မုန့်ဖုတ်နည်းအခြေခံသင်တန်း အမှတ်စဉ်(၁၁)သင်တန်းတွင် နိုင်ငံတကာမုန့်ဖုတ်နည်းအမျိုးအစား ၄၈ မျိုးကို သင်ကြားပို့ချပေးသွားမည်
မုန့်ဖုတ်နည်းအခြေခံသင်တန်း အမှတ်စဉ်(၁၁)သင်တန်းတွင် နိုင်ငံတကာမုန့်ဖုတ်နည်းအမျိုးအစား ၄၈ မျိုးကို သင်ကြားပို့ချပေးသွားမည်
Ministry of Hotel & Tourism/ နေပြည်တော် / November 06, 2024

နေပြည်တော် နိုဝင်ဘာ ၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ဒုတိယမြောက် စီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် The Establishment of Bakery & Pastry Training စီမံကိန်း၏ မုန့်ဖုတ်နည်း ဆရာဖြစ်သင်တန်းအမှတ်စဉ်(၅)သင်တန်းဆင်းပွဲနှင့် မုန့်ဖုတ်နည်း အခြေခံသင်တန်းအမှတ်စဉ် (၁၁) သင်တန်းဖွင့်ပွဲခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန(CTD)၌ ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုသင်တန်းများကို အာဆီယံစံနှုန်းများနှင့်အညီဖွင့်လှစ်ပို့ချပေး ခြင်းဖြစ်ပြီး နိုင်ငံတကာမုန့်ဖုတ်နည်း အမျိုးအစား ၄၈ မျိုးကိုသင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ ဖွင့်လှစ်ပို့ချပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု ကဏ္ဍအတွင်းရှိ လုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မား လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ခရီးသွားဧည့်သည်များအား ကောင်းမွန်သော ဝန်ဆောင်မှုများပေး နိုင်ရန်အတွက် ကျွမ်းကျင်အဆင့်ဝန်ထမ်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မုန့်ဖုတ်နည်းဆရာဖြစ်သင်တန်း အမှတ်စဉ် (၅) သင်တန်းသားများကို သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်းပို့ချနေမှု များနှင့် လက်တွေ့မုန့်ဖုတ်နေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။
သတင်းစဉ်
Source From: Kyemom
Newspaper - 3297 items

၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက် ၊ စက်တင်ဘာ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 26, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၄ ရက် ၊ စက်တင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၃ ရက် ၊ စက်တင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၂ ရက် ၊ စက်တင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 23, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁ ရက် ၊ စက်တင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလကွယ်နေ့ ၊ စက်တင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ September 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၄ ရက်၊ စက်တင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၃ ရက်၊ စက်တင်ဘာ ၁၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 19, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၂ ရက်၊ စက်တင်ဘာ ၁၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 18, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 17, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download