မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနား


Office of the Auditor General of the Union/ NPT / February 13, 2025


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများ၏ (၃) နှစ်အောက် ရင်သွေးငယ်များအား လုပ်ငန်းခွင် မပျက်၊ ရင်သွေးနှင့်မိဘ အလှမ်းမဝေးစေရန် ရည်ရွယ်၍ နေ့ကလေးထိန်းကျောင်း ဖွင့်လှစ်ပေး ခဲ့သည်မှာ ယနေ့တွင် (၂) နှစ် ပြည့်မြောက်ပြီဖြစ်ပါကြောင်း၊ နေ့ကလေးထိန်းကျောင်းကို ပြည်ထောင်စုစာရင်းစစ်ချုပ် (ငြိမ်း)ဆရာကြီး ဦးတင်ဦး၏လမ်းညွှန်မှု၊ အစဉ်အဆက်တာဝန်ယူခဲ့သော ရုံးအကြီးအကဲများ၊ ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ပံ့ပိုးကူညီမှုတို့ဖြင့် ယနေ့တိုင် တည်ရှိအောင်မြင်နေခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် မိမိတို့ရုံးအနေဖြင့် (Cooperate Social Responsibility - CSR) ကို ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်ပါကြောင်း၊ လက်ရှိတွင် နေ့ကလေးထိန်းကျောင်း၌ ရင်သွေးငယ် (၁၃) ဦးရှိပြီး ဆရာမ (၃) ဦးဖြင့် ပြုစုစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ ဆရာမများကို လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ဖွင့်လှစ်သည့် ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းဆိုင်ရာသင်တန်းများသို့လည်း စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ရင်သွေးငယ်များ လိမ္မာရေးခြားရှိစေရေး၊ စည်းကမ်းတကျနေထိုင်တတ်စေရေးတို့အတွက် စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည့်အပြင် နေ့စဉ်အာဟာရကျွေးမွေးမှုအစီအစဉ်ကိုလည်း ‌ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့ အခမ်း အနားတွင် လက်ရှိတက်ရောက်လျက်ရှိသည့် ကလေးငယ်များအပြင် ယခင်တက်ရောက်ခဲ့သည့် ကျောင်းသား ဟောင်းကလေးငယ်များနှင့် ဆရာမများကိုလည်း မေတ္တာလက်ဆောင်နှင့် ပညာသင်ထောက်ပံ့ကြေးများ ချီးမြှင့်ပေးသွားမည်ဖြစ်ပါ‌ကြောင်း၊ ဆက်လက်၍လည်း မေတ္တာဥယျာဉ် နေ့ကလေးထိန်းကျောင်း တည်တံ့ခိုင်မြဲစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း ဥက္ကဋ္ဌ စီမံရေးရာဉီးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းနိုင်က နေ့ကလေးထိန်းကျောင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် မေတ္တာဥယျာဉ်နေ့ကလေးထိန်းကျောင်း ရင်သွေးငယ်များမှ တေးသီချင်းများဖြင့် ကပြ ဖျော်ဖြေခြင်း၊ ကစားနည်းများယှဉ်ပြိုင်ခြင်းများကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့ကြသည်။

ထို့နောက် ပြည်‌ထောင်စုစာရင်းစစ်ချုပ်က ရင်သွေးငယ်များအား မေတ္တာလက်ဆောင် ပေးအပ်ခြင်း၊ ဒုတိယစာရင်းစစ်ချုပ်က ကျောင်းသားဟောင်းကလေးငယ်များအား ပညာသင်ထောက်ပံ့ပေးကြေး ပေးအပ်ခြင်းနှင့် အမြဲတမ်းအတွင်းဝန်က နေ့ကလေးထိန်းကျောင်းဆရာမများအား မေတ္တာလက်ဆောင်ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေ့ကလေးထိန်း ကျောင်းကြီးကြပ်ရေးကော်မတီနှင့် တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

Newspaper - 3076 items

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက်၊ ဖေဖော်ဝါရီ ၁၃ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁၂ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက် ၊အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက် ၊တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၉ ရက် ၊တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၈ ရက် ၊စနေနေ့။


Publisher: မြန်မာ့အလင်း/ February 08, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၇ ရက် ၊သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 07, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၆ ရက် ၊ကြာသာပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၅ ရက် ၊ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download