မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) ၏ ရွှေရတုသဘင်နှင့် (၁၆) ကြိမ်မြောက် ညီလာခံဖွင့်ပွဲကျင်းပ
မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) ၏ ရွှေရတုသဘင်နှင့် (၁၆) ကြိမ်မြောက် ညီလာခံဖွင့်ပွဲကျင်းပ
Ministry of Information/ Naypyitaw / January 26, 2025
နေပြည်တော် ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) ၏ ရွှေရတုသဘင်နှင့် (၁၆) ကြိမ်မြောက် ညီလာခံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အင်းယားလိပ်ဟိုတယ်ဝင်း Yangon Convention Center (YCC) ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒုတိယပါမောက္ခချုပ်များ၊ စာတမ်းဖတ်ပွဲသဘာပတိနှင့် အမှတ်ပေး ဒိုင်များ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များ အသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိရစ္ဆာန် ဆေးကုဆရာဝန်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ တိရစ္ဆာန်ဆေးကု ဆရာဝန် BVS ၊ BVSc ၅၆၇၂ ဦး၊ DVM ၁၀၈ ဦး စုစုပေါင်း ၅၇၈၀ အား မွေးထုတ်ပေးခဲ့ပြီး မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်အသင်း ရာသက်ပန်အသင်းဝင် ၉၂၅ ဦး၊ ရိုးရိုး (သာမန်) အသင်းဝင် ၃၁၄၄ ဦးရှိသည့်အတွက် အသင်းဝင်တိရစ္ဆာန်ဆေးကုဆရာဝန် စုစုပေါင်း ၄၀၆၉ ဦးရှိလာပြီဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့်လည်း အသင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) နှစ် (၅၀) ပြည့် ရွှေရတုအခမ်းအနားသို့ အာရှတိရစ္ဆာန် ဆေးကုဆရာဝန်များအသင်းချုပ်ဥက္ကဋ္ဌ Dr. Juhung Hur ထံမှပေးပို့သော ဂုဏ်ပြုအမှာစကား Video Clip ကိုပြသပြီး မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (ဗဟို) ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၁၉၇၄ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ လှုပ်ရှားဆောင်ရွက်ခဲ့မှုမှတ်တမ်း Video ၊ ပြခန်းများနှင့် သုတေသနပြုလုပ်ငန်းများကို ကြည့်ရှုကြသည်။
ယမန်နေ့ကလည်း ဒုတိယဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မန္တလေးတိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း၌ နိုင်ငံတကာအသိအမှတ်ပြု အရည်အသွေးစီမံခန့်ခွဲမှု ISO- 17025:2017 လက်မှတ်ရရှိရန် ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ကြို့ကုန်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရန်ကုန်တိရစ္ဆာန် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၌ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အထောက်ကူဖြစ်စေရန် အစားအစာ ဘေးကင်းလုံခြုံရေးအတွက် တင်သွင်း၊ တင်ပို့မည့်တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်ရရှိရန် (ISO/IEC 17025:2017) ဆောင်ရွက်နေမှု၊ တစ်သျှူးဗေဒဌာနစိတ်၊ ဗက်တီးရီးယားဗေဒဌာနစိတ်၊ ကပ်ပါးပိုးဗေဒဌာနစိတ်နှင့် ဇီဝဓာတုဗေဒဌာနစိတ်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper - 3525 items
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 14, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
