မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / September 16, 2024
နေပြည်တော် စက်တင်ဘာ ၁၅
မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း တတိယအကြိမ် ဗဟိုကောင်စီအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံဆေးကောင်စီနာယက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နာယကအဖွဲ့ဝင်များ၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ပါမောက္ခဒေါက်တာခင်မောင်အေးနှင့် ကောင်စီဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ မွေးထုတ်ပေးသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ၏ (Professional Ethics) ကျင့်ဝတ်ပိုင်းဆိုင်ရာများကို သက်ဆိုင်ရာကောင်စီများက ထိန်းကျောင်းပေးရန်အရေးကြီးကြောင်း၊ ကုသရေးအပိုင်းတွင် နိုင်ငံတော်၏မူဝါဒဖြစ်သည့် “ဆေးရုံတိုင်း တွင်ဆရာဝန်ရှိရမည်” ဆိုသည့်မူဝါဒအတိုင်း ဆရာဝန်များ ဖြည့်ဆည်းခြင်း၊ ဆေးရုံများ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းများ ဖြည့်ဆည်းခန့်အပ်ခြင်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ဆိုင်ရာစက်ကိရိယာများ အဆင့်မြှင့်တင်ဖြည့်ဆည်းခြင်း၊ ဆေးဝါးများအလုံအလောက် ဝယ်ယူဖြည့်တင်းပေးခြင်းဖြင့် ပြည်သူများစိတ်ချမ်းသာစွာ ဆေးကုသမှုခံယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွင်လည်း ရောဂါကာကွယ်နှိမ်နင်းရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်ခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ခြင်းလုပ်ငန်းများကို online စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါ မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်းသည် ယခုနှစ်ကုန်ပိုင်းတွင် ကုန်ဆုံးမည်ဖြစ်သဖြင့် တတိယလေးနှစ်သက်တမ်းအတွက် ကောင်စီဝင်များ ရွေးချယ်တင်မြှောက်ရန်ရှိသဖြင့် မြန်မာနိုင်ငံဆေးကောင်စီသက်တမ်းအသစ်အတွက် ရွေးချယ်ရာတွင် မြန်မာနိုင်ငံဆေးကောင်စီအတွက် ကောင်းမွန်သော လက်ဆင့်ကမ်းမှုဖြစ်ရန်အတွက် တိုင်ပင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌက မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့် ဆရာဝန်မှတ်ပုံတင်ခြင်း၊ ဆေးကုသခွင့်လိုင်စင်များသက်တမ်းတိုးခြင်း၊ အထူးဆေးကုသခွင့်လိုင်စင်ခွင့်ပြုခြင်း၊ ယာယီသိမ်းဆည်းထားသည့် ဆေးကုသခွင့်လိုင်စင်များ ပြန်လည်ထုတ်ပေးနေမှုအခြေအနေများ၊ Continuing Professional Development for Medical Doctors နှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေနှင့် Medical School Accreditation ဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း၊ ကောင်စီဝင် ဒေါက်တာရဲမြက စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေးနှင့်ပတ်သက်၍ စီစဉ်ထားရှိမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာနမှူးများ၊ ကောင်စီဝင်များက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆေးကောင်စီက အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွက် ငွေကျပ်သိန်း ၁၅၀ နှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေ ကျပ်သိန်း ၁၅၀ စုစုပေါင်း သိန်း ၃၀၀ ကိုလည်းကောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီက အမျိုးသားသဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအတွက် ငွေကျပ် ၂၅ သိန်းနှင့် ရေဘေးသင့်ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ်သိန်း ၅၀ စုစုပေါင်း ၇၅ သိန်းကို လည်းကောင်း၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်က ရေဘေးသင့် ကျန်းမာရေးဝန်ထမ်းများအတွက် အလှူငွေကျပ် ၈၆ သိန်း လေးသောင်းကိုလည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး မှတ်တမ်းတင်ဂုဏ်ပြုလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
Newspaper - 3533 items
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၃ ရက် ၊ မေ ၁၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 16, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
