မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် သွပ်၊ သံနှင့် ဘိလပ်မြေများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး


Ministry of Information/ Naypyitaw / May 14, 2025
image_latest


မန္တလေး မေ ၁၃

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်သည့် သွပ်၊ သံနှင့် ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ သတ်မှတ်နေရာ၌ မေ ၁၃ ရက်မှ စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ငလျင်ဘေးသင့်အဆောက်အအုံများကို ပြန်လည်တည်ဆောက်ရာ၌ အရည်အသွေးမှန်ကန်သည့် ပစ္စည်းများအသုံးပြုနိုင်ရေး၊ ဈေးနှုန်းသက်သာစေရေး၊ အာမခံချက်ရှိသည့်ပစ္စည်းများကို လွယ်ကူလျင်မြန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် အဆောက်အအုံများ မြန်ဆန်စွာဆောက်လုပ်နိုင်ရေး ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်ပြီး သက်ဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များက ပူးပေါင်းပါဝင် ရောင်းချပေးခြင်းဖြစ်သည်။

မဟာအောင်မြေခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက “ကျွန်တော်တို့အနေနဲ့ ငလျင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အအုံတွေပြင်ဆင်ဖို့ လိုအပ်တဲ့ ဘိလပ်မြေ၊ သံချောင်းတွေကို သက်သာတဲ့နှုန်းထားနဲ့ စက်ရုံထုတ်ဈေးနီးပါး ရောင်းချပေးနိုင်ဖို့ လာရောက်ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဘိလပ်မြေတစ်အိမ်ကို စက်ရုံဈေးငွေကျပ် ၁၇၅၀၀ နဲ့ ရောင်းချပေးတာပါ။ ရောင်းချမယ့်အရေအတွက် ကန့်သတ်ထားတာမရှိပါဘူး။ ကိုယ့်ရဲ့ပျက်စီးတဲ့ အဆောက်အအုံက ဘိလပ်မြေ အိတ် ၅၀ လောက် လိုအပ်တာကို အိတ် ၁၀၀ လောက် ဝယ်ယူတာတော့မဖြစ်စေချင်ပါဘူး။ ဒါကိုလည်း သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်ပြီး သင့်တင့်တဲ့ အိတ်အရေအတွက်ကို အင်ဂျင်နီယာအဖွဲ့က စိစစ်ပေးမှာဖြစ်ပါတယ်။ အမှန်တကယ်လိုအပ်တဲ့ အရေအတွက်ကိုပဲ ရောင်းချပေးမှာဖြစ်ပါတယ် ဟု ပြောသည်။

ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ပြည်သူများအနေဖြင့် မိမိတို့၏ အဆောက်အအုံများမှ သာမန်အသေးစားပြင်ဆင်ရန် လိုအပ်သည့် အရေအတွက်အတိုင်း လာရောက်ဝယ်ယူစေလိုပြီး အကြီးစားပြင်ဆင်ရန်လိုအပ်ပါက တတ်ကျွမ်းသည့် အင်ဂျင်နီယာများဖြင့် တွက်ချက်ကာခွင့်ပြုချက်ရယူ၍ ပြန်လည်ပြင်ဆင်သင့်ကြောင်း ၎င်းကအကြံပြုပြောကြားသည်။

ယနေ့တွင် ဆောက်လုပ်ရေးသုံးပစ္စည်းများ လာရောက်ဝယ်ယူသည့် ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အုပ်စုမှ ဦးရန်ရှင်းကပြောကြားရာ၌ “ကျွန်တော်တို့ ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်အုပ်စုမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ထောင်စု ၄၉ စုရှိပါတယ်။ သူတို့အတွက် ဘိလပ်မြေတွေကို လာဝယ်တာပါ။ အခုရောင်းပေးတဲ့ ဘိလပ်မြေဈေးက အပြင်ပေါက်ဈေးထက် အများကြီးသက်သာတယ်။ ဒီလိုသက်သာတဲ့ဈေးနှုန်းနဲ့ ပြည်သူတွေအဆင်ပြေအောင် ရောင်းချပေးတဲ့အတွက်ဝမ်းသာပါတယ်။ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဆောက်အအုံတွေ ပြန်လည်ပြုပြင်တည်ဆောက်ဖို့ သစ်တွေ၊ သံတွေလည်း လိုအပ်တဲ့အတွက် အိမ်ဆောက်ပစ္စည်းမှန်သမျှကို အတတ်နိုင်ဆုံးသက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ်ဆိုရင် ပြည်သူတွေ ဝမ်းမြောက်ဝမ်းသာဖြစ်ကြ မှာပါ ဟု ပြောသည်။

