မိုးရာသီစိုက်ပျိုးမှုအဆင်ပြေစေရေး လိုအပ်သည်များဖြည့်ဆည်းပေး


Ministry of Information/ Naypyitaw / May 05, 2026
image_latest


နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သော အစိုးရအဖွဲ့ကတိသစ္စာပြုပွဲအခမ်းအနားနှင့် ယင်းနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ နိုင်ငံတော်သမ္မတမိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတို့တွင် “ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးသည် အဓိကကျသည့် ဦးစားပေးလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအပေါ် အဓိကမှီခိုနေရသူများဖြစ်၍ တောင်သူလယ်သမားများ၏ ဘဝမြှင့်တင်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တောင်သူလယ်သမားဦးကြီးများ၏ စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိသည်။ ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စိုက်ပျိုးချိန်အမီ မေလ ၁၂ ရက်နေ့မှစတင်၍ ထုတ်ချေးမည်ဖြစ်ရာ ယခင်ချေးငွေများ ပြေကျေစွာပေးဆပ်ပြီးသည့် တောင်သူလယ်သမားဦးကြီးများအနေဖြင့် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများအချိန်မီရရှိရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများရယူလိုသော တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဘဏ်ခွဲများသို့ အမြန်ဆက်သွယ်ကြရန်လိုပါသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့်ပူးပေါင်းပြီး တောင်သူလယ်သမားများ စက်သုံးဆီအခက်အခဲ လျော့နည်းသက်သာစေရန်နှင့် ဈေးနှုန်းသက်သာစွာဖြင့် အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် ၂၀၂၅ - ၂၀၂၆ ခုနှစ် နွေစပါးနှင့် ဆီထွက်သီးနှံ ထွန်ယက်စိုက်ပျိုးရန်ကျန်ရှိသော ကျေးရွာများသို့ ပြည်တွင်းထုတ်ဒီဇယ်ဆီကို တစ်ဂါလန်လျှင် ကျပ် ၁၀၀၀၀ နှုန်း လက်ငင်းငွေချေစနစ်ဖြင့် လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ ၂၀၂၆ ခုနှစ် မိုးရာသီကာလသို့ ရောက်ရှိတော့မည်ဖြစ်၍ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအပြင် တောင်သူလယ်သမားများ မိုးရာသီစိုက်ပျိုးရေးလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စက်သုံးဆီများကို ဆက်လက်ဖြန့်ဖြူးရောင်းချပေးသွားမည်ဟု သိရသည်။

နိုင်ငံတော်အနေဖြင့် စားရေရိက္ခာဖူလုံစေရေး၊ ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရေး၊ ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်စေရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် လယ်ယာလုပ်ငန်းများ၌ လိုအပ်သည့်သွင်းအားစုများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၌ အရေးကြီးသည့်ကဏ္ဍဖြစ်သော လယ်ယာလုပ်ငန်းသုံးစက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရေးနှင့် ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများ သတ်မှတ်ချိန်အမီ ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာသုံးစက်ကိရိယာများ အချိန်မီဝယ်ယူနိုင်ရေး၊ လယ်ယာလုပ်ငန်းသုံး ပြည်တွင်းထုတ်ဒီဇယ်ဆီများကို တစ်ဂါလန်လျှင် ကျပ် ၁၀၀၀၀ နှုန်းဖြင့် တောင်သူဦးကြီးများ၏ လုပ်ငန်းခွင်အရောက် တိုက်ရိုက်ဖြန့်ဖြူးရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နွေစပါးမြေပြုပြင်ရန် ကျန်ရှိနေသော လယ်ယာ ၄၆၈၈၇ ဧကအတွက် အသုံးပြုရန်လိုအပ်သည့်ဒီဇယ်ဆီကို တောင်သူလယ်သမားဦးကြီးများထံသို့ လက်ဝယ်အရောက် အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ မိုးစပါးစိုက်ဧက ၁၅ သန်းအတွက် လိုအပ်သည့်စက်သုံးဆီများကိုလည်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက တောင်သူဦးကြီးများထံသို့ ဖြန့်ဖြူးပေးနိုင်ရေးကို ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာရှိ နွေစပါးစိုက်ဧက ၁၅ သန်းအတွက် အချိန်မီဖြန့်ဖြူးပေးနိုင်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်သော်လည်း ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

သို့ဖြစ်ရာ နိုင်ငံတော်က ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေး၊ တောင်သူလယ်သမားများ ဘဝမြှင့်တင်ရေးကို အလေးထားဆောင်ရွက်ပေးလျက်ရှိသည်။ ယခု မိုးရာသီစိုက်ပျိုးရေးကာလတွင် တောင်သူဦးကြီးများ အချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများလိုအပ်သည်တို့ကို နိုင်ငံတော်က ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ကျေဦးကြီးများက စိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီထုတ်ယူနိုင်ကြရန်နှင့် လယ်ယာလုပ်ငန်းသုံး စက်မောင်းဆီများကို လိုအပ်သောအချိန်တွင် လိုအပ်သည့်ပမာဏအတိုင်း ဝယ်ယူရရှိနိုင်ရေးအအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက စီစဉ်ထားပြီးဖြစ်၍ အဆင်ပြေလွယ်ကူစွာ ဝယ်ယူနိုင်ကြစေရန် အသိပေးနှိုးဆော်အပ်ပါကြောင်း။       ။

Newspaper - 3516 items

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download