မိုးရာသီကာလ ရန်ကုန်မြို့ ရေကြီးရေလျှံမှု လျော့နည်းစေရေး အဓိကမြစ်ထွက်ပေါက်များ တိုးချဲ့ပြုပြင်ထိန်းသိမ်းလျက်ရှိ


Ministry of Information/ Naypyitaw / February 24, 2025
image_latest


ရန်ကုန် ဖေဖော်ဝါရီ ၂၃

ရန်ကုန်မြို့ ရေစီးရေလာစနစ်များ ပိုမိုကောင်းမွန်ရေးနှင့် မိုးရာသီအချိန်များတွင် လမ်းများ၊ ရပ်ကွက်များ၌ ရေကြီးရေလျှံမှုများ လျော့နည်းပပျောက်စေရေးတို့ကို ဦးတည်၍ လက်ရှိချောင်းများ၊ မြောင်းများ၊ အဓိကမြစ်ထွက်ပေါက်များကို ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်နိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရှိ အင်ဂျင်နီယာဌာနလေးဌာနအပြင် မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ ကုန်စည်ပွဲရုံနှင့် ဈေးများဌာနတို့နှင့် ပူးပေါင်းပြီး စဉ်ဆက်မပြတ်အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက် အကောင်အထည်ဖော်လျက်ရှိသည်။

ရန်ကုန်မြို့သည် နိုင်ငံတော်၏ စီးပွားရေးမြို့တော်ဖြစ်သကဲ့သို့ သန့်ရှင်းစိမ်းလန်းကြည်လင်မှုနှင့် မြို့တော်ရန်ကုန် Clean, Green, Bright and Smart City ဟူသော ဦးတည်ချက်များဖြင့် ကြိုးပမ်းအားထုတ်ရာတွင် ရေစီးရေလာစနစ်များ ကောင်းမွန်ရေးသည် မြို့ပြ၏ အရေးပါသောလုပ်ငန်းဖြစ်မှုနှင့်အညီ ရေစီးရေလာစနစ်များ မြို့နယ်များအလိုက် လက်ရှိချောင်းများ၊ မြောင်းများ၊ မြစ်ထွက်ပေါက်များက စီးဆင်းသော စွန့်ပစ်ရေများ ပုံမှန်စီးဆင်းပြီး ပင်လယ်ဝအထိ စွန့်ပစ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရကြောင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

ထို့နောက် မြစ်ထွက်ပေါက်နှင့် ချောင်းများ၊ မြောင်းများနှင့် စပ်လျဉ်း၍ ဆက်လက်ပြောကြားရာတွင် ရန်ကုန်မြို့ပြည်လမ်းကို ဗဟိုပြု၍ ရန်ကုန်အရှေ့ဘက်တွင် ငမိုးရိပ်ချောင်း၊ အနောက်ဘက်တွင် လှိုင်မြစ်တို့ရှိသည့်အတွက် ယင်းနှင့်ဆက်စပ်သော မြို့နယ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ အလုံ၊ လမ်းမတော်မြို့နယ် ကိုးမြို့နယ်က စွန့်ပစ်စီးဆင်းသော ရေများကို ချောင်း ၂၂ ချောင်းမှတစ်ဆင့် ရန်ကုန်အနောက်ဘက်ရှိ လှိုင်မြစ်အတွင်းသို့ ပုံမှန်စီးဆင်းပြီး ပင်လယ်ဝအထိ ရောက်ရှိရန်အတွက် ချောင်းအတွင်းရှိ အမှိုက်နှင့် သစ်ကိုင်းသစ်ပင်များကို ရှင်းလင်းခြင်း၊ မြေသားနံရံများကို ကွန်ကရစ်နံရံများအဖြစ် ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ ကျဉ်းမြောင်းသော အုတ်ရေမြောင်းများ ချဲ့ထွင်အသစ်ပြုပြင်ထိန်းသိမ်းခြင်း၊ လိုအပ်သော လမ်းဖြတ် Box Culvert များ အသစ်ထပ်မံတိုးချဲ့တည်ဆောက်ပေးခြင်း စသည်တို့ကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့သည်။

