မိမိဒေသအလိုက် ထုတ်ကုန်တွေကို ခင်းကျင်းပြသယှဉ်ပြိုင်ကြပြီး နိုင်ငံတော်အဆင့်နဲ့ လျော်ညီစွာ အဆင့်မီမီခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်
မိမိဒေသအလိုက် ထုတ်ကုန်တွေကို ခင်းကျင်းပြသယှဉ်ပြိုင်ကြပြီး နိုင်ငံတော်အဆင့်နဲ့ လျော်ညီစွာ အဆင့်မီမီခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်
Ministry of Information/ Naypyitaw / January 31, 2025
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ပြပွဲပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ ဒေသထွက်ကုန်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းနှင့် စက်မှုလုပ်ငန်းထုတ်ကုန်များ၊ ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်သည့်အပြင် ဂီတဖျော်ဖြေပွဲများလည်း ပါဝင်မည်ဖြစ်ရာ ပြပွဲများခင်းကျင်းပြသနိုင်ရေး စီစဉ်ဆောင်ရွက်မှုအခြေအနေနှင့် စပ်လျဉ်း၍ ပြခန်း နေရာချထားရေးနှင့် ခင်းကျင်းပြသရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းထွန်းထွေး နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြလိုက်ရပါသည်-
မေး။ ။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME လုပ်ငန်းတွေပြသနိုင်ဖို့ ပြခန်းတွေဘယ်လို စီစဉ်ဆောင်ရွက်သွားမလဲဆိုတာ သိပါရစေ။
ဖြေ။ ။ ပြခန်းနေရာချထားရေးနှင့် ခင်းကျင်းပြသရေးဆပ်ကော်မတီအနေနဲ့ ပြခန်းတွေ ခင်းကျင်း ပြသနိုင်ရေးနဲ့စပ်လျဉ်းပြီး တည်ဆောက်ပြီးတဲ့ ပြခန်း (အကြမ်းထည်) တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်တွေ၊ ပုဂ္ဂလိကစီးပွား ရေးလုပ်ငန်းရှင်များအသင်းက တာဝန်ခံတွေနဲ့ချိတ်ဆက်ပြီး နေရာချထားပေးတာ၊ ပြခန်းမှာလိုအပ်တဲ့ စားပွဲ၊ ကုလားထိုင် ငှားရမ်းရေး၊ နေရာချထားရေးနဲ့ ထုတ်ကုန်ပစ္စည်းတွေ ခင်းကျင်းပြသနိုင်ရေး ကူညီဆောင်ရွက်ပေးတာ၊ ခင်းကျင်းပြသမယ့် ထုတ်ကုန်တွေ စာရင်းပြုစုတင်ပြတာတွေကို ဆောင်ရွက်ပါတယ်။ ပြခန်းတွေရဲ့ နဖူးစည်းဆိုင်းဘုတ်တွေ တစ်ပြေးညီဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးတာ၊ ပြခန်းတွေရဲ့လိုအပ်ချက်တွေကို အခြားဆပ်ကော်မတီတွေနဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးတာနဲ့ လုပ်ငန်းကော်မတီနဲ့ ဦးစီးကော်မတီကို တင်ပြလမ်းညွှန်ချက်ခံယူတာတွေ ဆောင်ရွက်ပါတယ်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲမှာ ပြခန်း ၉၅ ခန်း ပါဝင်မှာဖြစ်ပြီး စက်မှုဝန်ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပါဝင်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် MSME ပြခန်း ၁၆ ခန်း၊ B to B ပြခန်း၊ ဘဏ်များအသင်း၊ Digital Conner နဲ့ ပုဂ္ဂလိကအသင်းအဖွဲ့ပြခန်း ၈ ခန်း၊ ပြန်ကြားရေးရုံးခန်းနဲ့ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်း ရှင်များအသင်း (MYEA)၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း (MWEA)၊ မြန်မာစီးပွား ရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (MYANWEN)၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာပြည်သား စားသောက်ကုန်လုပ်ငန်း၊ အမှတ် ၃ အကြီးစား စက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း၊ Packaging ၊ ဝါးလားခေါက်ဆွဲ၊ ရန်ကုန်တာယာဆိုပြီး ပါဝင်မှာဖြစ်ပါတယ်။
အသေးစား စက်မှုလက်မှုပြခန်း ၁၁ ခန်း၊ သမဝါယမပြခန်း ၁၀ ခန်းနဲ့ ရိုးရာစားသောက်ဆိုင်ခန်း၊ ပြင်ပစားသောက်ဆိုင်ခန်း ၂၁ ခန်း၊ ပြည်တွင်းပြည်ပကုမ္ပဏီများ စက်ပစ္စည်းပြခန်း၊ မာလာမြိုင်၊ Good Brother ၊ မြန်မာ့ဩဘာ၊ Myanmar New Power Motor Cycle Co., Ltd. တို့ ပါဝင်မှာဖြစ်ပါတယ်။
