီးရှိ ရပ်ကွက်များ၊ ကျေးရွာများတွင် ချောင်းရေ၊ မြစ်ရေများ ဝင်ရောက်နစ်မြုပ်ခဲ့သည့် ဒေသများရှိ ဒေသခံပြည်သူများအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ အားပေးစကားများ ပြောကြားခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများလိုက်ပါခဲ့ကြပြီး ဇော်ဂျီမြစ်၊ ပန်းလောင်မြစ်၊ စမုံမြစ်များ ရုတ်တရက် ရေကြီးရေလျှံမှုများကြောင့် ကျောက်ဆည်ခရိုင်အတွင်း မြေနိမ့်ပိုင်းဧရိယာများနှင့် အနီးရှိရပ်ကွက်များ၊ ကျေးရွာများတွင် ရေများဝင် ရောက်၍ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ယာယီရေဘေးရှောင် စခန်းများ၌ ကူညီနေရာချထားပေးထားသည့် ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားများပြောကြား၍ စားရေရိက္ခာများပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည် မြို့နယ် ကြက်မင်းတွန်ကျောင်းတိုက်ရှိ ဓမ္မာရုံတွင်ဖွင့်လှစ်ထားသည့် ယာယီရေဘေး ရှောင်စခန်းသို့လည်းကောင်း၊ ၎င်းနောက် မြစ်သားမြို့ ဘူတာရပ်ကွက်ရှိ ရွှေဘုံ သာဘုန်းကြီးကျောင်း၊ ရွာသစ်ကျေးရွာအုပ်စုရှိ မန်းမန္တလာဘုန်းကြီးကျောင်းသို့ လည်းကောင်း၊ ကူမဲမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ရွှေဘုံသာဘုန်းကြီး ကျောင်းတို့၌ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းများသို့လည်းကောင်း သွားရောက်ပြီး ရေဘေးသင့် ပြည်သူများကို တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယာယီရေဘေးရှောင်စခန်းတွင် ခေတ္တနေထိုင်စဉ်အတွင်း ကျန်းမာရေးအထူး ဂရုစိုက်နေထိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများ၊ သောက်သုံးရေ ရရှိ ရေးဆောင်ရွက်ပေးနေမှုများ၊ လျှပ်စစ်မီး၊ လမ်း၊ တံတားများ ပြန်လည်ကောင်းမွန်ရေး ဆောင်ရွက်ပေးသွားမည့်အခြေအနေများကို ပြောကြားပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ရေများကျဆင်းသွားသည့်အခါ ဆက်လက်ဆောင်ရွက်ပေးသွားမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များနှင့် ဒေသခံများ၏လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အလှူရှင်များဖြစ်သည့် New Strarlight ဆောက်လုပ်ရေးကုမ္ပဏီနှင့် ကျင်းလုံမြန်မာ စက်မှု လုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်တို့မှ စားရေရိက္ခာများ၊ သောက်ရေသန့်ဘူးများကို လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်း ထောက်ပံ့ငွေ ၂၆,၇၁၄,၁၀၀ ကျပ် ပေးအပ်၍ အားပေးစကားများပြောကြားပြီး ကျန်းမာရေး စောင့်ရှောက် ပေးနေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံသို့သွား ရောက်ပြီး ဆေးရုံအတွင်း ရေဝင်ရောက်ခဲ့မှုများနှင့် ရေပြန်လည်ကျဆင်းမှုအခြေအနေများ၊ ရောဂါရှာဖွေရေး စက်ပစ္စည်းများ ရေလွတ်ရာ နေရာများသို့ရွှေ့ပြောင်းထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး ဆေးရုံတွင်တက် ရောက်ဆေးဝါးကုသမှုခံယူနေသည့် လူနာများကို အားပေးစကားများ ပြောကြား၍ အာဟာရဖြည့်စွက်စာများ ပေးအပ်ကာ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပြီး ဆေးရုံအတွက် သောက်သုံးရေးအခက်အခဲမရှိစေရန် New Strarlight ဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်း ၂၀၀ ခန့် ကုန်ကျမည့် ၄ လက်မခွဲ စက်ရေတွင်းနှင့် ကျင်းလုံမြန်မာစက်မှုလုပ်ငန်းသုံး ပစ္စည်းရောင်းဝယ်ရေးကုမ္ပဏီ လီမိတက်မှ ကျပ်သိန်း ၂၀ ခန့် တန်ဖိုးရှိ ရေမြုပ်မော်တာတို့ကို လည်းကောင်း လှူဒါန်းခဲ့သည်။
အဆိုပါခရီးစဉ်၌ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဆည်ခရိုင်အတွင်း ဇော်ဂျီမြစ်ရေလျှံတက်မှုကြောင့် ဟန်မြင့်မိုရ်-မြို့ကြီး-ရွာငံ-အောင်ပန်းလမ်းမိုင်(၇/၀-၇/၄)တို့ ကြားလမ်းတာဘောင် အလျား ၂၀၀ ပေ ပျက်စီးခြင်းဖြစ်ပေါ်ခဲ့သည့်နေရာသို့ သွားရောက်ပြီး ပြတ်တောက်သွားသည့် လမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို လည်းကောင်း၊ ရန်ကုန်-မန္တလေး ကားလမ်း၊ မိတ္ထီလာခရိုင် မိုင် (၃၄၉/၆) နှင့် (၃၄၉/၇) တို့ကြား ကွန်ကရစ်လမ်းသား အကျယ် ၁၀ ပေခန့်၊ အလျား ၃၅၀ ပေခန့် လမ်းသားပဲ့ကျမှု၊ မိုင်တိုင်အမှတ် (၃၄၉/၆) နှင့် (၃၅၀/၄-၆ဖာလုံ) လမ်းတာဘောင် ပျက်စီးသွားမှု အခြေအနေများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေး၍ ဒေသခံပြည်သူများ ယာဉ်သွားလာမှုအမြန်ဆုံးရရှိရေး၊ လမ်းကြောင်းပြန်လည်ဖွင့်လှစ်ရေး ဆောင်ရွက်သွားရန်တို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည် များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)
Newspaper - 3044 items
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၂ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ January 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download