မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီးအတွင်း ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / January 11, 2025
နေပြည်တော် ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီးအတွင်း လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ ရေဘေးသင့်အာမခံအလုပ်သမားများအား လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ခွင့်ပြုထုတ်ပေးရန် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံလွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
လွှဲပြောင်းပေးအပ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလေးတိုင်းဒေသကြီးတွင် အလုပ်ဌာန ၇၃၀၇ ဌာန၊ အာမခံအလုပ်သမား ၁၂၄၁၆၄ ဦး မှတ်ပုံတင်ထားသည့်အနက် အလုပ်ဌာန ၉၅ ဌာနမှ ရေဘေးသင့် အာမခံ အလုပ်သမား ၁၁၉၇ ဦးရှိပြီး အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ်လူမှု ဖူလုံရေးဆေးခန်း ၁၃ ခန်း၊ ဌာနကြီးဆေးခန်း ကိုးခန်း၊ စာချုပ်ဆေးခန်းခုနစ်ခန်းဖွင့်လှစ်၍ ၂၀၂၄ ခုနှစ်ဧပြီလမှ ဒီဇင်ဘာလအထိ အာမခံအလုပ်သမား လူနာပေါင်း ၉၀၂၈၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ကြောင်းပြောကြားပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးထံ အာမခံအလုပ်သမား ၁၁၉၇ ဦးအတွက် လူမှုဖူလုံရေးကူညီမှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၉၇ ဒသမ ၁၁၄ သန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အာမခံအလုပ်သမားများနှင့် အလုပ်ရှင်များကိုယ်စား ကျေးဇူးတင်စကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဒေသကြီးရုံးသို့လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း(မန္တလေး)၌ အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်း ဖွင့်လှစ်ပို့ချနေမှုကို လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန မြို့နယ်ရုံးသို့လည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့ဖြင့် စာချုပ်ချုပ်ဆိုဆောင်ရွက် လျက်ရှိသည့် လူမှုဖူလုံရေး-ဘေးမခ အထွေထွေရောဂါကုဆေးခန်း၌ အာမခံအလုပ်သမားများအား ဆေးဝါးကုသဆောင်ရွက်ပေးနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အဆိုပါသင်တန်း ကျောင်းခန်းမ၌ မန္တလေးတိုင်းဒေသကြီးရှိ မြို့နယ်ရုံးများမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြာ ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3040 items
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက်၊ ဇန်နဝါရီ ၁၁ ရက်၊ စနေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက်၊ ဇန်နဝါရီ ၁၀ ရက်၊ သောကြာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ဇန်နဝါရီ ၉ ရက်၊ ကြာသပတေးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၁၀ ရက်၊ ဇန်နဝါရီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download