မေး။ ။ MSME ပြပွဲမှာ ပါဝင်ပြသမယ့် ပြခန်းတွေက ဒေသအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်တွေကို ပါဝင်ပြသမယ်လို့ သိရှိရပါတယ်။ ဘယ်လိုထုတ်ကုန်မျိုးတွေ ပါဝင်ပြသသွားမယ် ဆိုတာ သိရှိလိုပါတယ်။
ဖြေ။ ။ MSME ပြပွဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်တွေအနေနဲ့ ပြည်တွင်းမှာ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ ထုတ်ကုန်တွေအပြင် ပြည်ပကို ထုတ်လုပ်ပြီး တင်ပို့နေတဲ့ ထုတ်ကုန်တွေ ပါဝင်ပါတယ်။ အခု ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ပြိုင်ပွဲမှာ အဓိကအားဖြင့် အမျိုးအစား (၆) မျိုးနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန်ပစ္စည်းတွေ၊ သွင်းကုန်အစားထိုးတန်ဖိုးမြှင့် ထုတ်ကုန်ပစ္စည်းတွေ၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်တွေ၊ ပြည်ပပို့ကုန်ပစ္စည်းတွေ၊ One Region One Product (OROP) ထုတ်ကုန်တွေ၊ ဒေသရိုးရာ အစားအစာအရောင်းဆိုင်တွေ ပါဝင်ပြသရောင်းချမှာ ဖြစ်ပါတယ်။
မေး။ ။ ဝန်ကြီးဌာနကိုယ်စားပြုပြခန်းတွေမှာ ဘယ်လိုစီစဉ်ပြသသွားမယ်ဆိုတာ ပြောကြားပေး စေလိုပါတယ်။
ဖြေ။ ။ ဝန်ကြီးဌာနပြခန်းတွေမှာ MSME လုပ်ငန်းရှင်တွေအနေနဲ့ ချိတ်ဆက်ရမယ့် လုပ်ငန်းတွေမှာ စက်မှုဝန်ကြီးဌာနက ဘာတွေလုပ်ပေးနေသလဲ၊ ဘာတွေလုပ်ပေးနိုင်သလဲ၊ Website မှာ တင်ထားပေမယ့် မကြည့်မိတဲ့သူလည်း ရှိနိုင်တဲ့အတွက် ဝန်ကြီးဌာနပြခန်းမှာ ပြသထားခြင်းဖြင့် ပြပွဲ ရောက်တုန်းရောက်ခိုက်မှာ သိရှိသွားနိုင်မှာဖြစ်ပါတယ်။
စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနစတဲ့ ဝန်ကြီးဌာနတွေ၊ MSME ထုတ်ကုန်ပစ္စည်းနဲ့ ဆက်စပ်ဆောင်ရွက်လျက်ရှိတဲ့ ဝန်ကြီးဌာနတွေက လုပ်ငန်းရှင်တွေလိုအပ်တဲ့ သတင်းအချက်အလက်တွေ၊ နည်းပညာတွေ ရှင်းလင်းပြသပေးသွားမှာဖြစ်ပြီး သိရှိလိုတာတွေကို တစ်ခါတည်း အဖြေရသွားအောင် ဆောင်ရွက်ပေးသွားကြမှာ ဖြစ်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ ကုန်ပစ္စည်းတင်ပို့တဲ့ နိုင်ငံတွေရဲ့ လိုလားချက်ကိုသိရှိနိုင်ဖို့အတွက် ကုန်ပစ္စည်းတွေတရုတ်ကိုပို့ရင် GACC ရအောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို ပြပွဲမှာ Message ပေးမှာဖြစ်ပါတယ်။
ပြခန်းတွေမှာ အမယ်သစ်ထုတ်ကုန်တွေဖြစ်တဲ့ ဝါး၊ ဝါ၊ ရော်ဘာ၊ ကော်ဖီ၊ သစ်သီးထုတ်ကုန်တွေနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေကိုလည်း ထည့်သွင်းပြသသွားမှာ ဖြစ်ပါတယ်။
မေး။ ။ ဒီလို MSME ပြပွဲ၊ ပြိုင်ပွဲတွေက စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းရှင်တွေနဲ့ MSME တွေကို ဘယ်လိုအကျိုးပြုတယ်၊ အထောက်အကူပြုတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ အခုလို MSME ပြပွဲ၊ ပြိုင်ပွဲတွေ ကျင်းပပေးခြင်းအားဖြင့် လာရောက်ကြည့်ရှုသူတွေအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဒေသအသီးသီးက MSME ထုတ်ကုန်တွေ ဘာတွေထုတ်နေသလဲ၊ ဘယ်လောက်အထိ အရည်အသွေးပြည့်ဝသလဲဆိုတာကို မျက်မြင်သိရှိနိုင်မှာဖြစ်သလို ထုတ်လုပ်သူတွေအနေနဲ့ မိမိထုတ်ကုန်အပေါ် ဘာလိုအပ်ချက်တွေရှိတယ်၊ ဘယ်လိုထုတ်ကုန်မျိုးကို ထုတ်လုပ်သင့်တယ်၊ ဘယ်လိုထုပ်ပိုးမှုတွေ အသုံးပြုသင့်တယ်၊ ဝယ်ယူသူတွေရဲ့ ကြိုက်နှစ်သက်မှုနဲ့ ဈေးကွက်တွေကို ဘယ်လိုချဲ့ထွင်နိုင်မယ်ဆိုတာတွေကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိမိတို့ရဲ့ထုတ်ကုန်အား လုပ်ငန်းရှင်တွေကိုပြသနိုင်ပြီး ပြည်တွင်းထုတ်လုပ်မှုသာမက ပြည်ပသို့ တင်ပို့နိုင်ရေးအထိပါ ဝန်ကြီးဌာနတွေနဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို