မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲသို့ ဂုဏ်ယူဝင့်ကြွားဖွယ်တက်ရောက်


Ministry of Information/ Naypyitaw / May 11, 2025
image_latest


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို မေလ ၉ ရက်နေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့ရင်ပြင်နီ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာမှ တိုင်းပြည်ခေါင်းဆောင်အကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။

မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရာတွင် ရုရှားနိုင်ငံ ယခင်ဆိုဗီယက်ပြည်ထောင်စု၏ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အနှစ် (၈၀) ပြည့် အောင်ပွဲအထိမ်းအမှတ်အခမ်းအနားသည် အဓိကဖြစ်သည်။ အဆိုပါအခမ်းအနားတွင် မြန်မာ့တပ်မတော်စစ်ရေးပြတပ်ဖွဲ့ဝင်များ ပထမဆုံးအကြိမ် ပါဝင်ချီတက်စစ်ရေးပြခဲ့ခြင်းသည် ထူးခြားချက်ပင်ဖြစ်သည်။ မဟာမျိုးချစ်စစ်ပွဲကြီး၏ ပထမသုံးနှစ်ကာလအတွင်း ဆိုဗီယက်ပြည်ထောင်စုသည် နာဇီဂျာမနီတို့ကို တစ်ကိုယ်တည်းကြံ့ကြံ့ခံရင်ဆိုင်ခဲ့ရသည်။ နာဇီဂျာမနီလက်နက်ချအညံ့ခံပြီးနောက် ဆိုဗီယက်ပြည်ထောင်စုသည် မဟာမိတ်နိုင်ငံများအပေါ် ထားရှိသည့်ကတိအတိုင်း စစ်သွေး၊ စစ်မာန်ကြွနေသည့် ဖက်ဆစ်ဂျပန်ကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့သည်။

ဒုတိယကမ္ဘာစစ်အတွင်းက ဝင်ရိုးတန်းနိုင်ငံတပ်ဖွဲ့များဖြစ်သည့် နာဇီဂျာမနီ၊ ဖက်ဆစ်အီတလီနှင့် ဖက်ဆစ်ဂျပန်အင်ပါယာတို့သည် ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှနိုင်ငံများကို တိုက်ခိုက်သိမ်းပိုက်ခဲ့သဖြင့် အဆိုပါဒေသများမှ ပြည်သူများ ဘေးဒုက္ခပေါင်းများစွာ ကျရောက်ခဲ့သည်။ အဆိုပါဝင်ရိုးတန်း ဖက်ဆစ်သုံးနိုင်ငံကို မဟာမိတ်တပ်မတော်များ၊ ခုခံတိုက်ခိုက်ရေးသမားများ၊ နိုင်ငံအလိုက်စစ်သည်တော်များက တွန်းလှန်တိုက်ခိုက်ချေမှုန်းခဲ့ရာ အောင်ပွဲအလီလီရရှိခဲ့ပြီးနောက် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီး နိုင်ငံပေါင်းများစွာ လွတ်လပ်ရေးရရှိခဲ့သည်။ ဖက်ဆစ်တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့သောနိုင်ငံများတွင် ရုရှားနိုင်ငံအပါအဝင် အာရှ၊ အရှေ့တောင်အာရှမှ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ လာအို၊ မြန်မာစသည့် နိုင်ငံများပါဝင်ခဲ့သည်။

