မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀)မြောက် ဆေးပညာညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀)မြောက် ဆေးပညာညီလာခံဖွင့်ပွဲအခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / February 27, 2026
ရန်ကုန် ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀) မြောက် ဆေးပညာညီလာခံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည်။
ညီလာခံဖွင့်ပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေး တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ / ဌာနမှူးများ၊ အာဆီယံနိုင်ငံများနှင့် ပြည်တွင်း ပြည်ပမှ ဆေးပညာအထူးကုဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံဆေးကောင်စီ၊ မြန်မာနိုင်ငံဆေးပညာရှင်များအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်
ဖွင့်ပွဲတွင် ပြည်ထောင်စု ဝန်ကြီးက ယနေ့ညီလာခံကို “Empowering Physicians for Tomorrow’s Challenges” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး နှစ် (၅၀) ခန့် သက်တမ်းရှိ မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အကြိမ် (၂၀) မြောက် ဆေးပညာညီလာခံဖြစ်သည့်အတွက် အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံအများအပြား၌ ကူးစက်တတ်သောရောဂါများ၊ မကူးစက်တတ်သော နာတာရှည်ရောဂါများ၊ ပိုးသတ်ဆေးယဉ်ပါးမှုများ၊ မျှော်မှန်းလူ့သက်တမ်းမြင့်မားလာပြီး သက်ကြီးရွယ်အိုလူဦးရေများပြားလာခြင်း၊ မြို့ပြဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် လူနေမှုဘဝပုံစံများ ပြောင်းလဲလာခြင်းများကြောင့် ဆေးပညာလောကတွင် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံမှ ဆေးပညာရှင်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် နိုင်ငံတကာပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ခေတ်မီဆေးကုသမှုနှင့် ရောဂါရှာဖွေရေးနည်းပညာများကို အသုံးချနိုင်အောင် ကြိုးပမ်းလေ့လာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုးတက်ပြောင်းလဲလာသည့် ခေတ်စနစ်၊ နည်းပညာများနှင့်အညီ Telemedicine၊ အီလက်ထရောနစ်ကျန်းမာရေး စောင့်ရှောက်မှုမှတ်တမ်း (Elect-ronic Health record) နှင့် AI နည်းပညာများ၊ Evidence Based Medicine များကို အသုံးချပြီး လူနာများအား ကုသမှုအရည်အသွေးများ မြှင့်တင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပြည်သူများ လက်လှမ်းမီနိုင်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများအား အဆင့်မြှင့်တင်ခြင်း၊ ဆေးကုသဆောင်များ တိုးချဲ့တည်ဆောက်ခြင်း၊ အဆင့်မြင့်ရောဂါရှာဖွေရေးလုပ်ငန်းများအတွက် ခေတ်မီစက်ကိရိယာများ တိုးမြှင့်တပ်ဆင်ဆောင်ရွက်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများ စဉ်ဆက်မပြတ် ဖြည့်ဆည်းပေးခြင်းတို့ကို နိုင်ငံတော်မှ ရန်ပုံငွေအမြောက်အမြားအသုံးပြု၍ အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၌ လေ့ကျင့်သင်ကြားပေးခြင်းအပါအဝင် နိုင်ငံတကာသို့ ပညာတော်သင်များ စေလွှတ်ခြင်း၊ Hand On Training များ စေလွှတ်ခြင်း၊ ပညာရပ်ဆိုင်ရာနှင့် အထူးပြုဘာသာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများနှင့် ညီလာခံများသို့ မျိုးဆက်သစ်ဆေးပညာရှင်များအား မူဝါဒချမှတ်စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသော မျိုးဆက်သစ်ဆေးပညာရှင်များ ပေါ်ထွန်းလာစေရေးနှင့် တိုးတက်ပြောင်းလဲလာသော ဆေးပညာရပ်များကို လေ့လာသင်ယူနိုင်စေရေးအတွက် ဆေးပညာသင်ရိုးညွှန်တမ်းများ ပြင်ဆင်ရေးဆွဲခြင်း၊ အထူးပြုဘာသာရပ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ မွေးထုတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆေးပညာဘာသာရပ်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များ ပေါ်ထွက်လာရေး လေ့ကျင့်သင်ကြားပေးရာတွင် မြန်မာနိုင်ငံဆေးပညာအဖွဲ့၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ မျိုးဆက်သစ်ဆေးပညာရှင် လူငယ်များကလည်း ဆေးပညာကျင့်ဝတ်နှင့်အညီ ပြည်သူများကို ကုသမှုပေးရမည်ဖြစ်ပါကြောင်း၊ ယခုညီလာခံ၌ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်စသည့် အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံများမှ ဆေးပညာရှင်များ တက်ရောက်၍ ၎င်းတို့၏အတွေ့အကြုံ၊ ဗဟုသုတများ၊ ပြောင်းလဲလာသည့် ဆေးကုသမှုလုပ်ငန်းစဉ်များကို အပြန်အလှန်မျှဝေကြမည်ဟု သိရသည့်အတွက် အကျိုးရှိသောညီလာခံတစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆေးပညာရပ်ဆိုင်ရာ ဖွံဖြိုးတိုးတက်မှုနှင့် မျိုးဆက်သစ်ဆေးပညာရှင်များအတွက် အတွေ့အကြုံကောင်းများ ရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးပညာရှင်များအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာအေးအေးချစ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
စာတမ်းဖတ်ကြားမည်
အဆိုပါညီလာခံကို ဖေဖော်ဝါရီ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပမှဆေးပညာရှင် ၆၃၅ ဦး တက်ရောက်ကြကာ နိုင်ငံတကာဆေးပညာရှင် ၁၉ ဦးက စာတမ်းဖတ်ကြားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ဆေးပညာရှင်များနှင့် ပူးပေါင်း၍ နိုင်ငံတကာမှ ဆေးပညာရှင်များက ဆေးပညာရပ်ဆိုင်ရာဗဟုသုတများ၊ ကုသမှုအတွေ့အကြုံများ၊ ဆေးကုသမှုနည်းလမ်းများ မျှဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3454 items
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၄ ရက် ၊ ဖေဖော်ဝါရီ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
