မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / February 03, 2025
မင်းဘူး ဖေဖော်ဝါရီ ၂
မကွေးတိုင်းဒေသကြီး မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပါဒ ပူဇနိယဘုရားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ကျင်းပသည်။
ဦးစွာ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒပူဇနိယဘုရား ပွဲတော်ဖွင့်ပွဲအထိမ်းအမှတ် မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
စက်ခလုတ်နှိပ်ဖွင့်လှစ်ပေး
ထို့နောက် နေပြည်တော် လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ မင်္ဂလာဓမ္မ ဇောတိက ဓဇ၊ ထေရဝါဒဗုဒ္ဓသာသနဇောတိက ဒေါက်တာဘဒ္ဒန္တဝံသသီရိနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့က မင်္ဂလာမုခ်ဦးဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဇီဝိတဒါနအဖြစ် ငှက်လွှတ်ခြင်းနှင့် ငါးလွှတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၊ အဖွဲ့ဝင်၊ နေပြည်တော် ပျဉ်းမနားမြို့ အောင်စည်သာကျောင်းဆရာတော် ဘဒ္ဒန္တဝိစက္ခဏနှင့် နေပြည်တော်လယ်ဝေးမြို့ နဂါးရုံတစ်ထောင် စမတောင်ကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တဝံသသီရိ အမှူးပြုသော ဆရာတော်ကြီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက အောက်စက်တော်ရာ (ခြေတော်ရာ) အလင်းပေါက် ဖန်အုပ်စောင်းတော်အား စက်ခလုတ် နှိပ်ဖွင့်လှစ်ခြင်း၊ အထက်စက်တော်ရာ ပါဒစေတီ တော်မြတ် သံတံခါးအား ဖွင့်လှစ်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နမ္မဒါရေစင်နှင့် အမွှေးနံ့သာရည်များသွန်းဖျန်း၍ ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကာ ပင့်ဖိတ်ထားသော ဩဝါဒါစရိယဆရာတော်ကြီးများက ဗုဒ္ဓပါဒစေတီတော် (ခြေတော်ရာ) နှစ်ဆူနှင့် အောက်စက်တော်ရာ (ခြေတော်ရာ) အနီးရှိ ဘုရားဝတ္တကနယ်မြေ၌ အသစ်တည်ထားကိုးကွယ်သော ဆုတောင်းပြည့် လိုတရနမ္မဒါနဂါးရုံဘုရားအား ဗုဒ္ဓါဘိသေက အနေကဇာတင် ဘိသိက်သွန်းတော်မူသည်။
ယင်းနောက် မန်းရွှေစက်တော်ဘုရား သုံးထပ်ဆောင် သာသနာ့ဗိမာန်တော်၌ (၂၅၉၁) ကြိမ်မြောက် မန်းရွှေစက်တော်ဘုရား ဗုဒ္ဓပါဒစေတီတော်နှစ်ဆူ ဖွင့်လှစ်ပူဇော်အောင်မြင်ခြင်းအထိမ်းအမှတ် ဒါနသီလဘာဝနာကုသိုလ်ပြု အလှူတော်မင်္ဂလာအခမ်းအနားကို ဆက်လက်ကျင်းပရာ တက်ရောက်လာကြသူများက ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ ပရိတ်တရားတော်များ နာယူကြည်ညိုကြ၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ရက်အရှည်ကြာဆုံး ဘုရားပွဲတော်တစ်ခုဖြစ်
မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရား ကြီးသည် မြန်မာနိုင်ငံ၏ (က) အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ထင်ရှား ကျော်ကြားပြီး ရက်အရှည်ကြာဆုံးသော ဘုရား ပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော်ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ကြီးကို ဖေဖော်ဝါရီ ၂ ရက်မှ ဧပြီ ၁၇ ရက်အထိ မဟာသင်္ကြန်ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ) ရက်ပေါင်း ၇၅ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရဟန်းရှင်လူမိဘပြည်သူများ ညအိပ်တည်းခိုနားနေနိုင်စေရန် တည်းခိုဆောင်အခန်းပေါင်း ၃၀၀ ကျော်နှင့် ဈေးဆိုင်ခန်းပေါင်း ၃၅၀ ခန့်ကို ဆောက်လုပ်ပေးထားပြီး ယခုအခါ (၂၅၉၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအဖြစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မောင်မောင် (မင်းဘူး)
Newspaper - 3487 items
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ March 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