ဆောက်လုပ်ရေးပစ္စည်းများ လာရောက်ရောင်းချသည့် မြန်မာ-မန္တလေးဖူရှင်စတီး ကုမ္ပဏီလီမိတက်မှ ဒုတိယမန်နေဂျာ ဒေါ်ဌေးဌေးရီက “ကျွန်မတို့ ကုမ္ပဏီအနေနဲ့ သံချောင်းလုံးတွေကို ရောင်းချပေးနေပါတယ်။ နောက်ပြီး ငလျင်ဒဏ်သင့်ပြည်သူတွေ လိုအပ်တဲ့ ပစ္စည်းအရေအတွက်ကိုလည်း စာရင်းကောက်ယူနေပါတယ်။ ဈေးနှုန်းတွေကတော့ အပြင်မှာရောင်းချတဲ့ ဈေးနှုန်းထက်သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးတာပါ။ ငလျင်ဘေးပြန်လည်ထူထောင်ရေးမှာ အထောက်အကူဖြစ်၍ မန္တလေးမြို့ကြီး မြန်မြန်ဆန်ဆန်နဲ့ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရောင်းချပေးတာဖြစ်ပြီး ကျွန်မတို့ စက်ရုံထုတ်ပစ္စည်းတွေကို အရည်အသွေး ပိုမိုကောင်းမွန်အောင်စမ်းသပ်ထုတ်လုပ် ထားတာဖြစ်တဲ့အတွက် စက်ရုံထုတ်သံတွေကို ယုံကြည်စိတ်ချစွာအသုံးပြုလို့ရပါတယ် ဟု ပြောသည်။

ဆောက်လုပ်ရေးသုံး ပစ္စည်းများလာရောက်ဝယ်ယူသည့် ပြည်ကြီးတံခွန်မြို့နယ်မှ ဦးလှိုင်မင်းကလည်း “ငလျင်ဒဏ်ကြောင့် အိမ်က အုတ်နံရံတွေအက်ကွဲသွားလို့ ဘိလပ်မြေလိုအပ်တဲ့အတွက် အိတ် ၁၀၀ လာရောက်ဝယ်ယူတာပါ။ ဈေးနှုန်းအနေနဲ့တော့ တစ်အိတ်ကို ငွေကျပ် ၁၇၅၀၀ ပေးရတယ်။ အပြင်ဈေးနှုန်းထက် အများကြီးသက်သာပါတယ်။ ငလျင်ဒဏ်ကြောင့် အိမ်ပျက်စီးသွားပြီး ပြန်လည်ပြင်ဆင်ဖို့လိုအပ်တဲ့ ပြည်သူတွေကို အခုလိုဈေးနှုန်းချိုသာစွာနဲ့ အလွယ်တကူရောင်းချပေးတဲ့အတွက် ဝမ်းသာပါတယ်။ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိပါတယ်။ ဝယ်ယူရတာလည်း အားလုံးအဆင်ပြေပါတယ်ဟု ပြောသည်။

ငလျင်ဘေးပြန်လည်ထူထောင်ရေးအတွက် မန္တလေးမြို့တွင် ငလျင်ဘေးသင့်ပြည်သူများအား ဆောက်လုပ်ရေးသုံး ပစ္စည်းများဖြစ်သည့် သွပ်၊ သံနှင့် ဘိလပ်မြေတို့ကို သက်သာသောဈေးနှုန်းဖြင့် မေ ၁၃ ရက်မှ စတင်ရောင်းချပေးလျက်ရှိရာ ဝယ်ယူသည့် လိုအပ်ချက်အပေါ်မူတည်၍ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

Newspaper - 3210 items

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၅ ရက် ၊ ဇွန် ၂၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၄ ရက် ၊ ဇွန် ၂၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၃ ရက် ၊ ဇွန် ၂၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ June 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၂ ရက် ၊ ဇွန် ၂၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ June 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁ ရက် ၊ ဇွန် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လကွယ်နေ့ ၊ ဇွန် ၂၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ ဇွန် ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်၊ ဇွန် ၂၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download