သိရှိနိုင်မယ့် အခွင့်အလမ်းတွေကို ရရှိလာစေမှာဖြစ်ပါတယ်။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲမှာခင်းကျင်းပြသမယ့် MSME ထုတ်ကုန်တွေအနေနဲ့ “ပစ္စည်းချင်းတူလျှင် ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူလျှင် အရည်အသွေးပိုကောင်းရမည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မိမိဒေသအလိုက် ထုတ်ကုန်တွေကို ခင်းကျင်းပြသယှဉ်ပြိုင်ကြပြီး နိုင်ငံတော်အဆင့်နဲ့လျော်ညီစွာ အဆင့်မီမီ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
MSME ပြိုင်ပွဲကို ပြုလုပ်ပေးခြင်းဖြင့် ထုတ်လုပ်သူတွေအနေနဲ့ မိမိတို့ရဲ့ထုတ်ကုန်ကို နိုင်ငံတော်က အသိအမှတ်ပြုတဲ့ Brand ဆုကို ရရှိသွားပြီဆိုတာနဲ့ ဂုဏ်ယူဖို့လည်းကောင်းပြီး နိုင်ငံတော်က အသိအမှတ်ပြုလိုက်တာဖြစ်တဲ့အတွက်ကြောင့် Brand ရော၊ ကုန်အမှတ်တံဆိပ်ရော ချက်ချင်းလူသိများသွားမှာ၊ ပေါက်သွားမှာ ဖြစ်ပါတယ်။ Brand ပေါက်သွားပြီ ဆိုတာနဲ့ ထုတ်ကုန်ကလည်း ပိုပြီးရောင်းအား တက်လာမှာဖြစ်ပါတယ်။
နိုင်ငံတော်က MSME ပြပွဲ၊ ပြိုင်ပွဲတွေ ပြုလုပ်ပေးခြင်းအားဖြင့် MSME စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် နိုင်ငံတကာစီးပွားရေး Platform တစ်ခု ဖြစ်လာစေမယ့် အကျိုးကျေးဇူးတွေကို ရရှိစေမှာ ဖြစ်ပါတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေက ဒေသတွင်း MSME ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို စဉ်ဆက်မပြတ်မြှင့်တင်နိုင်ပြီး တန်ဖိုးမြင့်ထုတ်ကုန်သစ်တွေကို ပြည်တွင်းမှာ ပိုမိုသုံးစွဲနိုင်ရုံသာမက ပြည်ပသို့ ဈေးကွက်မြှင့်တင်နိုင်စေမှာဖြစ်တဲ့အပြင် စွန့်ဦးတီထွင်သူတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းတွေလည်း ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ ပြည်သူတွေသိရှိစေဖို့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ။ အခုကျင်းပမယ့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲကို လာရောက်ကြည့်ရှု ကြတဲ့ ပြည်သူတွေအနေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ထုတ်ကုန်တွေကို တွေ့မြင်သိရှိခွင့် ရမယ့်အပြင် မိမိတို့ကြိုက်နှစ်သက်ရာ ကုန်ပစ္စည်းတွေကို ဖြန့်ဖြူးရောင်းချနိုင်ဖို့ အဆက်အသွယ်တွေ ရရှိလာမယ်။ ဈေးနှုန်းချိုသာစွာနဲ့ မိမိနှစ်သက်တဲ့ ပစ္စည်းတွေကို စိတ်ကြိုက်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
ဝင်းဝင်းမင်း၊ ဓာတ်ပုံ- ပြည့်စုံ
Newspaper - 3062 items
၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၃၁ ရက် ၊သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၃၀ ရက် ၊ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 30, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၂၉ ရက် ၊ဗုဒ္ဓဟူးနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလကွယ်နေ့ ၊ ဇန်နဝါရီ ၂၈ ရက် ၊အင်္ဂါနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၂၇ ရက် ၊တနင်္လာနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၂၆ ရက် ၊တနင်္ဂနွေနေ့။
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၂၅ ရက် ၊စနေနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၂၄ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 24, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 23, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ January 22, 2025
Publication Date: 2025
Page: 32 pages
Language: မြန်မာ
Download