မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / December 27, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၇ ရက် ညနေ ၅ နာရီတွင် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ၆၂ လမ်းပေါ်တွင် သိန်းဇော်ဦး မောင်းနှင်ပြီး ရန်နိုင်စိုး လိုက်ပါလာသည့် ၂၂ ဘီးတွဲယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၄,၄၀၀ ပြား ဖမ်းဆီးရမိခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ခိုင်းသူ အောင်အောင်နှင့် ဗဟိန်းတို့ကို ပြည်ကြီးတံခွန်မြို့နယ်တွင်လည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ ဒီဇင်ဘာ ၁၈ ရက်တွင် မစန်းစန်းမြအား အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာရှိနေအိမ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၈၄,၀၀၀ ပြားနှင့်အတူ လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဒီဇင်ဘာ ၁၉ ရက်တွင် မျိုးထွန်းအောင်(ခ)စိုင်းဓနအောင်(ခ)ကျောင်းဆရာအား ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၅ ဒသမ ၅ ကီလို၊ အက်တက်စီ ၈,၆၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလိုနှင့် TOYOTA CROWN မော်တော်ယာဉ် တစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး၊ ဒီဇင်ဘာ ၂၀ ရက်တွင် ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၌ ထိုက်စိုးကျော်အား စိတ်ပြောင်းဆေးဝါး ကက်တမင်း ၁ ဒသမ ၉ ကီလို၊ အက်တက်စီ ၉,၆၀၀ ပြား၊ Happy-5 ဆေးပြား ၉,၀၀၀ ပြား၊ Happy Water ၁ ဒသမ ၂၁၅ ကီလိုနှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သဖြင့် မန္တလေးမြို့ပေါ်ရှိ KTV၊ ဘား၊ ကလပ်နှင့် စားသောက်ဆိုင်များတွင် လူငယ်များအား ရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် နှစ်ဘီလီယံခန့်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၁၈၄ သိန်း၊ ကက်တမင်း ၁ ဒသမ ၉ ကီလို၊ Happy Water ၆ ဒသမ ၇၁၅ ကီလို၊ အက်တက်စီ ၁၈,၂၄၀ ပြား၊ အက်တက်စီအမှုန့် သုည ဒသမ ၂ ကီလို၊ Happy-5 ဆေးပြား ၉,၀၀၀ ပြားတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းနှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Newspaper - 3026 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download