မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးကျင်းပခြင်း


Office of the Auditor General of the Union/ NPT / November 28, 2025


မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ ၁၈ ကြိမ်မြောက် နှစ်ပတ် လည်အထွေထွေအစည်းအဝေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့၊ အဆင့်မြင့် စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ၊ နဝဒေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက Video Message ပေးပို့၍ နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ အရ ၂၀၁၅ ခုနှစ်တွင် စာရင်းပညာဆိုင်ရာအမျိုးသားအဆင့် အဖွဲ့အစည်းအဖြစ် သတ်မှတ် ခဲ့ပြီး သီးခြားလွတ်လပ်သော မြန်မာနိုင်ငံ၏ စာရင်းပညာရှင်အဖွဲ့အစည်းအနေဖြင့် ရပ်တည် လျက်ရှိပါကြောင်း၊ စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး၊ အသက်မွေးဝမ်းကျောင်းပညာရပ်၊ ကိုယ်ကျင့်တရားနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာစံများ၊ လိုက်နာမှုပိုမိုအားကောင်းစေရေးနှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ လိုက်နာကျင့်သုံးစေရေးတို့အတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူမှုအစီအစဉ်များ အမြဲမပြတ်ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို သိရှိနားလည်ပြီး လိုက်နာမှုအားကောင်းစေရေးအတွက်လည်း အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အသင်းအနေဖြင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အသင်းသားများအနေဖြင့် မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေပါပြဋ္ဌာန်းချက်များ၊ အသင်းနှင့်ကောင်စီတို့မှ ထုတ်ပြန်ထားသည့် လုပ်ငန်းနှင့်ကျင့်ဝတ်သိက္ခာဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ၍ ပညာရပ် ဆိုင်ရာအရည်အချင်းများ ပိုမိုပြည့်ဝစေရေးနှင့် အသင်းကြီးခိုင်မာအားကောင်းစွာ‌ ရေရှည်တည်တံ့နိုင်ရေးနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသင်းသား အားလုံးတို့က ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသဘာပတိ ဦးသိန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဝမ်းတင် က အမှာစကား ပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများ၊ စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြား တင်ပြအတည်ပြုခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်ခြင်းများကို အတည်ပြုချက်ရယူခြင်း၊ ဘုတ်အဖွဲ့ဝင်များအလှည့်ကျနုတ်ထွက်ခြင်းနှင့် ရွေးချယ်တင်မြှောက် ခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ကြပြီး အစည်းအဝေးသဘာပတိ ဦးသိန်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ နာယက များ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်အသင်းဝင်များ တက်ရောက် ခဲ့ကြသည်။

Newspaper - 3363 items

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 28, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 27, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ November 24, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 23, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ November 20, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ November 19, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download