မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့သို့ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား PDF အမည်ခံအကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်းမြို့သို့ဆက်သွယ်ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား PDF အမည်ခံအကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီး
Ministry of Information/ Naypyitaw / October 29, 2025
နေပြည်တော် အောက်တိုဘာ ၂၉
PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ဒေသတွင်းကုန်စည်စီးဆင်းမှုများပျက်ပြားစေရန်ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများကို ယုတ်မာရိုင်းစိုင်းစွာဥပဒေမဲ့ကျူးလွန်လျက်ရှိကြရာ ယနေ့တွင် ရွှေဘို-ကျောက်မြောင်း-စဉ့်ကူး-မန္တလေးသွားကားလမ်းပေါ်ရှိ(ရတနာသိင်္ခ)အား ဧရာဝတီမြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဧရာဝတီတံတားအကြမ်းဖက်သမားများက ယုတ်မာရိုင်းစိုင်းစွာမိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရသည်။
အဆိုပါ တံတားသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ကိုဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့်ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့်တံတားတစ်စင်းဖြစ်ပြီး အဆိုပါတံတားအား အောက်တိုဘာလ ၂၉ ရက် ယနေ့နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများနှင့်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ မိုင်းပေါက်ကွဲမှုကြောင့် တံတား၏ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့ အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျက်စီးခဲ့သည်။ ထိုသို့ အကြမ်းဖက်သမားများ၏ အမြော်အမြင်မဲ့စွာဆင်ခြင်မှုမရှိသော ဖျက်လိုဖျက်ဆီးလုပ်ရပ်များကြောင့် ယခုအခါမော်တော်ယာဉ်များနှင့်ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။
ဧရာဝတီတံတား(ရတနာသိင်္ခ)သည် တံတားအရှည် ပေ ၂၄၈၀ (သံကူကွန်ကရစ်တံတား)၊ တံတားအကျယ် ၂၅ ပေ၊ လူသွားလမ်း ဘယ်/ညာသုံးပေရှိပြီး တံတားဆောက်လုပ်ရေးအထူးအဖွဲ့-၁၄ မှ ၂၀၁၀ ပြည့်နှစ် ဧပြီလ ၁၆ ရက်နေ့တွင် စီမံကိန်းစတင်ကာ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဆောက်လုပ်ပြီးစီး၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ ယခုအခါ PDF အမည်ခံအကြမ်းဖက်သမားများနှင့် ပူးပေါင်းအဖွဲ့များက ဒေသတွင်းကောင်းစားရေးဟုသုံးနှုန်း၍ အမှန်တကယ်တွင် ပြည်သူလူထု၏လူမှုစီးပွားဘဝများ၊ လူအခွင့်အရေးများများစွာဆုံးရှုံးအောင် လုပ်ဆောင်နေကြသည့်အပေါ် ဒေသခံပြည်သူများက သိရှိနားလည်သဘောပေါက်လာကြပြီဖြစ်ပြီး ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)အား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုအပေါ် ရွံရှာမုန်းတီးစွာ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့်လည်း အဆိုပါတံတားအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Newspaper - 3332 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