ဆက်လက်၍ ရန်ကုန်အနောက်ဘက်ရှိ လှိုင်မြစ်အတွင်းသို့ စွန့်ပစ်ရေများကို ပုံမှန်စီးဆင်းမှုစနစ်ပုံစံမျိုး အလားတူ ရန်ကုန်အရှေ့ဘက် ငမိုးရိပ်ချောင်းကိုလည်း ဆောင်ရွက်ရာတွင် တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ ရန်ကင်းမြို့နယ်အပါအဝင် ရှစ်မြို့နယ်ရှိ စွန့်ပစ်သောရေများကို ငမိုးရိပ်ချောင်းအတွင်းသို့ စီးဝင်စေပြီး အဓိကချောင်းကြီး ၂၀ ချောင်း ကြံ့ခိုင်မှုရှိစေရန် ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ချွတ်ယွင်းပျက်စီးမှုမရှိစေရန် ကြွက်တွင်းများပိတ်ဆို့ခြင်း၊ ရေလမ်းကြောင်း အမှိုက်နှင့် ဗေဒါများကို ရေပေါ်ယန္တရားများ အသုံးပြုရှင်းလင်းခြင်း၊ အုတ်ရေမြောင်းချဲ့ထွင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို ဘဏ္ဍာနှစ်အလိုက် ပြုပြင်ထိန်းသိမ်းအဆင့်မြှင့်တင်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ရန်ကုန်မြို့သည် မြစ်များ၊ ချောင်းများကြား၌ တည်ရှိသည့်အပြင် ပင်လယ်ဒီရေတက်မှုကိုလည်း သတိပြုကာကွယ်ထိန်းသိမ်းနေရသဖြင့် ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ပုဇွန်တောင်ချောင်းများသို့ မြို့တွင်းရှစ်မြို့နယ်မှ စွန့်ပစ်သောရေများ၊ စုစုပေါင်း ချောင်းပေါင်း ၅၆ ချောင်းအတွင်း ပုံမှန်စီးဆင်းနိုင်ရန်အတွက် ကြံ့ခိုင်မှုလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။

အလားတူ အဓိကကျသော ကွင်းချောင်း၊ သစ်တောချောင်း၊ သစ်မျောချောင်း၊ ရွာသစ်ချောင်း၊ သဲဖြူချောင်းတို့သည် ပင်လယ်ရေတက်ချိန်နှင့် မိုးရွာသွန်းတိုက်ဆိုင်မှုတို့ကြောင့် မြို့ပြလမ်းများ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသော်လည်း ယင်းဖြစ်ရပ်များကို ယခုနှစ်မိုးရာသီတွင် လျော့နည်းသက်သာစေရန်နှင့် ဒီရေတားရေတံခါးများကို ကောင်းမွန်စေရန် အစဉ်သတိပြု ထိန်းသိမ်းလျက်ရှိသည်။

လွန်ခဲ့သော နှစ် ၃၀ ကျော်က တည်ဆောက်ခဲ့သော လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့သည် မျက်မှောက်ကာလတွင် မြို့ပြကြီးအသွင်အပြင်သာမက စီးပွားရေးဖွံ့ဖြိုးမှုနှင့်အတူ စည်ကားစွာ သွားလာနေထိုင်ပြည်သူများ တိုးပွားနေမှုကို မြင်တွေ့ရမည်ဖြစ်သည်။

လမ်းများ၊ ရပ်ကွက်အိမ်များ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန်အတွက် လိုအပ်သော Box Culvert များကိုလည်း တိုးချဲ့တည်ဆောက်ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။

ရန်ကုန် ၃၃ မြို့နယ်၏ အကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၇၉၀ အကျယ်အဝန်းရှိပြီး ယင်းအကျယ်အဝန်းတွင် အဆောက်အအုံစုစုပေါင်း တစ်သန်းနီးပါးရှိရာ စည်းကမ်းလိုက်နာ ပြည်သူပါဝင်ပူးပေါင်းမှု၊ တိုင်းဒေသကြီးအစိုးရအားပေးမှု၊ တည်ဆောက်ပြုပြင်ထိန်းသိမ်းမှုတို့ကြောင့် လာမည့်မိုးရာသီတွင် ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရန်နှင့် ဘဏ္ဍာငွေခွင့်ပြုချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု) တာဝန်ရှိသူက ပြောသည်။

 သတင်းဆောင်းပါး-စောသိန်းဝင်း

Newspaper - 3087 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်၊ ဖေဖော်ဝါရီ ၂၄ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်၊ ဖေဖော်ဝါရီ ၂၃ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက်၊ ဖေဖော်ဝါရီ ၂၂ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက်၊ ဖေဖော်ဝါရီ ၂၁ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက်၊ ဖေဖော်ဝါရီ ၂၀ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 20, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက်၊ ဖေဖော်ဝါရီ ၁၉ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၆ ရက်၊ ဖေဖော်ဝါရီ ၁၈ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 18, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက်၊ ဖေဖော်ဝါရီ ၁၇ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက်၊ ဖေဖော်ဝါရီ ၁၅ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download