မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ သင်ယူလျက်ရှိ


Ministry of Information/ Naypyitaw / May 04, 2025
image_latest


နေပြည်တော် မေ ၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာသင်ခန်းစာများကို အေးချမ်းစွာအနီးကပ် သင်ယူနေမှုများအား လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များ မှာကြားသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအား ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးမည့် တက္ကသိုလ်များမှ ပါမောက္ခ၊ ဆရာ ဆရာမများအား တွေ့ဆုံကာ ယခုကဲ့သို့ သဘာဝဘေးဒဏ်ခံခဲ့ရ၍ စာမေးပွဲပြန်လည်ဖြေဆိုကြရမည့် ကျောင်းသား ကျောင်းသူများအတွက် စေတနာမေတ္တာများဖြင့် လာရောက်သင်ကြားပြသပေးနေခြင်းသည် အလွန်မွန်မြတ်သော ပညာဒါနကြီးတစ်ခုပင်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ၊ မိဘပြည်သူများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လေးခုမှ ကျောင်းသား ကျောင်းသူများအားလုံး တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းတိုက်တွန်းနှိုးဆော်ပေးကြစေလိုပါကြောင်း ပြောကြားကာ ဆရာ ဆရာမများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအလိုက် ဘာသာရပ်ဆိုင်ရာ အနီးကပ် သင်ကြားပို့ချပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

ထိုမှတစ်ဆင့် ကျောက်ဆည်မြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ မြို့မအခြေခံပညာ အထက်တန်းကျောင်း၊ မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း(ရှမ်းတဲ)၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ပျော်ဘွယ်မြို့ အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ စာသင်ခန်းများသို့ သွားရောက်၍ သင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ တက္ကသိုလ်ပါမောက္ခ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရခြင်းအခြေအနေ၊ အမှတ်ကောင်းကောင်းဖြင့် အောင်မြင်စေရေး မိဘများက ပံ့ပိုးပေးရန် လိုအပ်မှုအခြေအနေများကို ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3152 items

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၄ ရက်၊ ဧပြီ ၃၀ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက်၊ ဧပြီ ၂၉ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်ကျော် ၁၃ ရက်၊ ဧပြီ ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download