မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာစံမြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့၌ ငွေကျပ် သိန်း ၁,၈၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ


Ministry of Home Affairs/ Naypyitaw / July 30, 2025


     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်ရှိ ဟိုတယ်အခန်းအမှတ်(၂၀၃)၌ တည်းခိုနေသည့် ဒေါ်ခွန်းဟန်နီအိမ့်(၃၁)နှစ်နှင့် ဒေါ်ခင်နှင်းပွင့်ဖြူ(ခ)ဂူးဂူး(၃၀)နှစ်တို့ နှစ်ဦးထံမှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၀ ဒသမ ၂၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၃၀၀)၊ ကတ်တမင်း ၀ ဒသမ ၀၉ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၂၇ သိန်း)နှင့် စိတ်ကြွရူးသွပ်ဆေးပြား ၅၅ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ်နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၈၂,၅၀၀)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း။

     ထပ်မံစစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဒေါ်ခွန်းဟန်နီအိမ့် နေထိုင်သည့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ နေအိမ်မှ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၁ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၁,၂၀၀)၊ ကတ်တမင်း ၀ ဒသမ ၂၄ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၇၂ သိန်း) ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း။

     ကွင်းဆက်ဖော်ထုတ်ချက်အရ ည ၇ နာရီ ၁၅ မိနစ်တွင် စိတ်ပြောင်းဆေးဝါးများ လာရောက်ပို့ဆောင်ရောင်းချပေးသူ ဝင်းမင်းထွန်း(ခ)ဝင်းထွန်း(၄၅)နှစ်နှင့် ဒေါ်ဖြူဖြူကျော်(၃၆)နှစ်တို့ နှစ်ဦးအား မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်တွင် ဆိုင်ကယ် တစ်စီး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နေထိုင်သည့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉,၅၀၀ ပြား (တစ်ပြားလျှင် ၁,၅၀၀ ကျပ် နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၄၂ ဒသမ ၅ သိန်း)၊ စိတ်ပြောင်းဆေးဝါးများ ရောစပ်ထားသည့် Happy Water ၀ ဒသမ ၀၄၂ ကီလို(တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေသကာလ တန်ဖိုး ငွေကျပ် ၅၀ ဒသမ ၄ သိန်း)၊ ကတ်တမင်း ၀ ဒသမ ၀၃၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၃၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုး ငွေကျပ် ၁၀ ဒသမ ၅ သိန်း) ဆက်လက်ဖမ်းဆီးရမိသဖြင့် ဒေါ်ခွန်းဟန်နီအိမ့်၊ ဒေါ်ခင်နှင်းပွင့်ဖြူ၊ ဝင်းမင်းထွန်း(ခ)ဝင်းထွန်းနှင့် ဒေါ်ဖြူဖြူကျော်တို့ လေးဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper - 3294 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 19, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ September 18, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 14, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download