မန္တလေးမြို့တွင်ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်နောက်ဆုံးရက်တွင် လာရောက်ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကား
မန္တလေးမြို့တွင်ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်နောက်ဆုံးရက်တွင် လာရောက်ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကား
Ministry of Information/ Naypyitaw / October 19, 2024

မန္တလေး အောက်တိုဘာ ၁၈
မန္တလေးမြို့ ကျုံးတောင်ဘက်ခြမ်းတွင်ကျင်းပသည့် သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ဒေသခံ ပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ခရီးသွားများပါ လာရောက်ပါဝင်ဆင်နွှဲကြသဖြင့် ယနေ့ပွဲတော်နောက်ဆုံးရက်တွင်လည်း စည်ကားခဲ့ကြောင်း သိရသည်။
စည်ကားသိုက်မြိုက်
အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကကြီးမှူးကာ အောက်တိုဘာ ၁၆ ရက်မှစ၍ ကျုံးတောင်ဘက်ခြမ်း ၂၆ လမ်းတစ်လျှောက် ၆၆ လမ်းမှ ၇၃ လမ်းအတွင်း ကျင်းပခြင်းဖြစ်ပြီး ဆီမီးတစ်သောင်း ကပ်လှူပူဇော်ပွဲများ၊ ပွဲတော်ကျင်းပရာ လမ်းတစ်လျှောက်ရောင်စုံမီးများ ထွန်းညှိပြင်ဆင်ထားရှိမှုများနှင့်အတူ နိုင်ငံကျော်အဆိုတော်များ ပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးလှူဒါန်းမှုများအပြင် အစားအသောက်များ ရောင်းချသည့် စျေးဆိုင်တန်းများပါ ထည့်သွင်းထားပြီး ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ စည်ကား သိုက်မြိုက်စွာကျင်းပခဲ့ရာ သီတင်းကျွတ်လပြည့်နေ့မှစ၍ ယနေ့ပွဲတော်နောက်ဆုံးရက်အထိ ပျော်ရွှင်စွာလာရောက်ပါဝင် ဆင်နွှဲကြသူများဖြင့် စည်ကားခဲ့သည်။
“ရန်ကုန်ကနေ ကလေးတွေကျောင်းပိတ်လို့ မန္တလေးကိုဘုရား ဖူးထွက်လာရင်း ဒီပွဲတော်နဲ့ ကြုံလို့လာခဲ့တာပါ။ မန္တလေးကျုံးအလှကို ရောင်စုံဆီမီးတွေရဲ့အလှနဲ့ ပေါင်းစပ်ပြီးကြည့်ရတာ သိပ်ကိုလိုက်ဖက်တဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုမျိုး ခံစားရတယ်။ ပွဲတော်ရောက်အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ပြီးပါပြီ။ စျေးဆိုင်တန်းတွေမှာလည်း မန္တလေး ဒေသအစားအစာတွေ ဝယ်စားပြီးသွားလို့ အခုကလေးတွေနဲ့ ဖျော်ဖြေရေးမဏ္ဍပ်မှာ သီချင်းသွားနားထောင်မလို့ပါ” ဟု ရန်ကုန်မြို့မှ မိသားစုလိုက်လာရောက်လည်ပတ်သူ ကိုမောင်မောင်မျိုးကပြောသည်။
ထို့အတူ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှပွဲတော်သို့ သူငယ်ချင်းများနှင့်အတူ လာရောက်လည်ပတ်ကြသည့် မရီရီတင့်ကလည်း “၆၆ လမ်းထောင့်မှာရှိတဲ့စေတီမှာ ဆီမီးတွေဝင်ပြီးပူဇော်ခဲ့ပါတယ်။ မီးရောင်စုံတွေနဲ့အတူ အမှတ်တရဓာတ်ပုံတွေ အားရပါးရရိုက်ခဲ့ကြတယ်။ ကျုံးနဲ့နီးတဲ့ ဒီနေရာမှာ မီးထွန်းပွဲတော်ကျင်းပတာ၊ ဓာတ်ပုံရိုက်ရတာအဆင်ပြေလို့ သဘောကျပါတယ်။ အခု ဖျော်ဖြေရေးမဏ္ဍပ်မှာ သီချင်းဆိုတာ သွားအားပေးတော့မယ်” ဟုပြောသည်။
ပါဝင်ဆင်နွှဲ
သီတင်းကျွတ်ပွဲတော်ကာလသည် ရုံးပိတ်ရက်နှင့် ကျောင်းပိတ်ရက်ရှည်ကာလ ဖြစ်သည့်အတွက် မန္တလေးမြို့သို့ ဒေသခံပြည်သူများသာမက အနယ်နယ်အရပ်ရပ်မှ ခရီးသွားများပါ လာရောက်လည်ပတ်ကြသဖြင့် မြို့တွင်းရှိတန်ခိုးကြီးဘုရားများ၊ အထင်ကရအပန်းဖြေနေရာများတွင် ခရီးသွားများဖြင့် စည်ကားလျက်ရှိသည့်အပြင် ညပိုင်းတွင်လည်း သီတင်းကျွတ်မီးထွန်း ပွဲတော်ကျင်းပရာ ကျုံးတောင်ဘက်ခြမ်းသို့ လာရောက်ပါဝင်ဆင်နွှဲကြသဖြင့် နေ့ညမပြတ် စည်ကား ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3199 items

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက်၊ ဇွန် ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက်၊ ဇွန် ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက်၊ ဇွန် ၁၈ ရက်၊ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက်၊ ဇွန် ၁၇ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်၊ ဇွန် ၁၆ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက်၊ ဇွန် ၁၅ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၄ ရက်၊ ဇွန် ၁၄ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်၊ ဇွန် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ June 13, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက်၊ ဇွန် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ June 11, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download