မန္တလေးတိုင်းဒေသကြီးအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်နေသောဂိုဏ်းအား ဖော်ထုတ်ဖမ်းဆီး


Ministry of Home Affairs/ နေပြည်တော် / May 16, 2025


     မန္တလေးတိုင်းဒေသကြီးနယ်မြေအတွင်း မန္တလေးမြို့ပေါ် အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မြစ်ငယ်မြို့များအတွင်း ပြောက်ကျားဝတ်စုံများဝတ်ဆင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ ဂိုဏ်းဖွဲ့၍ ဓားပြတိုက်ခြင်း၊ လုယက်ခြင်းများ မကြာခဏ ကျုးလွန်ဖြစ်ပွားလာသဖြင့် ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိရေး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းဖော်ထုတ်ဖမ်းဆီးခဲ့ရာ ၂၀၂၅ ခုနှစ် မေ ၅ ရက်တွင် ဓားပြတိုက်၊ လုယက်မှုများ ကျူးလွန်မှုများတွင် ဦးဆောင်ကျူးလွန်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ နေထက်လင်း(၂၉)နှစ် (ဘ)ဦးသံချောင်းအား ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါ သည်။

     ဖမ်းဆီးရမိတရားခံ နေထက်လင်း၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက်ဖော်ထုတ်ဖမ်းဆီးခဲ့ရာ ဓားပြတိုက်၊ လုယက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သူများဖြစ်သည့် ၎င်း၏ဇနီးဖြစ်သူ မေမီမီကို(၃၁)နှစ်(ဘ)ဦးကိုကိုလွင်၊ စဉ့်ကိုင်မြို့နယ်၊ အရေးမဆိုကျေးရွာနေ ညီညီလွင်(ခ)ညီညီ(၂၉)နှစ်(ဘ)ဦးအေးကို၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ ကိုကိုလွင်(၆၅)နှစ် (ဘ)ဦးတင်မောင်လေး၊ အမရပူရမြို့နယ်၊ ရေကြည်ပေါက်ကျေးရွာနေသူများဖြစ်သည့် ရဲနိုင်ဝင်း(ခ)ဖိုးသား(၃၇)နှစ်(ဘ)ဦးခင်မောင်၊ ဟိန်းမင်းသူ(ခ)ဟူစိန်(၂၂)နှစ်(ဘ)ဦးမြင့်စိုး၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ နေမင်းအောင်(ခ)ထက်လင်း(၂၆)နှစ်(ဘ)ဦးမြင့်မိုး၊ အမရပူရမြို့နယ်၊ စာတိုးကျေးရွာနေ မျိုးဇော်(၂၆)နှစ်(ဘ)ဦးမြင့်နောင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်နေသူများဖြစ်သည့် မင်းသက်နိုင်(ခ)ကျစ်ကျစ်(၂၈)နှစ်(ဘ)ဦးကိုကိုလွင်၊ ကျော်သီဟ(ခ)သီဟ(၂၄)နှစ်(ဘ)ဦးကျော်၊ မင်းသက်ကို(ခ)ချစ်ချစ်(၂၃)နှစ်(ဘ)ဦးကိုကိုလွင်၊ ပုသိမ်ကြီးမြို့နယ်၊ ကုလားကြီးကျေးရွာနေ ဇာနည်ထွန်း (ခ)ဇာနည်(၃၈)နှစ်(ဘ)ဦးကြည်လေး၊  နေပြည်တော်၊ သာဝတ္ထိမြို့၊ စက်ရုံစုရပ်ကွက်နေ ဉာဏ်ထက်လင်း(ခ)ကိုထက် (၃၁)နှစ်(ဘ)ဦးနေမျိုးလှိုင်၊ မုံရွာမြို့၊ မြဝတီရပ်ကွက်နေသူများဖြစ်သည့် သန်းသန်းမိုး(၅၁)နှစ် (ဘ)ဦးသံချောင်းနှင့် မြင့်မိုး(၅၁)နှစ်(ဘ)ဦးပေါရှိန်၊ အမရပူရမြို့နယ်၊ ဘနောကျေးရွာနေ ဖြူစွာမင်း(ခ) ကတုံး(၃၀)နှစ်(ဘ)ဦးချွတ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နေ ဇော်မျိုးထက်(ခ)ကိုမျိုး(၃၃)နှစ်  (ဘ)ဦးသံချောင်းတို့ ပါဝင်သောဂိုဏ်းအဖွဲ့မှ တရားခံအမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၇ ဦးတို့အား ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စတိုသေနတ် လေးလက်၊ မော်တော်ယာဉ် သုံးစီး၊ ဆိုင်ကယ် တစ်စီး၊ ပြောက်ကျားဝတ်စုံ လေးစုံတို့နှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါသည်။

