မိတ္ထီလာမြို့နယ်အတွင်းရှိ ဇီးတော-ဒဟတ်သွား ကားလမ်းပေါ်၌ ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးပေါက်ကွဲ


Ministry of Information/ Naypyitaw / July 31, 2025
image_latest


နေပြည်တော် ဇူလိုင် ၃၀

PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့၊ ရွာများအတွင်း ဒေသခံပြည်သူများအသွင်ဖြင့် စိမ့်ဝင်ဝင်ရောက်လာကာ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ပြည်သူလူထု၏ တိုက်တာအိုးအိမ်များကို မိုင်းထောင်ဖောက်ခွဲခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား မြို့၊ ရွာ၊ ရပ်ကွက်များအတွင်း လွယ်ကူစွာဝင်ထွက်သွားလာခြင်းများ မလုပ်ဆောင်နိုင်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များကို သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ဇီးတော-ဒဟတ်သွား ကျေးရွာချင်းဆက်မြေသားလမ်းပေါ်၌ ရှာဖွေစစ်ဆေးမှုများဆောင်ရွက်စဉ် ဆားတောင်ဘက်မှ ဇီးတောဘက်သို့ မောင်းနှင်လာသော Hiace ခဲရောင် (လိုင်စင်စိစစ်ဆဲ) မော်တော်ယာဉ်တစ်စီးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် အစစ်ဆေးခံရန်ရပ်တန့်စေခဲ့ရာ အဆိုပါ မော်တော်ယာဉ်မှာ ရပ်တန့်မှုမရှိဘဲ မောင်းနှင်ထွက်ပြေးသွားစဉ် တိမ်းမှောက်မှုဖြစ်ပေါ်ခဲ့ရာမှ ယာဉ်ပေါ်တွင်ပါလာသည့် ပေါက်ကွဲစေတတ်သောပစ္စည်းများဟု ယူဆရသည့် ပစ္စည်းများကြောင့် မော်တော်ယာဉ်မှာ ပေါက်ကွဲပြီး မီးလောင်သွားခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပေါက်ကွဲ၍ မီးလောင်သွားသော မော်တော်ယာဉ် အနီးဝန်းကျင်သို့ သွားရောက်စစ်ဆေးရာ မော်တော်ယာဉ်အတွင်းမှ အမ်ဂျီ-၁ ပလတ်စတစ်လက်ပစ်ဗုံး ရိုက်မောင်းတံအစု အဝေးတစ်ခု၊ PDF လက်မောင်း တံဆိပ်၊ အနီရောင်မီးကြိုးခွေ တစ်ခွေနှင့် သေဆုံးနေသည့် PDF အမည်ခံအကြမ်းဖက်သမား အလောင်းငါးလောင်းတို့အား သိမ်းဆည်းရမိခဲ့သည်။

တပ်မတော်အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် လုံခြုံရေးလုပ်ငန်းစဉ်များကို နေ့မအားညမနားဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုရန်မှ ကင်းဝေးစေရန်နှင့် ပြည်သူများအေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး(Counter Terrorism Opera-tion) များကို ပြည်သူလူထုနှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 3241 items

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက် ၊ သြဂုတ် ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ August 01, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၇ ရက် ၊ ဇူလိုင် ၃၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၆ ရက် ၊ ဇူလိုင် ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၅ ရက် ၊ ဇူလိုင် ၂၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက် ၊ ဇူလိုင် ၂၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ July 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ July 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ July 24, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download