မဟာအောင်ပွဲကြီးသည် အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှုကို ကြီးမားစွာ အားပေးမြှင့်တင်နိုင်ခဲ့ပြီး ကိုလိုနီနယ်ချဲ့ အမြစ်ပြတ်ချေမှုန်းရေးလုပ်ငန်းစဉ်ကို စတင်လုပ်ဆောင်နိုင်ခဲ့သည်။ ဥရောပစစ်မြေပြင်တွင် ဆိုဗီယက်တပ်တော်ကြီး၏ အောင်မြင်မှုများသည် ဝင်ရိုးတန်းဖက်ဆစ်သုံးနိုင်ငံကို အင်အားချည့်နဲ့စေခဲ့သည်။ ထို့အတူ မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများကလည်း ၁၉၄၅ ခုနှစ် မတ်လတွင် ဖက်ဆစ်ဂျပန်တို့ကို ရဲဝံ့ပြောင်မြောက်စွာ တွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည်။ ဖက်ဆစ်တို့ကို တွန်းလှန်တိုက်ခိုက်ခဲ့သော ရုရှားနိုင်ငံအပါအဝင် မဟာမိတ်နိုင်ငံများမှ တပ်မတော်နှင့် မျိုးချစ်ပြည်သူများအားလုံးကို လေးစားဂုဏ်ယူရမည်ဖြစ်သကဲ့သို့ ဖက်ဆစ်ဂျပန်တို့ကို တွန်းလှန်တိုက်ထုတ်ခဲ့သော မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများအား ဂုဏ်ပြုသောအနေဖြင့်လည်း မဟာမျိုးချစ်စစ်ပွဲကြီး နှစ် (၈၀) ပြည့် အောင်ပွဲအထိမ်းအမှတ်တွင် ယနေ့မြန်မာနိုင်ငံမှ ခေါင်းဆောင်များနှင့် တပ်မတော်သားများပါဝင်ခဲ့ကြခြင်းသည် ဂုဏ်ယူဖွယ်ရာဖြစ်သည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့သည်မှာ နှစ်ပေါင်း ၈၀ ရှိပြီဖြစ်သော်လည်း လက်ရှိကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်နေသော ပဋိပက္ခများကို သုံးသပ်ကြည့်လျှင် ကိုလိုနီနယ်ချဲ့လက်သစ်တို့၏ ပြောင်ပြောင်တင်းတင်း စွက်ဖက်မှုများနှင့် အရိပ်အငွေ့မကင်းသည့် လုပ်ဆောင်မှုများကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကာလက ဝင်ရိုးတန်းဖက်ဆစ်သုံးနိုင်ငံကို မဟာမိတ်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများက မဟာမျိုးချစ်စစ်ပွဲကြီး အောင်မြင်မှုရသကဲ့သို့ မျက်မှောက်ကာလတွင်လည်း မိတ်ဖက်နိုင်ငံများအားလုံးက ကိုလိုနီနယ်ချဲ့လက်သစ်တို့၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ စွက်ဖက်ထိုးနှက်မှုများကို အစဉ်သတိပြုပြီး ခိုင်မြဲသောတွဲလက်များဖြင့် ပူးပေါင်းကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် ၂၀၀၅ ခုနှစ် နှစ် (၆၀) ပြည့် အောင်ပွဲနေ့အခမ်းအနားမှစတင်၍ မေလ ၉ ရက်နေ့ (Victory Day) အောင်ပွဲနေ့သည် ရုရှားနိုင်ငံ၌ လူကြိုက်အများဆုံးအခမ်းအနားနှင့် နိုင်ငံတော်အားလပ်ရက်ဖြစ်သည်။

သို့ဖြစ်ရာ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲသည် ရုရှားပြည်သူတစ်ရပ်လုံး မျိုးချစ်စိတ်ဓာတ်ထက်သန်မှုဖြင့် နာဇီဂျာမနီတို့ အပြီးတိုင်ချုပ်ငြိမ်းသည့် အောင်ပွဲကြီးဖြစ်သကဲ့သို့ နယ်ချဲ့ဖက်ဆစ်ဝင်ရိုးတန်းသုံးနိုင်ငံတွင်ပါဝင်သည့် ဖက်ဆစ်ဂျပန်တို့ကို ပြင်းထန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် တွန်းလှန်တိုက်ခိုက်ခဲ့သည့် မြန်မာ့တပ်မတော်နှင့် မျိုးချစ်ပြည်သူများအနေဖြင့်လည်း ပါဝင်ဂုဏ်ယူရမည့် အခမ်းအနားကြီးဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ရုရှားနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရှိ စိတ်တူကိုယ်တူ မိတ်ဖက်နိုင်ငံများနှင့်အတူ နီးနီးကပ်ကပ်လက်တွဲပူးပေါင်းပြီး ခေတ်သစ်နယ်ချဲ့တို့၏ အန္တရာယ်အမျိုးမျိုးတို့ကို မပြတ်သောသတိဖြင့် ဝိုင်းဝန်းကာကွယ်ဆောင်ရွက်လျက်ရှိပါကြောင်း။     ။

Newspaper - 3339 items

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်နေ့ ၊ နိုဝင်ဘာ ၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 04, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ October 28, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download