မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဖြစ်မနေ အောင်မြင်ရမည်
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မဖြစ်မနေ အောင်မြင်ရမည်
Ministry of Information/ Naypyitaw / January 25, 2026
မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့်ပတ်သက်၍ အစိုးရအဆက်ဆက်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ကြသည်။ သို့ရာတွင် ဘိန်းစိုက်ပျိုးမှုနှင့် ဘိန်းဖြူထုတ်လုပ်မှု၊ ဓာတုပစ္စည်းများကိုအခြေခံ၍ ထုတ်လုပ်သည့် စိတ်ကြွရူးသွပ်ဆေးများထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှု၊ မူးယစ်ဆေးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများ နယ်စပ်ဖြတ်ကျော်သယ်ဆောင်ရောင်းဝယ်မှုများ အများအပြားရှိနေခြင်းနှင့် နှစ်နိုင်ငံနယ်စပ်ဒေသများ ထိစပ်နေသည့် နယ်နိမိတ်မျဉ်းကြောင်းများတစ်လျှောက် အလုံးစုံမထိန်းချုပ်နိုင်သေးခြင်းတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် စိန်ခေါ်မှုများပင်ဖြစ်သည်။
တစ်ဖက်တွင်လည်း တိုင်းရင်းသားအမည်ခံ လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့အစည်း အများအပြားရှိနေပြီး မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းနှင့် သယ်ဆောင်ရောင်းဝယ်ခြင်းတို့က ၎င်းတို့၏ အဓိကဝင်ငွေရလမ်းများထဲတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ရာ ၎င်းအဖွဲ့အစည်းများ စိုးမိုးလှုပ်ရှားသည့် နယ်မြေများတွင် ၎င်းတို့နှင့်ပတ်သက်နေသည့် ဘိန်းစိုက်ပျိုးမှု၊ ဘိန်းဖြူထုတ်လုပ်မှုနှင့် စိတ်ကြွရူးသွပ်ဆေးထုတ်လုပ်မှုများမှာ မည်သို့မည်မျှ နှိမ်နင်းတိုက်ဖျက်စေကာမူ ပပျောက်မသွားခြင်းဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံတည်ရှိနေသည့် ပထဝီအနေအထားအရ အစပျိုးဓာတုပစ္စည်းထုတ်လုပ်သည့် နိုင်ငံများနှင့် ဆက်စပ်တည်ရှိနေခြင်း၊ တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှမူးယစ်ဆေးဝါးဈေးကွက်များသို့ အလွယ်တကူပို့ဆောင်ရောင်းဝယ်နိုင်ခြင်းစသည့် အချက်များကလည်း မြန်မာနိုင်ငံကို မူးယစ်ဆေးဝါးအမြောက်အမြားထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာစေသည့် အချက်များပင်ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့လာခြင်းနှင့် ၂၀၂၁ ခုနှစ်တွင် နိုင်ငံရေးအပြောင်းအလဲကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသည့် ပြည်တွင်းဒေသ အများအပြားမတည်မငြိမ်မှုများကို အခွင့်ကောင်းယူကာ တိုင်းရင်းသားအမည်ခံထားသည့် လက်နက်ကိုင်သောင်းကျန်းသူများ ထိန်းချုပ်သည့်နယ်များတွင် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားမှုလုပ်ငန်းများ၊ ဓာတုပစ္စည်းများကိုအခြေခံသည့် မူးယစ်ဆေးချက်လုပ်သည့်လုပ်ငန်းများ အဆမတန်ကြီးထွားလာသည်။ ယင်းလုပ်ငန်း နှစ်ခုစလုံးသည် ကမ္ဘာတစ်ဝန်းရှိလူများကို ထိခိုက်နစ်နာဆုံးရှုံးစေပြီး အန္တရာယ်ဖြစ်စေသည့်အလျောက် ကမ္ဘာ့နိုင်ငံအားလုံးက မလိုလားကြသည့် ဒုစရိုက်လုပ်ငန်းများဖြစ်ရာ မြန်မာနိုင်ငံအဖို့ လည်း ဂုဏ်သိက္ခာထိခိုက်စရာပင်ဖြစ်သည်။
တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၉ ရက်၊ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အတွင်းမှ မူးယစ်ဆေးချက်လုပ်သည့် နေရာသုံးနေရာတို့ကို ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ရာ သမိုင်းတစ်လျှောက် ပမာဏအများဆုံး သိမ်းဆည်းရမိမှုဖြစ်သကဲ့သို့ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ပင်ရင်းနေရာများ ပင်ဖြစ်သည်ကိုတွေ့ရသည်။ ထို့အပြင် တွေ့ရှိရသော အထောက်အထားများအရ ၂၀၂၅ ခုနှစ်အတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ၏ သုံးပုံတစ်ပုံမှာ ၎င်းနေရာမှထုတ်လုပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။
ဆက်လက်၍ လေကြောင်းကင်းထောက်ခြင်းနှင့် မြေပြင် သတင်းစုံစမ်းဖော်ထုတ်ခြင်းတို့အရ မူးယစ်ဆေးထုတ်လုပ်သည်ဟု မသင်္ကာဖွယ်နေရာ ၁၄ နေရာကို ထပ်မံဖော်ထုတ်တွေ့ရှိခဲ့သည်။ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သည် ဇန်နဝါရီလ ၁၀ ရက်မှ ၂၄ ရက်အထိ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာ ၁၂ နေရာတို့ကို ဖော်ထုတ်ရှင်းလင်းခဲ့ရာ ပစ္စည်းပမာဏ၊ ငွေတန်ဖိုးပမာဏအားဖြင့် လွန်စွာကြီးမားများပြားလှသည့်အပြင် မူးယစ်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်ရန်အတွက် စက်ပစ္စည်းများ တိုးချဲ့တပ်ဆင်နေကြသည်ကိုလည်းတွေ့ရှိရသည်။ မူးယစ်ဆေးဝါးပမာဏ အမြောက်အမြားထုတ်လုပ်မှုမှာ SSA အဖွဲ့ လှုပ်ရှားစိုးမိုးနယ်မြေအတွင်းဖြစ်ပြီး ၎င်းအဖွဲ့၏ ပါဝင်ပတ်သက်မှုများကိုလည်း တွေ့ရှိထားသည်။
နိုင်ငံတော်အစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် လုံးဝသည်းမခံသောမူ (Zero Tolerance) ကို ကျင့်သုံးသွားမည်ဖြစ်ပြီး မဖြစ်မနေအောင်မြင်မှုရသည်အထိ တိုက်ဖျက်ချေမှုန်းသွားမည်ဖြစ်ရာ ပြည်သူများကလည်း မူးယစ်ဆေးဝါး ထုတ်လုပ်သိုလှောင်သယ်ဆောင်ရောင်းဝယ်မှုများနှင့်ပတ်သက်၍ တွေ့မြင်ကြားသိသတင်းများကို သက်ဆိုင်ရာသို့ အချိန်မီပေးပို့ ကူညီခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။
Newspaper - 3460 items
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 28, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
