မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ၁၇ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း
မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ၁၇ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း
Office of the Auditor General of the Union/ NPT / December 27, 2024
မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ ၁၇ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း ၊ နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး က Video Message ပေးပို့၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာ နိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းကို ၂၀၀၄ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ရာ ယခုဆိုလျှင် ၂၀နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အသင်းအနေဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာစာရင်းပညာရပ်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် ကိုယ်ကျင့်တရားနှင့်စီမံအုပ်ချုပ်မှုဆိုင်ရာစံများကို လိုက်နာမှု ပိုမိုအားကောင်းစေရန် စဉ်ဆက်မပြတ် လေ့လာသင်ယူမှု အစီအစဉ် (Continuous Professional Development – CPD Programme) ကို ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထပ်မံပြဋ္ဌာန်းထားသည့် စာရင်းပညာဆိုင်ရာ နိုင်ငံတကာစံများနှင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို သိရှိနားလည် ပြီး လိုက်နာမှုအားကောင်းလာစေရေးအတွက် ယင်းတို့နှင့်စပ်လျဉ်းသည့်အသိပညာပေးဟောပြောပွဲများကိုလည်း ပိုမိုကျယ်ပြန့်စွာ ကျင်းပပြုလုပ်ရန် လိုအပ်ပါကြောင်း၊ အသင်းသားများအနေဖြင့်လည်း မိမိတို့၏ ပညာရပ်ဆိုင်ရာအရည်အချင်းများ ပိုမိုပြည့်ဝလာစေရေး CPD Programme များတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ကြရန်နှင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အသင်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီတို့မှ သတ်မှတ်ထုတ်ပြန်သည့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ၊ ကျင့်ဝတ်သိက္ခာဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်ကြပြီး အသင်းကြီး ခိုင်မာအားကောင်းစွာ ရေရှည်တည်တံ့နိုင်ရေးအတွက် စာရင်းပညာရှင်များပီပီ ကျရာအခန်းကဏ္ဍများမှ တက်ကြွစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသဘာပတိ ဦးကျော်ညွန့်က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဝမ်းတင်က အမှာစကားပြောကြားသည်။ ယင်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြအတည်ပြုခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်ခြင်းများကို အတည်ပြုချက်ရယူခြင်းများအား အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး အစည်းအဝေးသဘာပတိ ဦးသိန်းမြင့် က နိဂုံးချုပ်အမှာ စကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များ စုစုပေါင်း ( ၂၅၀ )ဦး တက်ရောက်ခဲ့ကြသည်။
Newspaper - 3026 items
၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၃ ရက်၊ ဒီဇင်ဘာ ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 28, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၂ ရက်၊ ဒီဇင်ဘာ ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်၊ ဒီဇင်ဘာ ၂၆ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 26, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၀ ရက်၊ ဒီဇင်ဘာ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 25, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 24, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 23, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက်၊ ဒီဇင်ဘာ ၁၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 19, 2024
Publication Date: 2024
Page: 32
Language: မြန်မာ
Download