မရမ်းကုန်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ အထူးကွင်းဆင်းကုသမှုပေး
မရမ်းကုန်းမြို့နယ်၌ အထူးကုဆရာဝန်ကြီးများ အထူးကွင်းဆင်းကုသမှုပေး
Ministry of Information/ Naypyitaw / October 27, 2025
နေပြည်တော် အောက်တိုဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများလိုအပ်သော ကုသမှုများကို ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူလက်လှမ်းမီရရှိစေရန်နှင့် လူတိုင်းသက်တမ်းစေ့ သက်ရှည်ကျန်းမာစွာနေနိုင်ရေးအတွက် ရောဂါများကိုစောစီးစွာသိရှိပြီး ကုသမှုခံယူနိုင်စေရန်ရည်ရွယ်၍ ပြည်သူ့ဆေးရုံကြီးများမှ ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများပါဝင်သည့်ကွင်းဆင်းကုသမှုအစီအစဉ်များကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ကြည့်ရှုအားပေး
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ ရွာတန်းရှည်ပရိယတ္တိစာသင် တိုက်၌ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသူရဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများ၏ ကွင်းဆင်းကုသမှုအစီအစဉ် ဆောင်ရွက်နေမှုကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကြသည်။
လိုအပ်သည်များမှာကြား
ထိုသို့ သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက လာရောက်ပြသသောလူနာနှင့် မိသားစုဝင်များအားတွေ့ဆုံအားပေးပြီး ကုသမှုဆောင်ရွက်ပေးနေသော အထူးကုဆရာဝန်ကြီးများနှင့် အဖွဲ့ဝင်များအားတွေ့ဆုံကာ ကွင်းဆင်းကုသမှုများကို ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေးနှင့် လူနာများကုသရေးတို့အတွက် လိုအပ်သည်များကိုမှာကြား၍ စားသုံးဆီနှင့်ချီးမြှင့်ငွေများ ပေးအပ်သည်။
ကြည့်ရှုကုသပေးနိုင်ခဲ့
အဆိုပါ အထူးကုကွင်းဆင်းကုသမှုအစီအစဉ်တွင် အထွေထွေရောဂါလူနာ ၈၇ ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာလူနာသုံးဦး၊ သားဖွားမီးယပ်ရောဂါလူနာ ၁၄ ဦး၊ ကလေးရောဂါလူနာ ၁၃ ဦး၊ အရိုးရောဂါ လူနာရှစ်ဦး၊ မျက်စိရောဂါလူနာ ၉၄ ဦး၊ အကြောအဆစ်ရောဂါ လူနာ ၃၈ ဦး၊ သွားနှင့် ခံတွင်းလူနာ ၃၈ ဦး စုစုပေါင်း ၂၉၅ ဦးတို့အား ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး Ultra-sound ရိုက်၍ ရောဂါရှာဖွေ စမ်းသပ်ပေးနိုင်ခဲ့သူ ၂၂ ဦးရှိကာ အထွေထွေရောဂါဆိုင်ရာလွှဲပြောင်းလူနာ ၂၀၊ အရိုးရောဂါလူနာသုံးဦး၊ အကြောအဆစ်ရောဂါ လူနာတစ်ဦး၊ မျက်စိအတွင်းတိမ်ရောဂါ လူနာ ၁၀ စုစုပေါင်း ၃၄ ဦးတို့အား ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး၌ လိုအပ်သောကုသမှုများအတွက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်လူနာဌာန၊ အထွေထွေရောဂါကုသဆောင်နှင့် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးဌာနများ၌ လာရောက်ပြသသောလူနာများ၊ လူနာမိသားစုများအား တွေ့ဆုံအားပေးစကားပြောကြားပြီး တာဝန်ထမ်းဆောင်နေကြသော ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ အလုပ်သင်ဆရာဝန်များ၊ သူနာပြုများအား အရေးပေါ်လူနာများ အချိန်နှင့်တစ်ပြေးညီကုသမှုများဆောင်ရွက်ပေးနိုင်ရေး၊ လူနာ၊ လူနာရှင်နှင့်ကျန်းမာရေးဝန်ထမ်းများပါ စိတ်ကျေနပ်စွာကုသမှုရရှိ/ဆောင်ရွက်ပေးနိုင်ရေး၊ အခြေခံမရှိမဖြစ်ဓာတ်ခွဲစစ်ဆေးမှုများကိုဆောင်ရွက်ပေးနိုင်ရေး၊ အရေးပေါ်ရောဂါရှာဖွေမှုများ ၂၄ နာရီ ဆောင်ရွက်ပေးနိုင်ရေးတို့နှင့် စပ်လျဉ်း၍ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3330 items
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၃ရက် ၊ အောက်တိုဘာ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ October 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၂ရက် ၊ အောက်တိုဘာ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁ရက်နေ့ ၊ အောက်တိုဘာ ၂၁ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့ ၊ အောက်တိုဘာ ၂၀ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့။