     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ သုံးဦးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ခင်လူးလေး ကျေးရွာနေ ကိုဟန်(ခ)ကိုသီဟန် မောင်းနှင်လာသည့် YGN/2R-XXXX FORD DOUBLE CUB  မော်တော်ယာဉ်အား လုယက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ဖြူစွာမင်းတို့ ၃ ဦးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ “မောင်ဒိန်း” ရွှေဆိုင်အား လုယက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ၄ ဦးသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ချမ်းမြသာစည်မြို့နယ်ရှိ “Sky Star Mobile” ဖုန်းဆိုင်မှ ဖုန်း ၈၄ လုံးနှင့် ငွေကျပ် ၇ သိန်းကျော်အား လုယက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ ရဲနိုင်ဝင်း၊ ဟိန်းမင်းသူ၊ နေမင်းအောင်တို့ ၅ ဦးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မဈေးအတွင်းရှိ “ဦးသန်းထွန်း+ဒေါ်ခင်ရီ” ရွှေဆိုင်နှင့် “ဦးသန်းနိုင်+ဒေါ်သူဇာဝင်း” ရွှေဆိုင်တို့အား ဓားပြတိုက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ မျိုးဇော်၊ နေမင်းအောင်၊ မင်းသက်နိုင်၊ ဇာနည်ထွန်း၊ သန်းသန်းမိုး၊ မြင့်မိုးတို့ ၇ ဦးသည်  ၂၀၂၄ ခုနှစ်၊ မေ ၃၁ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၃၈ x ၃၉ လမ်းနှင့် ၈၄ x ၈၅ ကြားရှိ မန်းမြို့ဈေးအတွင်း၌ “ဆယ်သန်း” ရွှေဆိုင်အား ဓားပြတိုက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်းနှင့် ညီညီလွင်တို့ ၂ ဦးသည် ၂၀၂၅ ခုနှစ်၊ မတ် ၁၇ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ x ၅၅ ကြား၊ (၁၁)Fလမ်းနေ ဒေါ်ဆွေဇင်ထွန်း၏ နေအိမ်အတွင်း ဝင်ရောက်၍ ငွေစက္ကူရောရာ ငွေကျပ် ၁၁၉ သိန်းအား လုယက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ဉာဏ်ထက်လင်းတို့ ၆ ဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၅ ရက်တွင် အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမူကျေးရွာရှိ “မြသဇင်” အထည်ဆိုင်အား ဓားပြတိုက်မှု ကျူးလွန်ရာတွင်လည်းကောင်း၊ နေထက်လင်း၊ ညီညီလွင်၊ မင်းသက်ကို၊ ကျော်သီဟ၊ မေမီမီကို၊ ကိုကိုလွင်နှင့် ဉာဏ်ထက်လင်းတို့ ၇ ဦးသည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၈ ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၅ လမ်း၊ ၁၀၃ x ၁၀၄ ကြားရှိ “ရွှေဇာမဏီ” ရွှေဆိုင်အား ဓားပြတိုက်မှု ကျူးလွန်ရာတွင်လည်းကောင်း ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း စစ်ဆေးဖော်ထုတ် သိရှိရသည်။ 

     ဖော်ထုတ်ဖမ်းဆီးရမိသည့် ဓားပြတိုက်ခြင်း၊ လုယက်မှုများအား ကျူးလွန်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကျူးလွန်ခဲ့ကြကြောင်း အထောက်အထားများနှင့်တကွ စစ်ဆေး ပေါ်ပေါက်ပြီး ဖမ်းဆီးရမိသည့် နေထက်လင်းပါ အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၇ ဦး တို့အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဖမ်းဆီးရန်ကျန် တရားခံများနှင့် သိမ်းဆည်းရန်ကျန် လက်နက်ခဲယမ်းများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး၊ ဖြစ်စဉ်များတွင်ပါဆုံးခဲ့သည့် သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Newspaper - 3335 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download