မြန်မာနိုင်ငံတွင် ပြင်းထန်စွာငလျင်လှုပ်ခတ်ခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြား


Ministry of Information/ Naypyitaw / April 12, 2025
image_latest


နေပြည်တော် ဧပြီ ၁၂

မြန်မာနိုင်ငံတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်ဆီးမှုများဖြစ်ပေါ်ခဲ့မှုများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးသံတမန် Gurudev Sri Sri Ravi Shankar နှင့် ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

ထိုသို့ပြောကြားရာတွင် Gurudev Sri Sri Ravi Shankar က မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရမှုများအပေါ် မိမိအနေဖြင့် မြန်မာနိုင်ငံသားများနှင့်ထပ်တူဝမ်းနည်းရပါကြောင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း နိုင်ငံတကာမှအကူအညီများရရှိနေသည်ဟု သိရှိရပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုကဲ့သို့ မိမိတို့နိုင်ငံတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ဆက်သွယ်မေးမြန်းပြောကြားသည့် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ မန္တလေးငလျင်ကြီးဖြစ်ပွားခဲ့ပြီးချိန်၌ နိုင်ငံတကာမှလည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း လာရောက်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ Gurudev Sri Sri Ravi Shankar အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

Newspaper - 3134 items

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလပြည့်နေ့၊ ဧပြီ ၁၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁၄ ရက်၊ ဧပြီ ၁၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၁ ရက်၊ မတ် ၂၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၂ ရက်၊ မတ် ၃၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၃ ရက်၊ မတ် ၃၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၄ ရက်၊ ဧပြီ ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၅ ရက်၊ ဧပြီ ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၆ ရက်၊ ဧပြီ ၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၇ ရက်၊ ဧပြီ ၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တ‌န်ခူးလဆန်း ၈ ရက်၊ ဧပြီ ၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download