မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံး
Ministry of Home Affairs/ နေပြည်တော် / August 14, 2025
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၁၂ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ၊ ပြင်ဦးလွင်-မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၂၆ မိုင် ၄ ဖာလုံ၌ ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ပြင်စာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပြင်ဦးလွင်မြို့နယ်၊ မိုင်းလုံးကျေးရွာနေ ဉာဏ်မင်းထက်(၂၀)နှစ် မောင်းနှင်လာသည့် MDY-16/ 7M-XXXX VOLKSWAGEN GOLF အဖြူရောင်မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင် ရပ်ကွက်နေ ဦးညို(၅၇)နှစ် မောင်းနှင်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်အေးအေးသင်း(၅၃)နှစ်၊ ဒေါ်မျိုးသူရ(၃၄)နှစ်နှင့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်နေ ဒေါ်ခိုင်ခိုင်လင်း(၃၃)နှစ်တို့ လိုက်ပါလာသော MDY-15/4J-XXXX LIGHT TRUCK အဖြူရောင်မော်တော်ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်အေးအေးသင်းမှာ မော်တော်ယာဉ်ပေါ်မှ ပြုတ်ကျပြီး ထိခိုက် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သောကြောင့် ဉာဏ်မင်းထက် အား ပြင်စာနယ်မြေရဲစခန်း ယာဉ်(ပ)၁၄ /၂၀၂၅၊ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper - 3256 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၈ ရက် ၊ သြဂုတ် ၁၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၇ ရက် ၊ သြဂုတ် ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၃ ရက် ၊ သြဂုတ် ၁၁ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၂ ရက် ၊ သြဂုတ် ၁၀ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁ ရက် ၊ သြဂုတ် ၉ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ၊ သြဂုတ် ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ August 08, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက် ၊ သြဂုတ် ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 07, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download